-->
×

Warning

JUser: :_load: Unable to load user with ID: 29


တစ်ချက်ခုတ် သုံးချက်ပြတ် Burger king သရဖူဦးထုပ်ကြီး

COVID-19 ကြောင့် ပိတ်ပင်ထားတဲ့ စားသောက်ဆိုင်တွေ ပြန်ဖွင့်ခွင့်ရလို့ ဖွင်လှစ်ရောင်းချကြတဲ့အခါ burger king က စိတ်ညစ်နေကြတဲ့ စားသုံးသူတွေ စိတ်ရွှင်လန်းစေဖို့ မြင်သူတိုင်း ပြုံးချင်စရာ သရဖူ ဦီးထုပ်ကြီးတွေကို ပွဲထုတ်ခဲ့တယ်။


ဆိုင်မှာ လာဝယ်တဲ့သူတွေ ဦးထုပ် ဆောင်းထားတဲ့အခါ တစ်ဦးနဲ့ တစ်ဦး နီးနီးကပ်ကပ် မနေဖြစ်တော့တဲ့အပြင် social distance ခပ်ခွာခွာနေဖို့ ကိုလည်း သတိပေးပြီးသား ဖြစ်သွားပါတယ်။

 

တစ်ချက်ခုတ် နှစ်ချက်ပြတ်တဲ့ အစီအစဉ် ဖြစ်ပေနဲ့ တကယ့်လက်တွေ့မှာတော့ တစ်ချက် ခုတ် သုံးချက်ပြတ် သွားခဲ့ပါတယ်။ တစ်နည်းပြောရရင် ခဲတစ်လုံးနဲ့ ငှက် သုံးကောင်ကို ထိသွားခဲ့တယ်။

 

ဘာလို့လဲဆိုတော့ ဦီးထုပ်ကြီးတွေ ဆောင်းထားရင်း ပြုံးရွှင်ရယ်မောနေတဲ့ ပုံတွေကို ဆိုရှယ် မီဒီယာတွေမှာ တင်ကြလို့ ချက်ချင်း ပျံ့နှံ့ သွားပြီး ကြော်ငြာပြီးသား ဖြစ်သွားခဲ့ပါတယ်။ သတင်း ဖြစ်သွားပြီး မီဒီယာတွေမှာ ရေးသားဖော်ပြကြတာလည်း အမြတ်ထွက် ပါတယ်။

 

Burger king က ဒီလောက်နဲ့ မပြီးသေးဘူး။ ရောင်းနေကျ ဘာဂါအမျိုးအစားတွေထဲမှာ social distancing whopper ဆိုပြီး ဘာဂါတစ်မျိုး ထပ်တိုးတယ်။ ဘာထူးခြားသလဲဆိုတော့ ကြက်သွန်နီကို အရင်ကထက် ၃ ဆ ပိုထည့်ပေးထားပြီး ဘာဂါရဲ့ အပေါ်ခြမ်းနဲ့ အောက်ခြမ်းကို ခပ်ခွာခွာ ဖြစ်နေအောင် လုပ်ပေးထားတာ ဖြစ်ပါတယ်။

 

ဖြစ်ပေါ်နေတဲ့ အခြေအနေ အကြောင်းအရာတွေကို အကျိုးရှိရှိ ထိထိမိမိဖြင့် အဓိပ္ပာယ်ရှိရှိ လုပ်ပြသွားတဲ့ marketing campaign လို့ သုံးသပ်ကြပါတယ်။

 

<<< Zawgyi >>>

 

တစ္ခ်က္ခုတ္ သုံးခ်က္ျပတ္ Burger king သရဖူဦးထုပ္ႀကီး

-----------------------------------------------------------------------


COVID-19 ေၾကာင့္ ပိတ္ပင္ထားတဲ့ စားေသာက္ဆိုင္ေတြ ျပန္ဖြင့္ခြင့္ရလို႔ ဖြင္လွစ္ေရာင္းခ်ၾကတဲ့အခါ burger king က စိတ္ညစ္ေနၾကတဲ့ စားသုံးသူေတြ စိတ္႐ႊင္လန္းေစဖို႔ ျမင္သူတိုင္း ၿပဳံးခ်င္စရာ သရဖူ ဦီးထုပ္ႀကီးေတြကို ပြဲထုတ္ခဲ့တယ္။

 

ဆိုင္မွာ လာဝယ္တဲ့သူေတြ ဦးထုပ္ ေဆာင္းထားတဲ့အခါ တစ္ဦးနဲ႔ တစ္ဦး နီးနီးကပ္ကပ္ မေနျဖစ္ေတာ့တဲ့အျပင္ social distance ခပ္ခြာခြာေနဖို႔ ကိုလည္း သတိေပးၿပီးသား ျဖစ္သြားပါတယ္။

 

တစ္ခ်က္ခုတ္ ႏွစ္ခ်က္ျပတ္တဲ့ အစီအစဥ္ ျဖစ္ေပနဲ႔ တကယ့္လက္ေတြ႕မွာေတာ့ တစ္ခ်က္ ခုတ္ သုံးခ်က္ျပတ္ သြားခဲ့ပါတယ္။ တစ္နည္းေျပာရရင္ ခဲတစ္လုံးနဲ႔ ငွက္ သုံးေကာင္ကို ထိသြားခဲ့တယ္။

 

ဘာလို႔လဲဆိုေတာ့ ဦီးထုပ္ႀကီးေတြ ေဆာင္းထားရင္း ၿပဳံး႐ႊင္ရယ္ေမာေနတဲ့ ပုံေတြကို ဆိုရွယ္ မီဒီယာေတြမွာ တင္ၾကလို႔ ခ်က္ခ်င္း ပ်ံ႕ႏွံ႔ သြားၿပီး ေၾကာ္ျငာၿပီးသား ျဖစ္သြားခဲ့ပါတယ္။ သတင္း ျဖစ္သြားၿပီး မီဒီယာေတြမွာ ေရးသားေဖာ္ျပၾကတာလည္း အျမတ္ထြက္ ပါတယ္။

 

Burger king က ဒီေလာက္နဲ႔ မၿပီးေသးဘူး။ ေရာင္းေနက် ဘာဂါအမ်ိဳးအစားေတြထဲမွာ social distancing whopper ဆိုၿပီး ဘာဂါတစ္မ်ိဳး ထပ္တိုးတယ္။ ဘာထူးျခားသလဲဆိုေတာ့ ၾကက္သြန္နီကို အရင္ကထက္ ၃ ဆ ပိုထည့္ေပးထားၿပီး ဘာဂါရဲ႕ အေပၚျခမ္းနဲ႔ ေအာက္ျခမ္းကို ခပ္ခြာခြာ ျဖစ္ေနေအာင္ လုပ္ေပးထားတာ ျဖစ္ပါတယ္။

 

ျဖစ္ေပၚေနတဲ့ အေျခအေန အေၾကာင္းအရာေတြကို အက်ိဳးရွိရွိ ထိထိမိမိျဖင့္ အဓိပၸာယ္ရွိရွိ လုပ္ျပသြားတဲ့ marketing campaign လို႔ သုံးသပ္ၾကပါတယ္။

 

Ref : Designboom

Read times
Rate this item
(0 votes)