-->
×

Warning

JUser: :_load: Unable to load user with ID: 29


Burger King ရဲ့ Play Station 5 ပရိုမိုးရှင်း

Burger King ရဲ့ စျေးကွက် မြှင့်တင်ရေး ကောလဟာလ တွေက တကယ်အမှန်ဖြစ်လာခဲ့ပါပြီ။သည်အခါမှာတော့ Burger King က အများနဲ့ မတူ Sony နဲ့ ပူးပေါင်းပြီး Play Station 5 ကို၎င်းရဲ့ စားသုံးသူများအား ပရိုမိုးရှင်းအနေနဲ့ပေးမယ်သိရပါတယ်။

 

၎င်း အစီအစဉ်ကို ၂၀၂၀ အောက်တိုဘာလ ၁၅ ရက်နေ့ကနေ စတာ ဖြစ်ပြီး သူတို့ရဲ့ ပရိုမိုးရှင်းအစီအစဉ်က ဘယ်သူနဲ့ မှ မတူပါဘူး Burger King မှာ ၅ ဒေါ်လာအထက်ဝယ်မယ်ဆိုပါက ကူပွန်တွေပေးမှာဖြစ်ပြီး ၎င်း ကူပွန်က တစ်မူထူးခြားပါတယ်။

 

အဆိုပါ ကူပွန်နဲ့သာ ကံထူးတယ်ဆိုပါတော့ '' ၎င်း တို့ Burger King ဆိုင်မှ ဝန်ထမ်းတွေမှ သင့်ကို PS 5 တစ်လုံးလက်ဆောင်ပေးမှာပါ'' တဲ့ ။တကယ်တန်းမှာ BurgerKing မှ သူ့စားသုံးသူများကို ဆွဲဆောင်ဖို့ တစ်ဖက်လှည့်နည်းနဲ့ ခဲခြစ်ကံစမ်းမဲကို ပြုလုပ်မှာဖြစ်ပြီး အနိုင်ရရှိသူများက PlayStation 5 ကိုရရှိမှာပါ။

 

ဒါဟာ Burger King ကို သူ့ ပရိသတ်တွေက Support လုပ်စေတဲ့ စျေးကွက်မြှင့်တင်ရေး နည်းလမ်းသာ ဖြစ်ပြီး အကယ်၍သင်က မဲပေါက်ခဲ့တယ်ဆိုရင်တော့ နောက်ကြာမှ သင်ရမှာပါ ဘာလို့ဆို Burger King ကို လက်ရှိ PS 5 အလုံးရေ ၁၀၀၀ လောက် ပို့ဆောင်ထားပြီးသား အဆင်သင့် မရှိပါဘူးတဲ့ ။

 

ထိုသို့ခဲခြစ်ကူပွန်ရဖို့ သင့် အနေနဲ့ ပထမဦးစွာ Burger King ရဲ့ App ကို သင့်ဖုန်းထဲမှာ ဒေါင်းလုဒ်ဆွဲရပါမယ်။ပြီးနောက်သင်၅ ဒေါ်လာဖိုး ဝယ်ယူလို့ရထားတဲ့ ကူပွန်ကိုသင့်ဖုန်း App ထဲမှာ ရိုက်ထည့်ရမှာပါ။Burger King မှ အမဲသားတုံကင် ဟမ်ဘာကာ နဲ့ ကြက်သား အသားညှပ် ပေါက်မုန့် ၊ ကြက်သားကြော် ကျိန်းသေပေါက် ဝယ်ရပါမယ်။အခြားစျေးလျော့တဲ့ ပရိုမို ကုတ်တွေ သင့်အနေနဲ့သုံးလို့မရပါဘူး။

 

၎င်း ပရိုမိုးရှင်းဟာ နိုဝင်ဘာလ ၂၀၂၀ မှာ PS 5 စတင် မရောင်းချခင် ၁၀ ရက်အလိုမှာ ပိတ်သိမ်းမှာဖြစ်ပြီး အသက် ၁၈ နှစ်အထက်ရှိနေမှ အဆိုပါ ပရိုမိုရှင်းအစီအစဉ်ကို ပါဝင်နိုင်မယ်လို့ သိရပါတယ်။ထို့အပြင်လူတစ်ယောက်မှာ ၁ ရက် ၁ကြိမ်သာ ကံစမ်းခွင့်ရှိပါတယ်။လက်ရှိမှာတော့စားသုံးသူများကို အလုံး ၁၀၀၀ ထိ ကံစမ်းခွင့်ပေးမယ်သိရပြီး အမေရိကန် ပြည်ထောင်စုရဲ့ပြည်နယ် ၄၈ ခုမှာ ပရိုမိုးရှင်းစနေပါပြီ။အမေရိကန်မှာ Burger King ဆိုင်ပေါင်း ၇၂၀၀ ကျော်ရှိပြီး ဆိုင် ၇ ဆိုင်မှာ အနည်းဆုံး ၁ လုံးကတော့ ပေါက်ကိုပေါက်မယ်လို့ပြောပါတယ်။

Read times
Rate this item
(0 votes)