-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကပ်ရောဂါကာလအတွင်း ကြော်ငြာအသုံးစရိတ်မြင့်တက်လာတဲ့ Donald Trump

Donald Trumpက မဲဆွယ်စည်းရုံးရေးအတွက် ၂၀၁၆တုန်းကလို မဲဆွယ်ကြော်ငြာတွေသုံးပြီး သမ္မတရွေးကောက်ပွဲအခွင့်အလမ်းတွေအတွက် ကြိုးပမ်းခဲ့ပါတယ်။

 

Trumpရဲ့ စည်းရုံးရေးကြော်ငြာအတွက် အသုံးစရိတ်က ၂၀၁၆ခုနှစ်ရဲ့ ပထမ၆လမှာ အမေရိကန်ဒေါ်လာ ၂၁သန်းရှိခဲ့သော်လည်း ၂၀၂၀ခုနှစ်ရဲ့ ပထမ ၆လမှာတော့ အမေရိကန်ဒေါ်လာ သန်း၈၀ သုံးစွဲပြီး ဖြစ်ပါတယ်။ ဒုတိယ သမ္မတ Joe Bidenရဲ့ ဒီမိုကရေစီဝါဒခံယူချက် စည်းရုံးရေးကြော်ငြာကတော့ ဒီနှစ်ရဲ့ ပထမ ၆လမှာတင် အမေရိကန်ဒေါ်လာ၆၅သန်း အသုံးပြုထားပါတယ်။

 

Trumpရဲ့မဲဆွယ်စည်းရုံးရေးက ၂၀၂၀ ရွေးကောက်ပွဲလည်ပတ်ချိန်မှစတင်ပြီး မဲပေးရန်အတွက် ဒေါ်လာ ၄.၉ သန်းသုံးစွဲခဲ့ပါတယ်။၎င်းသုံးစွဲမှုက ၂၀၁၆ စည်းရုံးရေးထက် သုံးစွဲမှု ပိုများနေပါတယ်။ Bidenကလည်း မဲပေးရန် အတွက် ဒေါ်လာ ၃၁၇၀၀၀သုံးစွဲခဲ့ပါတယ်။

 

သမ္မတ ၂ယောက်ရဲ့ စည်းရုံးရေးကြော်ငြာအသစ်တွေက coronavirusကာလမှာ လိုက်လျောညီထွေဖြစ်အောင် ဘယ်လို ဆောင်ရွက်ပေးနေကြောင်းနှင့် လေကြောင်းခရီးစဥ◌်တွေနဲ့ ခရီးသွားစရိတ်တွေကို အကြီးအကျယ်လျှော့ချပေးခဲ့ပြီး ထောက်ခံသူတွေကို ကြော်ငြာနှင့်မက်ဆေ့ခ်ျများဖြင့် ပိုမိုထိရောက်စေရန် အတွက် အသုံးပြုခဲ့တာပဲဖြစ်ပါတယ်။

 

Trumpရဲ့ မဲဆွယ်စည်းရုံးရေး အတွက် သုံးစွဲငွေက ဇွန်လမှာ ဒေါ်လာ သန်း၅၀ ဖြစ်ပြီး Bidenရဲ့ သုံးစွဲငွေကတော့ ဒေါ်လာ ၃၇သန်း အသီးသီးဖြစ်ကာ ၂၀၁၆ခုနှစ် ဇွန်လမှာ Mr Trump and Hillary Clintonတို့ရဲ့ မဲဆွယ်အသုံးစရိတ်ထက် သိသိသာသာ ကျော်လွန်နေပါတယ်။

 

ဇွန်လအကုန်မှာတော့ Mr Bidenရဲ့ လက်ထဲမှာ ငွေသားနဲ့ ဒေါ်လာ ၁၀၈.၉သန်း ရှိနေပြီး Mr Trumpကဒေါ်လာ ၁၁၃သန်းရှိနေတယ်လို့ ငွေကွာဟမှုပြ ဇယားမှ သိရပြီး ပထမသုံးလပတ်အပြီးမှာတော့ Mr Bidenရဲ့ စည်းရုံးရေးအတွက် လက်ဝယ်ရှိ ငွေသားက ဒေါ်လာ ၂၆.၄သန်း ဖြစ်ပြီးMr Trumpကတော့ ဒေါ်လာ ၉၈.၅သန်း ရှိနေပါတယ်။

 

ဇွန်လမှာ Bidenက သူရဲ့ စည်းလုံးရေးကြော်ငြာတွေအတွက် ၇၇ရာခိုင်နှုန်း သို့မဟုတ် ဒေါ်လာ ၂၈သန်း သုံးစွဲခဲ့ပါတယ်။ ၂၀၁၆ခုနှစ်ဇွန်လက Mrs Clintonရဲ့ စည်းလုံးရေးကြော်ငြာက ၆၀ရာခိုင်နှုန်း သို့မဟုတ် ဒေါ်လာ ၂၀.၆သန်းပဲ သုံးစွဲခဲ့တာဖြစ်ပါတယ်။၎င်း၂၈သန်းထဲကမှ ဒေါ်လာ ၃၈၀၀၀၀ကတော့ Facebook ကြော်ငြာအတွက် သုံးခဲ့ပြီး ယခုအချိန်အထိ Bidenက Facebookကြော်ငြာတွေအတွက် ဒေါ်လာ ၁.၆ သန်းသုံးစွဲခဲ့ပါတယ်။

 

Trumpက မဲဆွယ်စည်းရုံးရေးအတွက် ပြီးခဲ့တဲ့လက ကြော်ငြာတွေအပေါ် ဒေါ်လာ ၄၁သန်း သုံးခဲ့ပြီး ၎င်းကစုစုပေါင်းအသုံးစရိတ်တွေရဲ့ ၈၂ ရာခိုင်နှုန်းရှိပါတယ်။ ၂၀၁၆ ခုနှစ်၊ ဇွန်လမှာ Trump မဲဆွယ်စည်းရုံးရေးအတွက် အသုံးစရိတ်ရဲ့ ၂၁ ရာခိုင်နှုန်းက ၂၀၂၀မှာတော့ ကြော်ငြာတွေအတွက် ဖြစ်သွားခဲ့ပါတယ်။

 

စည်းလုံးရေးကြော်ငြာတွေအနေနဲ့ သမ္မတ၂ဥ◌ီးလုံးက စည်းလုံးရေးစာသားမက်ဆေ့ခ်ျပေးပို့မှုမှာ ဆက်လက်ရင်းနှီးမြှပ်နှံနေမှာဖြစ်ပြီး ဇွန်လထဲမှာ Mr Bidenက "စာသားမက်ဆေ့ခ်ျပေးပို့ခြင်း/ရန်ပုံငွေရှာခြင်း"တို့အတွက် Upland Softwareကို ဒေါ်လာ ၁.၆သန်း ပေးခဲ့ပါတယ်။Mr Trumpကတော့“sms advertising”အတွက် Trumpရဲ့ မဲဆွယ်စည်းရုံးရေးမန်နေဂျာBrad Parscaleရဲ့ American Made Media Consultantsသို့ ဒေါ်လာ ၁သန်းပေးခဲ့တယ်လို့ သိရပါတယ်။

 

Ref:FINANCIAL TIMES

Read times
Rate this item
(0 votes)