-->
×

Warning

JUser: :_load: Unable to load user with ID: 29


PS 5 ရဲ့ အလန်းစား နရံပေါ်ရှိတံဆိပ်အမှတ်အသား

Play Station ကတော့ သူတို့ Brand awareness ရဖို့ အတွက် London မြို့တစ်ခွင် ၄၈ နာရီ နီယွန် မီးများဖြင့် Play Station ဂိမ်းလက်ခလုတ်များရဲ့ သင်္ကေတ ဖြစ်တဲ့ တြိဂံ ၊ အဝိုင်း ၊ လေးထောင့် ၊ ကြက်ခြေခက် ပုံများကို နရံထက်မှာ ၄၈ နာရီအကြာပြသခဲ့ပါတယ်။

 

နီယွန်မီးအရောင်များမှာ အရောင်စုံဖြစ်ပြီး လန်ဒန်ရဲ့ ရထားဘူတာသွားလမ်းနရံများပေါ်တွင်လှပစွာ ပြသထားခဲ့တာပဲဖြစ်ပါတယ်။ဖြတ်သွားဖြတ်လာ လူများက ကအနည်းဆုံးတော့ Play Station ကို သတိထားမိမှာပါပဲ။အဆိုပါ Campaign ရဲ့ ရည်ရွယ်ချက်မှာ သူတို့ အနေနဲ့ ခဏတာ ကုန်အမှတ်တံဆိပ်ကို လူတွေမြင်တွေ့ဖို့ပါပဲ သည့်အပြင် Gen Z တွေကို ဆွဲဆောင်မှာမို့ လူငယ်ကြိုက် လိုက်ထားတာမျိုးတွေတွေ့ရတယ်။

 

သည့်အပြင် ’Gran Turismo 7 Sisters’ ဂိမ်းရဲ့ အဆက် Horizon Zero Dawn ကို ဆက်လက်ထွက်ရှိမှာဖြစ်ပြီး ဂိမ်းပုံစံ ထုတ်အုံးမယ်သိကြပါတယ်။Play Station ရဲ့ သင်္ကေတတွေထဲမှာ ကြက်ခြေခက် နဲ့ တြိဂံကတော့ Campaign မှာ နေရာ အံဝင်ခွင်ကျမှုရှိပြီး အခြားကြော်ငြာ ရှင်များ ကလည်း အားကျ ကြတာတွေ့ရပါတယ်။

 

PS 4 မှာတုန်းက Sony အနေနဲ့ Oxo တာဝါဆိုတဲ့ လက်ခလုတ် သင်္ကေတ များကို PS 4 မှာ မိတ်ဆက်ခဲ့ပြီး Play Has No Limits ဆိုတဲ့ ကြော်ငြာ Campaign ကို Adam&EveDDB နှင့်တွဲလုပ်ခဲ့ပါတယ်။အခုအချိန်မှာ Sony နဲ့ Microsoft ဟာ ကြော်ငြာ ပိုင်းဆိုင်ရာ ကို တဖြေးဖြေး ရင်းနှီး မြုပ်နှံလာပြီဖြစ်ပြီး Sony ကတော့ Gen Z တွေကို ဖမ်းစားဖို့ ဖြစ်ကာ Gen Z တွေသဘောကျဖို့ Snapchat ရှိ filter များထိပါ လွမ်းမိုးထားတယ်သိရပါတယ်။

 

 

Myanmar Advertising Guide 

Read times
Rate this item
(0 votes)