-->
×

Warning

JUser: :_load: Unable to load user with ID: 29


မုတ်ဆိတ်ရိတ်လိုက်တဲ့ KFC အဖိုးအို

KFC ရဲ့ တည်ထောင်သူ Colonel Sanders ကို နဂိုက KFC ရဲ့ ကုန်အမှတ်တံဆိပ်မှာမုတ်ဆိတ်မွေးနဲ့ တွေ့မြင်ခဲ့ရာတာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ အခုဆိုရင်တော့ KFC ရဲ့ Campaign တစ်ခုအနေနဲ့ ပြင်သစ်မှ Sid Lee ကြော်ငြာ ဖန်တီးမှုဆိုင်ရာ အေဂျင်စီမှ ယခု ၂၀၂၀ နိုဝင်ဘာလမှစတင်ပြီး Colonel Sanders ပေါ်မှာ ပြောင်ချောနေအောင် မုတ်ဆိတ်ရိတ်ထားတဲ့ KFC ကုန်အမှတ်တံဆိပ်ကို Movember ဆိုပြီး အမည်ပေးခဲ့ပါတယ်။

 

အဆိုပါ Campaign နဲ့ ပတ်သကလို့ ပြင်သစ် KFC မှ ပြောဆိုခွင့် ရှိသူတစ်ဦးပြောကြားချက် အရ ၎င်းတို့ Brand အနေနဲ့ လူတွေစိတ်ဝင်စားပြီး စိတ်ကူးထဲရှိစေရန် အရွေ့တစ်ခု ပြုလုပ်ခြင်းပဲဖြစ်ပါတယ် ဒါ့ကြောင့် နိုဝင်ဘာလ တစ်ရက်နေ့မှာ Colonel ကို မုတ်ဆိတ်မပါပဲ ပြောင်ချောကြီး ဖြစ်နေအောင် အရင်ပရိသတ် မှတ်မိနေသလို မဟုတ်ပဲ ပွဲထွက် လာခဲ့တာပါတဲ့။

 

KFC အနေနဲ့ တစ်နေ့တည်းမှာတင် အဆိုပါအကြောင်း အရာကို သူ့ပရိသတ်တွေကို ပြောပြထားပြီဖြစ်ပြီး မီဒီယာ များတွင်ပါ ဖော်ပြထားပါပြီ ထို့နောက် သူ့စားသုံးသူများကို ပါ မိမိ အဆင်ချောစေမည့် အရွေ့များပြုလုပ်ကြဖို့လည်း တိုက်တွန်းထားပြီသိရပါတယ်။အခုဆို ပြင်သစ်မှ KFCဆိုင်တွေ အနေနဲ့ ၎င်းတို့ KFC ကုန်အမှတ်တံဆိပ်အဟောင်းကို အသုံးပြုခြင်းရပ်ဆိုင်းထားပြီး မုတ်ဆိတ်ရိတ်ထားတဲ့ Colonel Sanders ပုံကိုသာ ဆိုင်းဘုတ်ပြောင်း ၊ Packagaing ပြောင်းထုတ်လုပ်ပြီသိရပါတယ်။

 

 

 

 

Ref :The Drum 

 

Myanmar Advertising Guide 

Read times
Rate this item
(0 votes)