-->
×

Warning

JUser: :_load: Unable to load user with ID: 29


Movember မှာပါဝင်လာတဲ့ Pringles

၁၉၆၈ ကနေပြီးတော့ ကုန်အမှတ်တံဆိပ်မပြောင်းလဲလာရာမှ အခုဆိုရင်တော့ နိုဝင်ဘာလ မှာ Pringles အနေနဲ့ အရွေ့လေးတစ်ခု လုပ်ခဲ့ပြီး ကုန်အမှတ်တိုင်း ဆင်နွဲတဲ့ Movember Campaign မှာပါဝင်လာတာတွေ့ရပါတယ်။ Pringles ရဲ့ ကုန်အမှတ်တံဆိပ်က ဘဲဥပုံမျက်နှာနဲ့ နှုတ်ခမ်းမွေးကားကား လာဘ်ကောင် အရုပ်လေးကို Mr P လို့ခေါ်ပြီး အခုဆိုရင်တော့ နှစ်ရှည်လာများထည့်သွင်းဖော်ပြလာတဲ့ Mr P ကို မုတ်ဆိတ်ရိတ်ခဲ့ပါပြီ။

 

အဆိုပါ Mr P ကို အမွှေးဖြုတ်ပေးခဲ့တဲ့ ကြော်ငြာ အေဂျင်စီကတော့ We are social ပဲဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်သောကြာနေ့က Campaign ကို စတင်ခဲ့တာပဲဖြစ်ပါတယ်။ ၎င်း Campaign စတင်ခင် အချိန်ကတည်းက Pringles ရဲ့ ဗြိတိန်ရှိ အင်စတာဂရမ်နဲ့ ဖေ့ဘုတ် အပြင် တွစ်တာ အစ ရှိတဲ့ ဆိုရှယ်မီဒီယာတွေပေါ်မှာ ကာတွန်းပုံတွေ အဖြစ် စာစု အတိုလေးများအဖြစ် ပြုလုပ်ကာ တင်ထားတာတွေ့ရပါတယ်။

 

ထို့အပြင် Pringles အနေနဲ့ ပေါင်စတာလင် သိန်း ၇၅၀၀၀ ကို လှုတမ်းခဲ့ပြီးတော့ စိတ်ပိုင်းဆိုင်ရာ မကျန်းမာသူများ အတွက် ရန်ပုံငွေကို လှုူတမ်းခဲ့ပါတယ်။ထို့အပြင် Movember စကားပြောခန်းဆိုတဲ့ ဆက်သွယ်ပြောဆိုဖို့အတွက် အသုံးပြုနိုင်တဲ့ App တစ်ခုကို ထုတ်လုပ်ခဲ့ပါတယ်။

 

အဆိုပါ App မှာ စကားပြောနိုင် ၊ အချက်အလက်မျှဝေနိုင်သည့်အပြင် ၎င်း Campaign လုပ်ဆောင်ရခြင်းရည်ရွယ်ချက်ကတော့ အမျိုးသားရေးစိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြသနာတွေ မရှိစေဖို့နဲ့ Pringles ပရိသတ်များအနေနဲ့ သူတို့ Pringles လာဘ်ကောင် Mr P လို အပြောင်းအလဲကြီးကြီးမားမား ကြုံတွေ့စေဖို့ပါတဲ့။

 

Myanmar Advertising Guide 

Read times
Rate this item
(0 votes)