-->
×

Warning

JUser: :_load: Unable to load user with ID: 29


အသေးစား၊ အလတ်စား လုပ်ငန်းရှင်များ လက်ရှိထက် ပိုပြီး ဈေးကွက်ချဲ့ထွင်နိုင်တော့မည်

ပြည်တွင်းမှာရှိတဲ့ SME လုပ်ငန်းရှင်တွေအတွက် City Mart, Gandamar Wholesale, ABC Retailer Chains တွေမှာ မိမိတို့ရဲ့ ထုတ်ကုန်ပစ္စည်းတွေကို ပြသ ရောင်းချပြီး ဈေးကွက် ချဲ့ထွင်လို့ရမယ့် အခွင့်အလမ်းတစ်ခု ရှိပါတယ်။

 

ပြသ ရောင်းချလိုတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ မိမိကုန်ပစ္စည်းအတွက် အာမခံချက်များ၊ ကုန်ပစ္စည်းတစ်ခုမှာ ဖော်ပြဖို့အတွက် လိုအပ်တဲ့ အချက်များ ပြည့်စုံတယ်ဆိုရင် မည်သူမဆို လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

ကုန်ပစ္စည်းအတွက် အာမခံချက်တွေထဲမှာ အချက် ( ၄ ) ချက် ပါဝင်ပါတယ်။ ဘယ်လိုအချက်တွေလဲ ဆိုတာ အောက်မှာ ဖော်ပြထားပါတယ်။

၁။ ကုမ္ပဏီလိုင်စင် ( ဒါမှမဟုတ် ) လုပ်ငန်းလိုင်စင် ရှိဖို့ လိုအပ်ပါတယ်။

၂။ ကုန်ပစ္စည်းရဲ့ အရည်အသွေး၊ ပါကင်ထုပ်ပိုးမှု၊ ပါဝင်ပစ္စည်း၊ ပါဝင်အရေအတွက်၊ ပစ္စည်းရဲ့ Barcode အချက်တွေကို တိကျစွာ တသမတ်တည်း သတ်မှတ်ရပါမယ်။

၃။ စားသောက်ကုန်၊ ဆေးဝါးပစ္စည်း၊ အလှကုန်ပစ္စည်းတွေ ဖြစ်တယ်ဆိုရင် အစားအသောက် ဆေးဝါး ဦးစီးဌာနက ထုတ်ပေးထားတဲ့ FDA ထောက်ခံချက် ( သို့ ) အလားတူထောက်ခံချက် တစ်ခုခု ပါဝင်ရပါမယ်။

၎။ ကုန်ပစ္စည်းရဲ့ သတ်မှတ်သက်တမ်းအတွင်းမှာ အရည်အသွေး ကောင်းမွန်ဖို့အတွက် ကုန်ပစ္စည်းမှာ ဖော်ပြထားတဲ့ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီမှုရှိဖို့ အာမခံ တာဝန်ယူနိုင်ရပါမယ်။

၂၀၃၀ မှာ အရမ်းကြီးထွားလာတော့မယ့် မြန်မာ့အာမခံကဏ္ဍ

ကုန်ပစ္စည်းတစ်ခုမှာ ဖော်ပြဖို့အတွက် လိုအပ်တဲ့ အချက်တွေကတော့ စုစုပေါင်း အချက် ( ၁၂ ) ချက် ရှိပါတယ်။

၁။ ကုန်ပစ္စည်းတစ်ခုချင်းစီအတွက် GS1 Standard နဲ့ညီတဲ့ Barcode ပါရှိရပါမယ်။

၂။ ကုန်ပစ္စည်းတစ်ခုချင်းစီအတွက် ထုတ်ကုန်အမည်၊ ကုန်သွယ်မှုအမှတ်အသား တံဆိပ်ဟာ သက်ဆိုင်ရာ တံဆိပ်ဥပဒေအရ တရားဝင်မှု အထောက်အထား ပါရှိရပါမယ်။ တံဆိပ် နှစ်ထပ်ကပ်ထားခြင်း မပြုရပါ။

၃။ ကုန်ပစ္စည်းမှာ ထုတ်လုပ်သူလိပ်စာနဲ့ ဆက်သွယ်ရန် ဖုန်းနံပါတ်ကို တိကျစွာ ဖော်ပြပေးရမယ်။

၎။ ကုန်ပစ္စည်းကို ကိုယ်တိုင် ဖြန့်ဖြူးရောင်းချခြင်း မပြုလုပ်ဘဲ အခြားသူကို တစ်ဆင့်ပြန်လည် ရောင်းချခိုင်းပါက ကုန်ပစ္စည်း ကိုယ်စားလှယ် ရောင်းချခိုင်းသူအား ဖော်ပြပေးရပါမယ်။

၅။ ကုန်ပစ္စည်းကို ထုတ်လုပ်သည့်နေ့၊ Packing ထုပ်ပိုးသည့်နေ့၊ ကုန်ပစ္စည်းထုတ်လုပ်သည့်နံပါတ်၊ ထုပ်ပိုးမှုအရွယ်အစား၊ သက်တမ်းကုန်ဆုံးသည့်ရက်တို့ကို ဖော်ပြပေးရပါမယ်။

၆။ FDA ထောက်ခံချက်ရှိတယ်ဆိုရင် ကုန်ပစ္စည်းမှာ ပူးတွဲဖော်ပြပေးဖို့ လိုပြီး မရှိဘူးဆိုရင် UMFCCI က စစ်ဆေးထားတဲ့ ထောက်ခံချက်ကို ဖော်ပြရပါမယ်။

၇။ ကုန်ပစ္စည်း တစ်ခုစီမှာ ပါဝင်တဲ့ ပါဝင်ပစ္စည်းတွေနဲ့ အာဟာရဓာတ်ဆိုင်ရာ အချက်အလက်တွေကို ဖော်ပြပေးရပါမယ်။

၈။ ကုန်ပစ္စည်းမှာ ပါဝင်တဲ့ စုစုပေါင်းအသားတင်အလေးချိန်ကို ဖော်ပြပေးရပါမယ်။

ပြည်တွင်း SME လုပ်ငန်းတွေကို ကိုယ်စားပြုတဲ့ Logo Design ပြိုင်ပွဲ 

၉။ ကုန်ပစ္စည်းကို မည်ကဲ့သို့စားသုံးရန်၊ ပြင်ဆင်ချက်ပြုတ်ရန်နဲ့ အသုံးပြုရန် အညွှန်းတွေကို ထည့်သွင်းဖော်ပြရပါမယ်။

၁၀။ ကုန်ပစ္စည်းအတွင်းမှာ ဓာတုဆိုးဆေး၊ အရောင်၊ အချိုမှုန့်ထည့်ထားတယ်ဆိုရင် ပူးတွဲဖော်ပြပေးရပါမယ်။

၁၁။ ပါဝင်ပစ္စည်းတွေရဲ့ ဘေးထွက်ဆိုးကျိုး၊ ဆိုးဝါးစေတတ်တဲ့ အကျိုးဆက်တွေ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ လူနာများသုံးစွဲဖို့ မသင့်ပါက သီးသန့်ဖော်ပြပေးရပါမယ်။

၁၂။ အအေးခန်းမှာ ထည့်သွင်း သိမ်းဆည်းရမယ့် ပစ္စည်းဖြစ်တယ်ဆိုရင် မည်သည့်နေရာမှာ သိမ်းရမည် ( ဥပမာ။ ။ အေးခဲသည့် နေရာတွင် သိမ်းရန် ) ဆိုတာကို သီးသန့်ဖော်ပြရန် လိုပါတယ်။ ဒီပစ္စည်းကို ဖွင့်ပြီးပါက ဘယ်နှစ်ရက်အတွင်း ကုန်အောင် စားသုံးဖို့ကိုလည်း ဖော်ပြပေးရပါမယ်။

အသေးစား၊ အလတ်စား လုပ်ငန်းရှင်တွေအနေနဲ့ မိမိကုန်ပစ္စည်းက အပေါ်မှာ ဖော်ပြထားတဲ့ အချက်အလက် တွေအားလုံးနဲ့ ကိုက်ညီတယ်ဆိုရင်…

ကုန်သည်စက်မှုအသင်းချုပ်၊

အခန်း(၇၀၂)၊ ၇-လွှာ၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

၀၉-၄၅၇၆၉၄၂၄၆ ၊ ၀၉-၄၅၇၆၉၄၂၄၇

အလုပ်အမှုဆောင်အဖွဲ့

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း

This email address is being protected from spambots. You need JavaScript enabled to view it. ကို ဆက်သွယ်လို့ ရပါတယ်။

MOI

Read times
Rate this item
(1 Vote)