-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကြော်ငြာနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ မြန်မာကြော်ငြာလမ်းညွှန်

ကြော်ငြာနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့  မြန်မာကြော်ငြာလမ်းညွှန် Google

တကယ်တော့ ကြော်ငြာလုပ်ငန်းဟာ စီးပွားရေးလုပ်ငန်း အားလုံးနဲ့ သက်ဆိုင်ပါတယ်။ အကြီးစား စီးပွားရေးပဲဖြစ်ဖြစ်၊ အလတ်စားနဲ့ အသေးစား လုပ်ငန်းတွေပဲ ဖြစ်ဖြစ် တစ်နည်းမဟုတ်တစ်နည်း ကြော်ငြာကို အသုံးပြုကြရတာပါပဲ။ ကုမ္ပဏီကြီးလာလေလေ ကြော်ငြာစရိတ်လည်း ပိုသုံးလာလေလေပါ။

 

ဘာကြောင့်လဲဆိုတော့ မိမိရဲ့ ထုတ်ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေကို ကြော်ငြာမှသာ လူတွေက သိရှိပြီး ဝယ်ယူ အသုံးပြုကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် နံပါတ်တစ် အရေးကြီးဆုံးအနေနဲ့ ကြော်ငြာလုပ်ငန်းကို လုပ်ဆောင်ကြတာပါ။

 

ကြော်ငြာတဲ့ အခါမှာရော ဘယ်မှာ ကြော်ငြာမှာလဲ၊ တီဗွီနဲ့ ရေဒီယိုတွေမှာလား၊ သတင်းစာတွေမှာလား၊ ဘေဘုတ်ထောင်မှာလား၊ ပြပွဲတွေ လုပ်မှာလား၊ လက်ကမ်းစာစောင်တွေ ဝေမှာလား၊ ဒါမှမဟုတ် ခုခေတ်က နည်းပညာခေတ်ဆိုတော့ Social Media ကနေပဲ ကြော်ငြာမလား ကြော်ငြာစရာ ချန်နယ်ပေါင်းများစွာ ရှိပါတယ်။

 

ကြော်ငြာလုပ်ငန်းတစ်ခုခုရဲ့ ဖုန်းနံပါတ်ကို လိုချင်လား၊ မိမိနဲ့ အနီးဆုံးမှာ ရှိတဲ့ ကြော်ငြာလုပ်ငန်း လိပ်စာကို သိချင်လား၊ ကြော်ငြာနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေနဲ့ သတင်းအချက်အလက်တွေကို ရှာဖွေ ဖတ်ရှုချင်လား၊ ကြော်ငြာကဏ္ဍထဲမှာ အလုပ်လုပ်ချင်လား စတာတွေ အားလုံးကို တစ်နေရာထဲမှာ ရရှိနိုင်မယ့် ကြော်ငြာလုပ်ငန်းလမ်းညွှန်တစ်ခု ရှိပါတယ်။

 

ဒီလမ်းညွှန်ရဲ့ အားသာချက်ကတော့ ကြော်ငြာလုပ်ငန်းဆိုင်ရာ လုပ်ငန်းပေါင်းစုံရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်တွေကို တစ်နေရာထဲမှာ လွယ်ကူ လျင်မြန်စွာ ရှာနိုင်ပြီးတော့ နောက်ဆုံးရ ကြော်ငြာစီးပွားရေးလုပ်ငန်းတွေနဲ့ သက်ဆိုင်တဲ့ သတင်းအကြောင်းအရာတွေ အားလုံးကို ဖတ်နိုင်မှာ ဖြစ်ပါတယ်။

 

ကြော်ငြာလုပ်ငန်းဆိုင်ရာ လုပ်ငန်းပေါင်း ၁၃,၀၀၀ ကျော် ထည့်သွင်းပေးထားပြီး မိမိအလိုရှိတဲ့ လုပ်ငန်းကို မြို့နယ်အလိုက်၊ လုပ်ငန်းအမျိုးအစားလိုက်လည်း အမြန် စီစစ် ရှာဖွေလို့ ရပါတယ်။

 

နောက်တစ်ချက်က ဒီကြော်ငြာလုပ်ငန်း လမ်းညွှန်ဟာ စာအုပ်အပါအဝင် ဝက်ဘ်ဆိုဒ်၊ ဖေ့ဘုတ်ခ်ပေ့ချ်၊ အက်ပလီကေးရှင်းပါ ထွက်ရှိတာကြောင့် သင့်ရဲ့ စီးပွားရေးလုပ်ငန်းကိုသာ ဒီထဲမှာ ထည့်သွင်းထားမယ်ဆိုရင် မြန်မာနိုင်ငံမှာ ရှိတဲ့ လူပေါင်းများစွာဆီ ခဏလေးအတွင်းမှာ ပို့ဆောင်ပေးနိုင်မှာ အမှန်ပါပဲ။

 

ဒါ့အပြင် ကြော်ငြာလုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့ လုပ်ငန်းအတွက် ဝန်ထမ်းအသစ်တွေ ခေါ်ယူလိုတယ် ဆိုရင်လည်း ဒီလမ်းညွှန်မှာရှိတဲ့ Job Board ကနေတစ်ဆင့် အလုပ်ခေါ်စာတွေ ကြေညာနိုင်မှာ ဖြစ်ပါတယ်။

 

ကြော်ငြာလုပ်ငန်းကဏ္ဍထဲမှာ Outdoor Ads, Print Media, Broadcasting, Designs Service, Photography, Market Research, Printing & Paper စတဲ့ လုပ်ငန်းအမျိုးအစားပေါင်းများစွာ ပါဝင်ပါတယ်။ လက်ရှိမှာ စီးပွားရေး လုပ်နေတဲ့သူတွေ၊ တစ်နေ့ စီးပွားရေးတစ်ခုခု လုပ်ကိုင်မယ်လို့ စိတ်ကူးနေသူတွေအနေနဲ့ တစ်ချိန်ချိန်မှာ လိုအပ်လာနိုင်တာကြောင့် ဒီလမ်းညွှန်ကို အသုံးပြုသင့်ပါတယ်။

 

မြန်မာနိုင်ငံ ကြော်ငြာလုပ်ငန်းလမ်းညွှန်ရဲ့ ဝက်ဆိုဒ်လင့်ခ်ကို အောက်မှာ ဖော်ပြလိုက်ပါတယ်။ 

>> http://www.myanmaradvertisingdirectory.com/

 
By Myanmar Advertising Guide
Read times
Rate this item
(0 votes)