-->
×

Warning

JUser: :_load: Unable to load user with ID: 29


နိုင်ငံတကာစျေးကွက်ထိုးဖောက်နိုင်ရန် နိုင်ငံတကာအသိအမှတ်ပြု လိုဂိုဒီဇိုင်းပြိုင်ပွဲ ကျင်းပမည်

မြန်မာနိုင်ငံ အသိဉာဏ်ပစ္စည်းဆိုင်ရာလုပ်ငန်းရှင် များအသင်း ( MIPPA ) က အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများမှ ဒေသတွင်း ထုတ်ကုန်များကို နိုင်ငံတကာစျေးကွက်သို့ ထိုးဖောက် နိုင်ရန်အတွက် နိုင်ငံတကာ အသိအမှတ်ပြု အမှတ်တံဆိပ်လိုဂိုကို အသုံးပြုရန်ရည်ရွယ်ပြီး Myanmar Origin Logo Design ပြိုင်ပွဲကို ကျင်းပ မည်ဖြစ်သည်။
 
အကောင်းဆုံးအသိအမှတ်ပြု လိုဂိုဒီဇိုင်း တစ်ခုကိုသာရွေးချယ်ပြီး MSMEs Product များတွင် ယင်းလိုဂိုအား အသုံးပြုခွင့်ပေးခြင်းဖြင့် စားသုံးသူ များ၏ ယုံကြည်မှု ပိုမိုရရှိပြီး ပြည်တွင်းနှင့် နိုင်ငံ တကာစျေးကွက်ချဲ့ထွင်ရေးကို အထောက်အကူပြု ရန်ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်သည်။ပြိုင်ပွဲဝင်မည့် လိုဂိုဒီဇိုင်းတွင် မြန်မာနိုင်ငံ ကိုယ်စားပြု သင်္ကေတများပါဝင်ရမည်။ ထို့ပြင် Myanmar Origin စာသားပါဝင်ရမည်။ မိမိကိုယ်တိုင် အသစ်တီထွင်ဖန်တီးပုံဖော်ထားသည့် ဒီဇိုင်းဖြစ်ရ မည်။ စာသားသီးသန့်ဖြင့်ပုံဖော်ထားခြင်းမပြုရ။
 
နိုင်ငံတကာတွင် အသုံးပြုလျက်ရရှိသည့်လိုဂိုများ ကဲ့သို့ နိုင်ငံတကာအဆင့်မီခြင်း၊ ဆွဲဆောင်မှုရှိပြီး အရောင်အသွေးညီညွတ်ရမည်။ လိုဂိုဒီဇိုင်းတွင် အသုံးပြုသည့် အရောင်၊ သင်္ကေတ၊ ရုပ်ပုံ အမှတ် အသားအားလုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်သည် အလွယ်တကူ ဆွဲဆောင်နိုင်သောလိုဂိုဖြစ်ရမည်။ တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ဝင်ရောက် ယှဉ်ပြိုင်နိုင်သည်။ ပြိုင်ပွဲဝင်တစ်ဦးလျှင် လိုဂိုပုံစံ အများဆုံး သုံးမျိုးအထိ ပေးပို့နိုင်သည်။
 
 
လိုဂိုဒီဇိုင်း သည် ပေါ်လွင်သောဒီဇိုင်းဖြစ်ပြီး A4 ဆိုက်ဖြင့် ဖန်တီးနိုင်သည်။ရွေးချယ်ခံရပြီးပါက မူရင်းလိုဂိုဒီဇိုင်း ( AI Format ) နှင့် ရေးဆွဲသူကိုယ်တိုင် MIPPA အသင်း ရုံးသို့ လာရောက်ရှင်းလင်းတင်ပြရမည်။ ဆုရွေးချယ် ရေးအဖွဲ့မှ အကောင်းဆုံးလိုဂိုဒီဇိုင်းတစ်ခုကိုသာ ရွေးချယ်ပြီး ဆုငွေကျပ် ၁၀ သိန်း ချီးမြှင့်မည် ဖြစ်သည်။ ရွေးချယ်ခံရသည့် လိုဂိုဒီဇိုင်းကို MIPPA က မူပိုင်ခွင့်ရယူမည်ဖြစ်သည်။
 
 
ယခင်ကြေညာချက်အရ ပြိုင်ပွဲဝင်ထားသူများ သည် ပေးပို့ခဲ့ပြီး ပြိုင်ပွဲဝင်လိုဂိုဒီဇိုင်း နှစ်ခုတွင် အသစ်တစ်ခု ထပ်မံတိုးမြှင့်၍ စုစုပေါင်း သုံးခုအထိပါဝင်ယှဉ်ပြိုင်နိုင်သည်။ သို့မဟုတ် ပေးပို့ခဲ့ပြီး ပြိုင်ပွဲဝင်လိုဂိုဒီဇိုင်းနှစ်ခုစလုံးကို ပယ်ဖျက်ကြောင်း အကြောင်းကြားစာနှင့်အတူ လိုဂိုဒီဇိုင်းအသစ် သုံးခုအထိ ထပ်မံရေးဆွဲလျက် ပါဝင်ယှဉ်ပြိုင်နိုင်သည်။
 
 
ပြိုင်ပွဲဝင်မည့်လိုဂိုဒီဇိုင်းများကို JPEG , PDF သို့မဟုတ် PNG Format ဖြင့် အီးမေးလ် mippa . myanmar @ gmail . com သို့ဖြစ်စေ၊ Viber ၀၉၇၉၈၄၃၃၁၈၃ သို့ဖြစ်စေ နိုဝင်ဘာ ၁၃ ရက် ညနေ ၅ နာရီထက် နောက်မကျစေဘဲ ပေးပို့ရမည် ဖြစ်ကြောင်း သိရသည်။
 

Ref : Myanmaralin
 
 
Read times
Rate this item
(1 Vote)