-->
×

Warning

JUser: :_load: Unable to load user with ID: 29


ယုံကြည်စိတ်ချလို့ရတယ်ဆိုတဲ့ စိတ်ခံစားမှုမျိုးပေးနိုင်တဲ့ Logo

ယုံကြည်စိတ်ချလို့ရတယ်ဆိုတဲ့ စိတ်ခံစားမှုမျိုးပေးနိုင်တဲ့ Logo Google

Business တစ်ခုရဲ့ Logo ဟာ အဲ့ဒီကုမ္ပဏီရဲ့ ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုတွေကို မိတ်ဆက်ဖော်ပြရာမှာ အရေးပါတဲ့အရာတစ်ခု ဖြစ်ပါတယ်။

ဒါပေမဲ့ Logo ဟာ unique ဖြစ်ရမယ်။ Design concept နဲ့ ကိုယ်စားပြု colour တွေ၊ element တွေကို ကောင်းကောင်းမွန်မွန် ပေါင်းစပ်ဖန်တီးတတ်ရပါမယ်။ Customer တွေရဲ့ First Impression မှာ positive အမြင်ဆောင်နိုင်ရပါမယ်။ အရေးကြီးဆုံးကတော့ ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ကွဲထွက်နေရပါမယ်။

Logo ဟာ စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ အရေးပါတဲ့မျက်နှာစာတစ်ခုပဲဖြစ်ပါတယ်။ Logo design သည် သင်မည်သူမည်ဝါ ဖြစ်ကြောင်း၊ သင့် company မည်သူမည်ဝါဖြစ်ကြောင်းကို ထုတ်ဖော်ပြသနိုင်သည့် Identity ကတ် တစ်ခုကဲ့သို့ပင်အရေးပါလှသည်။ Logo မပါရှိပဲနဲ့ Marketing World ထဲသို့ သင့် Company or product ကိုချပြဖို့ရန် အလွန်ပင်ခက်ခဲလှပါသည်။ Customers တွေရဲ့ မျက်လုံးထဲမှာ သင့် Logo ကို မြင်လိုက်တာနှင့် သင့် Company မှန်း တန်းသိနေဖို့ အလွန်ပင်အရေးကြီးလှပါသည်။

“ Layman’s terms “ အရ “ Logo is like a metal shortcut to a product or company “ ဆိုသကဲ့သို့ Branding ထိုးဖောက်ရာမှာလည်း အလွန်အရေးပါလှပါသည်။ ( နမူနာအနေဖြင့်ကြည့်ရအောင်။ BMW ကားတစ်စီးဆိုပါစို့၊ ကားကို သင်မြင်လိုက်ချိန် ဘယ်နေရာက ပြုလုပ်ထားတယ်ဆိုတာကို သင်သတိထားမိချင်မှ ထားမိလိမ့်မယ်၊ ဒါပေမယ့် ကားရဲ့bumper or in front မှာထားတတ်ကြတဲ့ Logo ကိုကြည့်ခြင်းအားဖြင့် ဘာကားအမျိုးအစားလဲ၊ ဘယ်ကထုတ်လဲဆိုတာကို တန်းသိနိုင်လောက်အောင် Logo ဟာ အရေးပါလှပါသည်။)

Webpage Design Services (ဝက်ဘ်ဆိုက်ဒီဇိုင်းဝန်ဆောင်မှုများ(၉၆)ခုကိုရှာရန်နှိပ်ပါ။)

(၁) “ Your Logo creates your image”

In the corporate world, “image is everything” သင့် company ရဲ့ image ဟာ အရေးကြီးပါတယ်။ Marketing company တစ်ခုဟာ သူတို့ရဲ့Logo ကို ရဲ့ရင့်တယ်ပြတ်သားတယ်မျိုး ကြိုက်နိုင်လိမ့်မယ်။ တခြားတစ်ဖက်မှာကြည့်ပါစို့ Eg; Insurance company ဆိုပါစို့၊ သူတို့ company ရဲ့ Logo ဟာ စိတ်ချရတယ်၊ယုံကြည်ရတယ်ဆိုတဲ့ စိတ်ခံစားမှုကို ပေးနိုင်တဲ့ Logo မျိုးဖြစ်သင့်ပါသည်။ ဒါမှသာ သူတို့ရဲ့ customers တွေကို ဆွဲခေါ်နိုင်မည် မဟုတ်လော။ သင်လုပ်မည့် business အမျိုးစားပေါ်မူတည်၍ သင့် Logo ကို ဆွဲသင့်သည်။ သင့်ရဲ့ Logo သည် သင့် ရဲ့ business နှင့်ဆက်နွယ်သည့် meaning မျိုးရှိသင့်ပါသည်။ Consumer တွေရဲ့စိတ်ကို လွှမ်းမိုးနိုင်မည့် specific & unique ဖြစ်ကိုဖြစ်ရပါမည်။

(၂) “ Your Logo solidifies consumer loyalty”

သင့် company, သင့် logo ကို consumers တွေယုံကြည်မှုရှိအောင် တည်ဆောက်နိုင်ရပါမယ်။ သင့် ရဲ့ branding Logo ကို ဘယ်နေရာ၊ ဘယ်အချိန်မှာဖြစ်ဖြစ် မြင်လိုက်တာနဲ့ စားသူသုံးတွေ ယုံကြည်မှုရှိရှိဝယ်ယူသုံးစွဲနိုင်ရပါမယ်။ အဲ့ဒါကို customers loyalty or brand loyalty လို့ခေါ်ပါတယ်။ သင့် ရဲ့ brand ကိုလည်း ယုံကြည်မှုရှိအောင်တည်ဆောက်ဖို့ မမေ့နဲ့နော်။

(၃) “Your Logo is your most powerful marketing tool”

ဈေးကွက်စီးပွားရေးကို သေချာကြည့်ကြည့်မယ်ဆိုရင်၊ logo ဟာ company တစ်ခုရဲ့ product တွေ ရောင်းချဖို့အတွက် အရေးကြီးတဲ့ main reason တစ်ခုဖြစ်လာပါတယ်။
For instance, “The brand Nike has a tremendous loyalty “ Nike မှာ ကြီးမားတဲ့သစ္စာရှိမှု ရှိပါတယ်။ “the best money can buy” ဆိုသကဲ့သို့
Nike’s ရဲ့ marketing strategy ဟာဆိုရင်တော့ အောင်မြင်နေတဲ့ အားကစားသမားတွေနဲ့ ဆက်နွယ်နေပါတယ်။ Nike ဟာ “top quality professional sports gear” ရဲ့ ထုတ်လုပ်သူ company အဖြစ်ရပ်တည်နေခြင်းဖြစ်ပါသည်။

Read More>>> လူငယ်နှင့် Marketing

(၄) “Your logo establishes ownership “

“A logo is like a signature“ Logo ဟာ သင့် business အတွက် အမှတ်အသားတစ်ခုပဲ ဖြစ်ပါတယ်။ ဥပဒေအရ သင်ဟာ logo ရဲ့ ပိုင်ရှင်ဖြစ်နေလျှင် သင့်logo ကိုသုံးပြီး အတုထုတ်နေသူများကို ဥပဒေဘောင်အတွင်းကနေ ဆန့်ကျင်လို့ရပါတယ်။ ဈေးပေါတဲ့ အတုလုပ်ထားတဲ့ branding product တွေဟာ ဈေးကွက်ထဲမှာ လွှမ်းမိုးနေတာ တတိယကမ္ဘာကြီးကဲ့သို့ပင် ဖြစ်နေပေသည်။ (ဥပမာအနေဖြင့်၊ Nike logo ပါတဲ့ဈေးပေါတဲ့ sneaker ကို သင်ဈေးကွက်ထဲမှာ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါသည်။ အတုထုတ်တဲ့သူတွေကို တရားစွဲနိုင်ပါသည်။ သို့သော်လည်း အတုများစွာထုတ်သော China ကိုမူ တရားမစွဲနိုင်ပေ။ သူတို့နိုင်ငံက သူတို့နိုင်ငံသားတွေကို ဥပဒေဖြင့် ကာကွယ်ပေးထားခြင်းဖြစ်သည်။)

Credit; Future Now

 

 

Read times
Rate this item
(0 votes)