-->
×

Warning

JUser: :_load: Unable to load user with ID: 29


BIG BAD WOLF စာအုပ်ပွဲတော်ကို ကိုဗစ်ကြောင့် အွန်လိုင်းမှ ကျင်းပသွားမည်

မြန်မာနိုင်ငံတွင် စတုတ္ထအကြိမ်မြောက်ကျင်းပမည့် BIG BAD WOLF စာအုပ်ဈေးရောင်းပွဲတော်ကြီးကို အွန်လိုင်းစနစ်ဖြင့် ပြုလုပ်ရောင်းချသွားမည်ဖြစ်ပြီး ဒီဇင်ဘာလနှောင်းပိုင်းတွင် ကျင်းပသွားမယ်လို့သိရှိရပါသည်။

 

အဆိုပါ "ကမ္ဘာ့အကြီးဆုံးစာအုပ်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကြီး" တွင် အင်္ဂလိပ်ဘာသာစကား စာအုပ်များကို BIG BAD WOLF ၏ တရားဝင်ဝက်ဘ်ဆိုက်မှ တစ်ဆင့် ဒီဇင်ဘာ ၂၃ ရက် မှ ၃၀ ရက်အထိ ၈ ရက်တိတိ ၉၀ ရာခိုင်နှုန်းအထိ အထူးလျှော့ဈေးဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။

 

ရန်ကုန်၊ ဒီဇင်ဘာ ၁၀၊၂၀၂၀ ။ ။ ကမ္ဘာ့အကြီးဆုံးစာအုပ်ဈေးပွဲတော်ဖြစ်သော Big Bad Wolf Book Sale သည် စာပေချစ်သူများ အတွက် မြန်မာနိုင်ငံတွင် စတုတ္ထအကြိမ်မြောက် ပြုလုပ်ကျင်းပသွားမည်ဖြစ်ပြီး ဒီဇင်ဘာ ၂၃ ရက် မှ ၃၀ ရက် အထိ ၈ ရက်တိုင်တိုင်Big Bad Wolf ၏ တရားဝင် ဝက်ဘ်ဆိုက်မှ တစ်ဆင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချပြုလုပ်သွားမည် ဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်ကြေညာလိုက်သည်။

 

Big Bad Wolf Book Sale သည် Covid – 19 ဖြစ်ပွားနေသော ကာလအတွင်းတွင် စာအုပ်များကို လုံခြုံစိတ်ချစွာ ဝယ်ယူနိုင်ရန်အတွက် ဝက်ဘ်ဆိုက်မှ ဝယ်ယူနိုင်သည့် ပုံစံအသစ်ဖြင့် စီစဉ်ထားရှိခြင်းဖြစ်သည်။ အဆိုပါ Big Bad Wolf Book Sale တွင် အင်္ဂလိပ်ဘာသာစကား စာအုပ်အရေအတွက် သန်း ၂၀ နှင့် စာအုပ်ခေါင်းစဉ် အမျိုးအစား ၄၀,၀၀၀ ကျော်တို့ကို ၎င်းတို့၏ လက်လီဈေးနှုန်းများမှ ၉၀ ရာခိုင်နှုန်းအထိ လျှော့ဈေးဖြင့် ရောင်းချပေးမည် ဖြစ်သည်။

 

မြန်မာနိုင်ငံမှ စာပေချစ်သူများအနေဖြင့် ယခုနှစ်တွင် စာအုပ်အမျိုးအစားများစွာကို အွန်လိုင်းမှ တစ်ဆင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး အရောင်းရဆုံးစာအုပ်များ၊ သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းများ၊ အချစ်ဝတ္ထုများ၊ စာပေဆိုင်ရာစာအုပ်များ၊ ဂရပ်ဖစ်ဝတ္ထုများ၊ စီးပွားရေးစာအုပ်များ အစရှိသည်တို့ကို ဝက်ဘ်ဆိုက်တစ်ခုတည်း၌ တစ်စုတစ်စည်းတည်း အဆင်ပြေပြေ ရှာဖွေဝယ်ယူနိုင်မည်ဖြစ်သည်။

 

Big Bad Wolf သည် ၎င်း၏ အမျိုးအစား စုံလင်လှသော ကလေးစာအုပ်များကြောင့်လည်း လူသိများလျက်ရှိပြီး ယခု ဈေးရောင်းပွဲတော်တွင်လည်း ကလေးငယ်များအနေဖြင့် မိဘများနှင့်အတူ နေအိမ်တွင် လုံခြုံစွာ ဖတ်ရှုနိုင်ရန်အတွက် ပုံပြင် စာအုပ်များ၊ လှုပ်ရှားမှုစာအုပ်များ၊ ရုပ်ပြစာအုပ်များ၊ ဆေးရောင်ခြယ်စာအုပ်များ၊ ရုပ်ပုံစာအုပ်များနှင့် Interactive ပြုလုပ် နိုင်သော စာအုပ်များကိုပါ ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။

 

Big Bad Wolf Books ကို ပူးတွဲတည်ထောင်သူ Jacqueline Ng က “ ဒီနှစ်အစောပိုင်း ကပ်ရောဂါ စဖြစ်ကတည်းက ကျွန်မတို့ရဲ့ အဓိက ဦးစားပေးဟာဆိုရင် ဈေးဝယ်သူတွေနဲ့ ဝန်ထမ်းတွေရဲ့ လုံခြုံမှုပါပဲ” ဟု ပြောကြားခဲ့သည်။“ဒါပေမဲ့လည်း စာဖတ်သူမျိုးဆက်သစ်တွေ တည်ဆောက်ဖို့နဲ့ စာဖတ်ခြင်းရဲ့ ပျော်ရွှင်ဝမ်းမြောက်မှုကို ဖြန့်ဝေရမယ်ဆိုတဲ့ ကျွန်မတို့ရဲ့ ဦးတည်ချက်ကို အခုဖြစ်နေတဲ့ အခြေအနေတွေကြောင့် အဟန့်အတားဖြစ်ခံမှာ မဟုတ်ပါဘူး။

 

ကျွန်မတို့အဖွဲ့ရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ စာအုပ်ချစ်သူတွေအတွက် သူတို့ရဲ့ အကြိုက်ဆုံး စာအုပ်တွေကို စာအုပ်ရောင်း ပွဲတော်မှာ လက်လှမ်းမီတဲ့ ဈေးနှုန်းတွေနဲ့ ရရှိနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ e-commerce ပလက်ဖောင်းအသစ်နဲ့ဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ လူတိုင်းဟာ ဘယ်နေရာကနေမဆို ဒီနှစ် Big Bad Wolf Book Sale ကနေ စာအုပ်တွေကို လုံခြုံစိတ်ချစွာ ဝယ်နိုင်မှာပါ" ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံအတွင်း အသွားအလာကန့်သတ်ချက်များနှင့် Social Distancing များကြောင့် Big Bad Wolf အွန်လိုင်း စာအုပ်ဈေးရောင်းပွဲတော်မှ တစ်ဆင့် စာအုပ်များကို သက်သောင့်သက်သာ ဝယ်ယူနိုင်ပြီး များစွာသော စာအုပ်များနှင့်အတူ လူအများအိမ်တွင် နေထိုင်ခြင်းဖြင့် ပျော်ရွှင်ဖွယ်ရာ အချိန်များပိုင်ဆိုင်နိုင်စေရန် မျှော်လင့်သည်။ ထိုကြောင့် Big Bag Wolf သည် Scholastic Interesting Facts ၊ White Star Classic Fairy Tales နှင့် Magical Books Deal စသည့် အမျိုးအစားများတွင် စိတ်လှုပ်ရှားဖွယ်ကောင်းသော ပရိုမိုးရှင်းများကို ကမ်းလှမ်းထားမည်ဖြစ်သည်။ စာဖတ်သူများအနေဖြင့် Free Shipping ကဲ့သို့သော အထူးအခွင့်အရေးများကိုလည်း ခံစားခွင့်ရရှိနိုင်မည်ဖြစ်သည်။

 

မြန်မာနိုင်ငံတွင် အွန်းလိုင်းကနေ ကျင်းပပြုလုပ်ရောင်းချသွားမည့် Big Bad Wolf Book Sale ၏ တရားဝင်ဝက်ဘ်ဆိုက် လိပ်စာကို မကြာမီ သတင်းထုတ်ပြန်သွားမည်ဖြစ်ပြီး Online Book Sale ၏ နောက်ဆုံးသတင်းများကို Big Bad Wolf Book ၏ Facebook စာမျက်နှာတွင်လည်း https://www.facebook.com/bbwbooksmm/ ကြေညာသွားမည်ဖြစ်သည်။

 

မလေးရှားနိုင်ငံ Petaling Jaya တွင် ၂၀၀၉ ခုနှစ်၌ စတင်တည်ထောင်ခဲ့သော Big Bad Wolf စာအုပ်အရောင်းပွဲတော်သည် မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ မြောက်ကိုရီးယား၊ UAE နိုင်ငံများ၊ ပါကစ္စတန်၊ ထိုင်ဝမ်နှင့် နောက်ဆုံး ပါဝင်လာသော စင်္ကာပူ တို့အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံရှိ မြို့ ၃၄ မြို့တွင် လှည့်လည် ကျင်းပလျက်ရှိသည်။ မြန်မာနိုင်ငံတွင် နောက်ဆုံးကျင်းပခဲ့သော Big Bad Wolf စာအုပ်အရောင်းပွဲတော်ကို မကြာသေးမီက ရန်ကုန်မြို့၌ ယခုနှစ် ဇန်နဝါရီလ ၁၀ရက်မှ ၂၀ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည်။

 


Big Bad Wolf Book စာအုပ်ဈေးပွဲတော်အကြောင်း
============================

 

Andrew Yap နှင့် Jaqueline Ng တို့သည် Big Bad Wolf Book Sale ကို ၂၀၀၉ ခုနှစ်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ နိုင်ငံတကာစာပေဖြန့်ဖြူးသူများထံမှ ပိုနေသောစာအုပ်များဖြင့် Warehouse Sale အဖြစ် စတင်ခဲ့သည်။ ချိုသာသော နှုန်းထားများနှင့် စာအုပ်များကို အလွယ်တကူရရှိနိုင်မှုတို့သည် ကြီးမားသော ဆွဲဆောင်မှုဖြစ်ခဲ့ပြီး Big Bad Wolf Sale သည် အချိန်တိုအတွင်းမှာပင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အထင်ကရဖြစ်လာခဲ့သည်။

 

အင်္ဂလိပ်စာအုပ်အသစ်စက်စက်များကို လက်လီနှုန်းများ၏ ၇၅ ရာခိုင်နှုန်းမှ ၉၅ ရာခိုင်နှုန်း အထိ လျော့ဈေးများဖြင့် ရောင်းချခြင်းနှင့် အသက်အရွယ်မရွေး လူများအားလုံးကို လက်လှမ်းမီစေပြီး စာပေဖတ်ရှုခြင်း၏ ပျော်ရွှင်မှုကို ရှာဖွေရာတွင် အားပေးရန် မူလ ရည်ရွယ်ချက်ဖြင့် Big Bad Wolf သည် Fiction၊ Non-fiction Bestsellers၊ Young Adult Fiction များနှင့် ကလေးဖတ် စာအုပ်အတွဲများ အပါအဝင် စာပေအမျိုးအစားအစုံအလင်ကို ရောင်းချပေးလျက်ရှိသည်။

 

စာအုပ်အရောင်းပွဲတော်သည် မလေးရှားနိုင်ငံရှိ မြို့များသို့ လှည့်လည် ကျင်းပခဲ့ပြီးနောက် ကမ္ဘာတစ်လွှားရှိ စာဖတ်သူများအတွက် လက်လှမ်းမီအောင် ပြုလုပ်နိုင်ရန် ရည်ရွယ်ချက်ကို ရပ်တန့်မပစ်ဘဲ နိုင်ငံရပ်ခြားနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ ပါကစ္စတန်၊ ကိုရီးယားနှင့် UAE နိုင်ငံ များသို့ပါ ခြေဆန့်လျက်ရှိသည်။

 

Myanmar Advertising Guide 

Read times
Rate this item
(0 votes)