-->
×

Warning

JUser: :_load: Unable to load user with ID: 29


Marketing Agency တွေမှာ ပြောနေကြတဲ့ KV( Key Visual) ဆိုတာ ဘာလဲ??

Marketing Agency တွေမှာ ပြောနေကြတဲ့ KV( Key Visual) ဆိုတာ ဘာလဲ?? google.com

Marketing Agency, Creative Agency တွေမှာ တတိယအများဆုံးကြားနေကျစကားဖြစ်တဲ့ ကျနော်တို့ KV လို့ အလွယ်ခေါ်ခေါ်နေတဲ့ Key Visual ဆိုတာက

ခေါ်ရတာလွယ်သလောက် တစ်ကယ်လုပ်ရင် အုံးစားတဲ့အရာဖြစ်ပါတယ်။သူရဲ့စာသားကိုကြားလိုက်တာနဲ့ တစ်ကယ်ကိုကျစ်လစ်ပြီး တစ်ကယ်ကိုဆရာကျတဲ့ Visual Design တစ်ခုဆိုတာ ပြောစရာကိုမလိုပါဘူး။ဒါဆို ဒီဆရာကြီးကို ဘယ်နေရာတွေမှာဘယ်လိုတွေသုံးလည်းဆိုတာသိဖို့အရေးကြီးလာပြီပေါ့။

ဟင်…..Visual Design ဆိုမှတော့ ကြော်ငြာတွေမှာသုံးမှာပေါ့ဗျာ” လို့ပြောရင် အပြည့်အ၀ မမှန်သေးပါဘူး။

KV or Key Visual ဆိုတာ ဒီဇိုင်းတစ်ခုဆိုတာမှန်တယ်။သူ့ကို Advertising Campaign အတွက် guideline or visual reference အဖြစ်သုံးကြတယ်။ အမိုက်စား KV တစ်ခုဟာ ရှင်းလင်းတိကျဆွဲဆောင်မှုရှိပြီး target audience ကို ကျနော်တို့ပြောချင်တဲ့ communication tone နဲ့ emotions တွေကို အကောင်းဆုံးဖော်ပြပေးနိုင်ရပါတယ်။ရှင်းရှင်းပြောရရင် သူ့ကိုကြည့်လိုက်တာနဲ့ target audient ကိုဘာပြောချင်တာလည်းဆိုတာ တန်းကနဲ သိနေရမယ်။ သူ့ရဲ့အဓိက အလုပ်ကတော့ creative team က ဖန်တီးလိုက်တဲ့ ကြော်ငြာမှာသုံးမယ့် ideas, elements, fonts, color palette စတာတွေကို အတိအကျအကျစ်လစ်ဆုံးဖော်ပြပေးတယ်။ KV တွေကိုကြည့်လိုက်ရင် ads poster တွေနဲ့တူနေပေမယ့် သူ့ကို ဘယ်တော့မှ public ကိုကြော်ငြာမှာမဟုတ်ပါဘူး။သူဟာ Agency နဲ့ Brand owner တွေကြားထဲက internal tool တစ်ခုသာဖြစ်ပါတယ်။

KV တစ်ခုဟာ ကြော်ငြာဒီဇိုင်းတစ်ခုထက်ပိုပါတယ်။ တစ်ခါတစ်လေ KV တစ်ခုကိုကြည့်ရတာ ပုံပြင်တစ်ပုဒ်ကို နားထောင်နေရသလိုလို….ဇာတ်လမ်းတစ်ခုကိုကြည့်နေရသလိုလို…..ပြီးတော့ သူဟာ Brand ရဲ့ Identity ကို အကောင်းဆုံး ဖော်ပြနေနိုင်တဲ့ ဆရာကြီးလည်းဖြစ်ပါတယ်။ဒါကြောင့်မို့လို့ပဲ သူဟာ ပုံမှန်ဒီဇိုင်းတွေ လိုဂိုတွေထက် ပိုစွမ်းအားရှိနေတာပဲဖြစ်ပါတယ်။တစ်ခါတစ်လေ movie poster နဲ့တောင်ခပ်ဆင်ဆင်ဖြစ်နေတတ်တာတွေ့ရပါတယ်။

KV တစ်ခုကိုကြည့်လိုက်တာနဲ့ သူ့ကိုဖန်တီးထားတဲ့ creative team ရဲ့ အဆင့်အတန်းကို ခန့်မှန်းနိုင်ပါတယ်။ဘာလို့လဲဆိုရင် ဒီ KV ဆိုတာကြီးထဲမှာ creative director တစ်ယောက်ရဲ့ concept တွေ, copywriter တစ်ယောက်ရဲ့ ဆွဲဆောင်မှုရှိတဲ့ စကားလုံးတွေ, Art director တစ်ယောက်ရဲ့ အမှားအမှန်ဝေဖန်ပိုင်းခြားပြထားတာတွေ, visualizer တစ်ယောက်ရဲ့ အနုပညာတွေ, graphic designer တစ်ယောက်ရဲ့ အမိုက်စားဖန်တီးမှုတွေ ပေါင်းစပ်ပါဝင်နေလို့ပါပဲ။ KV ဆိုတာ creative team ရဲ့ ရင်သွေးလို့ အမွှန်းတင်လို့ရပါတယ်။
ဒါကြောင့် ဘယ် KV ကိုမှ ပေါ့ပေါ့တန်တန် မလုပ်မိဖို့နဲ့ KV ထဲက အစက်လေးတစ်စက်ကိုတောင် သတိထားလုပ်ဆောင်ဖို့လိုအပ်လှပါတယ်။

Source: Advertising in myanmar

Read times
Rate this item
(1 Vote)