-->
×

Warning

JUser: :_load: Unable to load user with ID: 29


အောင်မြင်တဲ့သူတိုင်း ဘယ်လိုစာအုပ်တွေ ဖတ်ခဲ့တာလဲ..

အောင်မြင်တဲ့သူတိုင်း ဘယ်လိုစာအုပ်တွေ ဖတ်ခဲ့တာလဲ.. google.com

လူငယ်တွေဆီက ဘာစာအုပ်ဖတ်ရမလဲဆိုတဲ့ မေးခွန်းကို အကြိမ်ကြိမ် အမေးခံနေရပါတယ်။

 

ကျနော့်အနေနဲ့ ဘာစာအုပ်ဖတ်သင့်တယ်လို့ မညွှန်းခဲ့ပါဘူး။ မညွှန်းရတဲ့ အကြောင်းက ပြည်ပမှာ အနေကြာလို့ မြန်မာပြည်က စာအုပ်တွေနဲ့ အထိအတွေ့နည်းတာရယ်၊ မေးသူရဲ့ ပညာအရည်အချင်း၊ စာဖတ်သက် ဘယ်လောက်ရှိပြီကို မသိပဲ ရမ်းသန်းမဖြေချင်လို့ပါ။


နောက်တစ်ခုက သူ ဘာကြောင့် စာဖတ်ချင်တယ်ဆိုတာကို သိမှ ဖြေလို့ကောင်းပါတယ်။ ခေါင်းဆောင်လုပ်ချင်ရင် ခေါင်းဆောင်မှုပညာနဲ့ ပတ်သက်တဲ့ စာအုပ်၊ စတော့ရှယ်ယာအကြောင်း သိချင်ရင် အဲဒါနဲ့ပတ်သက်တဲ့ စာအုပ်၊ စသဖြင့် ညွန်းလို့ရပါတယ်။
အခု ကြီးပွားချမ်းသာချင်လို့ ဘာစာအုပ်တွေ ဖတ်ရမလဲလို့ မေးလာသူတွေအတွက် အမေရိကန်နိုင်ငံက မီလျံနာသူဋ္ဌေးတွေ အများဆုံး ဖတ်ကြတဲ့ စာအုပ် အမျိုးအစားတွေကို ရေးပြပေးလိုက်ပါတယ်။
- Carrier related books (
မိမိလုပ်ငန်းနဲ့ သက်ဆိုင်သောစာအုပ်များ)
- How-to books (
ဘယ်လိုလုပ်ရမလဲဆိုတဲ့ စာအုပ်များ ဥပမာ - ဟင်းချက်နည်း၊ ကားပြင်နည်းစတာမျိုးပါ)
- History books (
သမိုင်းစာအုပ်များ)
- Biographies of successful people (
အောင်မြင်သူတွေအကြောင်းရေးထားတဲ့ အထုပ္ပတိစာအုပ်များ)
- Self-help books (
ကိုယ်ရည်ကိုယ်သွေး မြင့်မားတိုးတက်ရေးစာအုပ်များ - မြန်မာအခေါ် တက်ကျမ်းမျိုးပေါ့)
- Health-related books (
ကျန်းမာရေးဆိုင်ရာစာအုပ်များ)
- Current events books (
လတ်တလောအဖြစ်အပျက်တွေအကြောင်း ရေးထားတဲ့စာအုပ်များ)
- Books on memory improvement and learning (
မှတ်ဉာဏ် ထက်သန်စေဖို့ လေ့ကျင့်ရေးစာအုပ်များ)
- Psychology books (
စိတ်ပညာဆိုင်ရာစာအုပ်များ)
- Leadership books (
ခေါင်းဆောင်မှုပညာစာအုပ်များ)
- Science books (
သိပ္ပံဆိုင်ရာစာအုပ်များ)
- New age books that offer inspiration and create a positive mental outlook (
စိတ်ဓါတ်တက်ကြွစေရေးနဲ့ အကောင်းမြင်ဝါဒဆိုင်ရာ ခေတ်သစ်စာအုပ်များ)
တနေ့ကို အနည်းဆုံး နာရီဝက်လောက်တော့ စာအုပ်ကို ဖတ်ဖြစ်အောင် ဖတ်ပါ။ အဲဒါကို မပျက်မကွက် လုပ်လို့ရှိရင် သင်ဟာ နှစ်အနည်းငယ်အကြာမှာ သင့်ပါတ်ဝန်းကျင်က လူတွေထက် ခေါင်းတလုံး သာလာပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ စာဖတ်သူတွေ မဟုတ်ကြလို့ပါ။ နောက်ပြီး သင်ဟာ ထိပ်ဆုံးကလူ ၅ ရာခိုင်နူန်းထဲက တစ်ယောက် ဖြစ်လာပါလိမ့်မယ်။
သင်ဖတ်နေတဲ့စာအုပ်တွေမှာ အဲဒီအထဲက ဘယ်နှစ်မျိုးပါနေပါသလဲ။
မှတ်ချက်။ အင်တာနက်မှာ ဖတ်ရတဲ့ Tom Corley ရေးတဲ့ "How Many Books Does the Average Self-Made Millionaire Read?" ဆိုတဲ့ ဆောင်းပါးတိုလေးကို မှီးရေးလိုက်တာပါ။
Credit; Bamawtheinp

Read more:   Creative သမားတစ်ယောက်ဖြစ်ဖို့ ကျင့်စဉ် ( ၉) ချက်

Read times
Rate this item
(1 Vote)