-->

အင်စတာဂရမ်က သူ့ရဲ့မူဝါဒအချို့ကို ပြောင်းလဲမှုများ ပြုလုပ်လိုက်ပါတယ်။

Published in Global

ကျွန်တော်က Facebook, Instagram နဲ့ အခြားသော Social Media အားလုံးကို အလွံအကျွံ ၊ နေ့ညမအိပ် သုံးစွဲခဲ့ဖူးသလို Mobile Phone မကိုင်ပဲ ဘာ Internet မှမသုံးပဲ နေဖြစ်ခဲ့တဲ့ကာလတွေလည်းရှိခဲ့တယ်။ အဲ့အတွက် Social Media သုံးခြင်း၊ မသုံးခြင်းက လူတစ်ယောက်အပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိနိုင်လဲ ကြည့်ကြရအောင်...

Social Media အသုံးပြုခြင်းဖြင့် ရရှိလာနိုင်မယ့် ကောင်းကျိုးတွေကတော့...

(၁) အိပ်ချိန်၊ ထချိန် တိကျလာတယ်။ တချို့နေ့တွေမှာဆို မနက်စောစောထပြီး လေ့ကျင့်ခန်းလုပ်ဖြစ်တာမျိုးတောင်ရှိတယ်။

(၂) မိသားစုနဲ့ပတ်ဝန်းကျင်က လူတွေနဲ့ပိုအချိန်ဖြုန်းဖြစ်တယ်။ ကိုယ့်ဘေးနားက လူတွေကိုပိုဂရုစိုက်လာနိုင်တယ်။

(၃) ဘာမှလုပ်စရာမရှိလှတော့ စာအုပ်တွေသေချာဖတ်ဖြစ်တယ် ။

(၄) Social Medias ပေါ်က သူများတွေရဲ့ဘဝတွေ၊ မျိုးစုံသုံးဖြုန်းပြတာတွေ၊ Hate Speech တွေမမြင်ရတဲ့အတွက် လူကတော်တော် စိတ်အေးချမ်းသာရှိတယ်။

(၅) တတ်နိုင်သမျှ ကိုယ့်အလုပ်ကိုယ်လုပ်ဖြစ်လာတယ်။ ဂစ်တာတီးဖြစ်တယ်၊ ဟင်းတွေချက်ဖြစ်တယ်၊ အိမ်သန့်ရှင်းရေမကြာခဏ လုပ်ဖြစ်တယ်။

(၆) ဖုန်းမရှိနေတော့ခရီးသွားရတဲ့ အခါမျိုးတွေမှာဆို ပတ်ဝန်းကျင်သဘာဝတွေကို သေချာခံစားမိလာတယ်။

Read More>>> ဒီဂျစ်တယ်မားကတ်တင်းပြုလုပ်နေသူတွေ မဖြစ်မနေရှိသင့်တဲ့နည်းဗျူဟာများ

Social Media အသုံးပြုခြင်းဖြင့် ရရှိလာနိုင်မယ့် ဆိုးကျိုးတွေကတော့...

(၁) ခေတ်ကိုလုံးဝ လိုက်မမှီတော့ဘူး။ တစ်ခုခုသိချင်ရင် လက်ဖက်ရည်ဆိုင်ထိုင်၊ ဂျာနယ်ဝယ်ဖတ်ရတယ်။

(၂) ဝေးနေတဲ့ဘော်ဒါတွေနဲ့ လုံးဝအဆက်အသွယ်ပြတ်သွားတယ် ။

(၃) တချို့ရက်တွေမှာ တော်တော်အထီးကျန်တယ်လို့ ခံစားရတယ် ။

(၄) ဆော်မရတော့ဘူး။

ဒါကတော့ Social Media သုံးခြင်း၊ မသုံးခြင်းက လူတစ်ယောက်အပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရရနိုင်မလဲဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။

Credit ; လူငယ်မီဒီယာ

 

Published in How To

စမတ်ဖုန်းတွေကိုဖုန်းဆက်ဖို့ထက် ဖုန်းပွတ်ဖို့အတွက် အချိန်ပိုသုံးဖြစ်ကြတယ်။ ကမ္ဘာတစ်လွှားမှာ ဖုန်းသုံးစွဲသူဦးရေ  ၂ ဒသမ ၇ ဘီလျံ ရှိနေတယ်။ သူတို့ရဲ့တစ်နေ့တာမှာ ဖုန်းပွတ်ချိန်ပျမ်းမျှအားဖြင့် (၄)နာရီအထိရှိပါတယ်။

Published in Digital Marketing

၂၀၁၉ ရဲ့ပထမသုံးလပတ် ဝင်ငွေတိုးတက်မှုမှာ အမေရိကန်ဒေါ်လာ ၅၂၁ ဘီလီယံတန်ဖိုးရှိတဲ့ Social Network’s Image-sharing Unit နဲ့ ထိပ်တန်းကုမ္ပဏီတွေထဲမှာ Instagram က အဓိကနေရာ ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

Published in Global

ဖေ့ဘုတ်ဟာ တစ်နှစ်ထက်တစ်နှစ် User တွေကို ၀န်ဆောင်မှုတွေပေးနေသလို သူ့ရဲ့ တင်းကြပ်မှုတွေဟာလည်း တစ်စထက်တစ်စ မြင့်တက်လာခဲ့ပါတယ်။

Published in How To

Instagram ရဲ့ လေ့လာစမ်းသပ်ချက်တွေမှာ Update အနေနဲ့ ထွက်လာနိုင်ဖွယ်ရှိတဲ့ သတင်းတစ်ခု ကိုဖော်ပြပေးသွားပါမယ်။

Published in Global

Facebook ရဲ့ လူမှုမီဒီယာ ဆော့ဖ်ဝဲများအတွက် အပြောင်းအလဲများကို Mark Zukerberg က ကြေညာခဲ့ပါတယ်။

Published in Global

အင်စတာဂရမ်ကို ဧပြီလ ၁၉ ရက်နေ့က အသစ်မိတ်ဆက်လိုက်တဲ့ Feature အသစ်ကတော့ အင်တာဂရမ်မှာ ကိုယ်နှစ်သက်ရာ Brand တွေ ၊ Shop တွေကနေ Application out စရာမလိုပဲ ပစ္စည်းတွေ စိတ်ကြိုက်ဝယ်လို့ရနေပါပြီ။ 

Published in Digital Marketing

တိုးတက်လာတဲ့ ခေတ်ရေစီးကြောင်းအရ Social Media Platform တွေဖြစ်တဲ့ Facebook, Twitter, Instagram, LinkedIn အစရှိတဲ့ Social Media Platform တွေပေါ်မှာ စီးပွားရေးလုပ်ငန်း တွေကိုလုပ်ကိုင်လာကြပါပြီ။

Published in Digital Marketing

လူ့ဖြူအမျိုးသားရေးဝါဒဆိုင်ရာ ခွဲခြားပြောဆိုရေးသားမှုများကို ချီးကျုးပြောဆိုတာမျိုး ဒါမှမဟုတ် ထောက်ခံတာ၊ ကိုယ်စားပြုရေးသားတာမျိုးတွေကို ဖယ်ရှားပိတ်ပင်သွားမယ်လို့ လူမှုကွန်ယက် မီဒီယာ Facebook ကပြောကြားလိုက်ပါတယ်။

 

Facebook နဲ့ကုမ္ပဏီတစ်ခုတည်းဖြစ်တဲ့ Instagram ဟာလည်း လူ့ဖြူအမျိုးသားရေးဝါဒဆိုင်ရာ ခွဲခြားပြောဆိုရေးသားမှုများကို ဖယ်ရှားပိတ်ပင်သွားမှာ ဖြစ်ပါတယ်။

 

Facebook မှ  အကြမ်းဖက်အုပ်စုတွေရဲ့ အဖျက်၊ အမှောက် လုပ်ရပ်တွေကို ခွဲခြားစိတ်ဖြာပြီး ပိတ်ပင်မှုတွေဆောင်ရွက် ပြုလုပ်ရာမှာ တိုးတက်စေရန် ကတိပြုလိုက်ပါတယ်။

 

ရန်လိုသောအရေးအသားတွေနဲ့ ရှာဖွေမှုတွေပြုလုပ်ပါက လက်ယာအစွန်းရောက် အကြမ်းဖက်ဝါဒကို တိုက်ဖျက်သော ပရဟိတ စာမျက်နှာသို့ရောက်သွားအောင် ဖန်တီးမှာဖြစ်ပါတယ်။

 

နယူးဇီလန်မှာပြုလုပ်သွားသော ဗလီနှစ်ခုကိုအကြမ်းဖက်မှုအား Facebook တွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီးနောက်မှာ လူမှုကွန်ယက်မီဒီယာ အပေါ်ဖိအားများလာခဲ့ပါတယ်။

သင့်ကြော်ငြာ Video ကို ကြည့်ရှုသူတွေများလာစေမယ့် အချက်များ

လူမျိုးရေးခွဲခြားမှုများမပါဝင်ပါက လူ့ဖြူအမျိုးသားရေးဝါဒများရဲ့ ရေးသားဖော်ပြချက်များကို လူမှုကွန်ယက်မီဒီယာကုမ္ပဏီက ခွင့်ပြုပေးထားပါတယ်။

 

လူဖြူတိုင်းရင်းသားပြည်နယ်များပေါ်လာရေး တောင်းဆိုရေးသားမှုများပင် လူမှုကွန်ယက်မီဒီယာများပေါ်တွင် ရှိလာခဲ့ပါတယ်။

 

ဒါပေမယ့် ၃လတိုင်အောင် အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ ပညာရှင်များနဲ့ တိုင်ပင်ဆွေးနွေးခဲ့ပြီးနောက် အမျိုးသားရေးဝါဒများရဲ့ ရေးသားချက်များမှာ လူဖြူအမျိုးသားရေးကြီးစိုးမှုဝါဒနဲ့ မကွာကြောင်းဖော်ပြခဲ့ပါတယ်။

 

ဖွဲ့စည်းထားသော လူမျိုးရေးအမုန်းအုပ်စုများရဲ့ အထင်အမြင်များကို လူမှုကွန်ယက်ပေါ် ရောက်မလာစေရန် ပိတ်ပင်မှုများလုပ်မည်ဟု Facebook ကဆိုပါတယ်။

 

နိုင်ငံတော်တော်များများရဲ့ အစွန်းရောက် အကြမ်းဖက်အုပ်စုများက သူတို့ရဲ့ အယူအဆများကို လူမှုကွန်ယက်ပေါ်မှာ ဖြန့်ချီတက်ကြပါတယ်။

 

Source; The Voice

Myanmar Advertising Directory

Published in Digital Marketing
Page 1 of 2