-->
×

Warning

JUser: :_load: Unable to load user with ID: 29


Instagram မှ အသစ်ထည့်ထားတဲ့ Branded Content Ads များအကြောင်း

Instagram မှ အသစ်ထည့်ထားတဲ့ Branded Content Ads များအကြောင်း Google

Branded Content တွေဆိုတာဟာ လက်ရှိခေတ်ရေးစီးကြောင်းအရဆိုရင်တော့ တစ်ရက်ပြီးတစ်ရက် တိုးတက်လာနေတဲ့ Ecosystem တစ်ခုလို့ဆိုနိုင်ပါတယ်။

စီးပွားရေးလုပ်ငန်းတွေနဲ့ Branded Content Deal တွေကို ဖန်တီးသူတွေအတွက် မှန်ကန်တဲ့ Tools တွေကို တည်ဆောက်ရာမှာ Brand ဖက်ကနေ အတောင်းဆို အခံရဆုံးသော အချက်တစ်ချက် ရှိနေပါတယ်။ အဲဒါကတော့ Advertising Strategy တွေမှာ Branded Content Post တွေ ဘယ်လိုတစ်စိတ်တစ်ဒေသပါဝင်ခြင်းဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရှိနိုင်သလဲဆိုတာပါပဲ။ အခုဆို Organic Branded Content Post တွေကို Feed နဲ့ Stories Ad တွေ အနေနဲ့ Advertisers တွေ ဖန်တီးနိုင်ပြီဆိုတော့

Branded Content Ads တွေနဲ့ မိတ်ဆက်ခြင်း

(၆၈)ရာခိုင်နှုန်သော လူတွေ Instagram ကို ဘာလို့ရောက်လာသလဲလို့မေးရင် Creator တွေနဲ့ အပြန်အလှန်အကျိုးသက်ရောက်မှု ပြုချင်လို့ဆိုပြီးပဲ ဖြေကြမှာပါပဲ။ ကျွန်တော်အခုပြောပြမယ့် branded content နဲ့ဆိုရင် လုပ်ငန်းတွေအားလုံးနီးပါးအတွက် သူတို့ရဲ့ brand story တွေကို ပြောပြနိုင်ဖို့ အခွင့်အရေးကောင်းတွေ ရနိုင်တာမျိုး၊ Audience အသစ်တွေရနိုင်တာမျိုး၊ Impact တွေကို တိုင်းတာနိုင်တာမျိုး စတဲ့အကျိုးတွေလည်း ရနိုင်ပါတယ်။ Facebook မှာ အသင့်ရှိနေတဲ့ သုံးနေကျ Ads Platform တွေက Tools တွေကို အသုံးပြုမယ်ဆိုရင် အဲဒီလုပ်ငန်းဟာ Targeted Audience တွေကို Brand ကိုရော၊ Creator Account တွေကိုရောကိုပါ Follow မလုပ်ထားတာတောင် Reach ရောက်စေပါတယ်။ နောက်ပြီး Ad တွေကို Run ထားရုံနဲ့ Measurement ဆီမှာ Access ရှိကာ အကျိုးရှိအောင် အသုံးပြုနိုင်မှာဖြစ်ပြီး Campaign တွေကို ပိုပြီး Effective ဖြစ်စေဖို့အတွက် Set Goals တွေနဲ့ ချိန်ညှိစမ်းသပ်နိုင်ဦးမှာပါ။ ဒီလို ကြော်ငြာမျိုးတွေ Feed နဲ့ Stories မှာ ပေါ်လာခဲ့မယ်ဆိုရင် လူတွေက “Paid partnership with (brand နာမည်)” နဲ့ မြင်ရမှာကြောင့် Ads Transparency အတွက်လည်း အကျိုးရှိစေမှာပါ။

ဥပမာ Customers တွေဟာ Fashion နဲ့ ပတ်သက်တာတွေ ရှာဖွေချင်တယ်ဆိုရင် စိတ်ချရတဲ့ Source တွေဆီကနေ ရှာတတ်တာကို သိထားပြီးကြမှာပါ။ ဒါပေမဲ့ အဲဒီ Content တစ်ခုရဲ့ organic reach ဟာဆိုရင်တော့ Increasingly Limited ဖြစ်လာခဲ့ပါပြီ။ ဒါကြောင့် ကျွန်တော်တို့ဟာ နည်းနည်းခေတ်မီတဲ့နည်းလမ်း ဥပမာ Branded Content Ads တွေကို မှန်ကန်တဲ့ Audience တွေဖို့ အကျိုးရှိစေဖို့အတွက် အသုံးပြုဖို့ လိုအပ်လာပါတော့တယ်။ ဒီမှာမှ Influencer တွေကနေ တိုက်ရိုက် content တွေကို promote လုပ်တဲ့အခါ ပိုပြီး Authentic ဖြစ်စေတယ်လို့ လူတွေရဲ့စိတ်မှာခံစားစေရမှာကိုလည်း ထည့်တွက်သင့်ပါသေးတယ်။ နောက်ပြီး strategy အရဆိုရင်လည်း သိသိသာသာနဲ့ Engagement ပိုရစေမှာလည်း ဖြစ်ပါတယ်။

Branded Content ads တွေကို ဖန်တီးတဲ့နေရာမှာ အဓိကဖြစ်တဲ့ အဆင့်(၂)ဆင့် ရှိပါတယ်။ ပထမတစ်ဆင့်ကတော့ Branded Content creator တွေဟာ Advance Settings မှာ သွားလုပ်နိုင်မယ့် Business Partners တွေ သူတို့ရဲ့ Post နဲ့ Story တွေကို ကြောငြာတွေအဖြစ် ဖန်တီးမယ့်အချက်ပါ။ ဒီလိုလုပ်လိုက်တာနဲ့ Business Partner တွေဟာ အဲဒီ post ကို Existing Posts အောက်က Ads Manager မှာ သွားကြည့်နိုင်မှာဖြစ်ပြီး အဲဒါကို Feed မှာလား၊ Stories မှာလားရွေးကာ ကြော်ငြာတစ်ခုအဖြစ် run နိုင်မှာပါ။

Branded Content Feed Ads တွေဟာ ဘယ် Advertisers မဆိုအတွက် အဆင်သင့်ရှိနေတတ်ပြီးတော Branded Content Story ads တွေဟာလည်း အခုဆိုလည်း နိုင်ငံတကာအတွက် အသုံးပြုခံရဖို့ အဆင်သင့် ဖြစ်နေပါပြီ။ ဒါဟာ အစပဲရှိပါသေးတယ်။ ထပ်ပြီး လူတွေအတွက်ရော၊ လုပ်ငန်းတွေနဲ့ Creators တွေအတွက် သိပ်အကျိုးရှိစေတဲ့ Branded Content တွေကြောင်း ထပ်သိရဖို့ လုပ်ဦးမှာပါ။

Read More>>> ဒီဂျစ်တယ်ကြော်ငြာလက်ကမ်းစာစောင်ပြုလုပ်ခြင်းရဲ့အကျိုးကျေးဇူးများ

Branded Content Approvals

သူတို့ရဲ့ Branded Contet Feed post သို့မဟုတ် Story မှာ သင့်ရဲ့ လုပ်ငန်းကို Tag လုပ်ဖို့အတွက် အရင်ဆုံး Creator တွေကို ခွင့်ပြုပေးရမှာ ဖြစ်ပါတယ်။
(၁) Instagram app မှာဆိုရင်တော့ သင့်ရဲ့ လုပ်ငန်း profile က Setting ကို သွားလိုက်ပြီး Business ကို ရွေးလိုက်ပါ။
(၂) Branded Content ကိုရွေးပြီး Require Approvals ဆိုတဲ့ စာကို နှိပ်ကာ ကိုယ့်လုပ်ငန်းကို ဘယ် creator တွေ tag လုပ်နိုင်မယ်ဆိုတာ ဖွင့်ပေးလို့ ရနိုင်ပါပြီ။
(၃) ကိုယ်နဲ့တွဲလုပ်တဲ့ creators တွေက လုပ်ငန်းကို တန်း tag နိုင်အောင်ဆိုရင် Approved Accounts ကို ထပ်သွားပါ။
(၄) အဲဒီမှာ creator တွေရဲ့ account ကို search လုပ်ပြီး select မှတ်ပါ။
(၅) နောက်ဆုံးမှာတော့ သင် select မှတ်ထားတဲ့ creators မှန်သမျှ သင့်လုပ်ငန်းကို အလွယ်တကူ tag လုပ်နိုင်တော့မှာပဲဖြစ်ပါတယ်။

ဒီလို creator တွေက သင့်လုပ်ငန်းကို tag လုပ်ဖို့ ခွင့်ပြုခံရပြီဆိုတာနဲ့ Allow Business Partner to Promote ဆိုတာကိုလည်း opt လုပ်လို့ရသွားတော့မှာပါ။ ဒါဟာ လုပ်ငန်းဖက်ကနေပြီး Creator တွေတင်ထားတဲ့ Organic Branded Content Feed of Stories post တွေကို ကြော်ငြာပါဆိုပြီး ကိုယ့်ဆီမှာတစ်ခေါက်ပြန် promote လုပ်ခွင့်ရှိသွားတာကို ပြောဆိုလိုတာပဲဖြစ်ပါတယ်။ ကိုယ့်လုပ်ငန်းကို creator တွေကို ကြော်ငြာပေးတဲ့ Post ကို ကိုယ့်လုပ်ငန်းဖက်ကနေပြီး သူတို့ကတော့ ကြော်ငြာပေးနေပြီဆိုပြီး ပြန်ပြလို့ရနိုင်တာပေါ့။

Campaign Set Up- Ads Manager

သင့်လုပ်ငန်းကို Creator က Branded Content Post ထဲမှာ Tag လုပ်လိုက်ပြီ၊ အဲဒီ ကြော်ငြာ Post ကိုလည်း ထပ်ပြီး Promote လုပ်ဖို့ ခွင့်ပြုလိုက်ပြီဆိုတာနဲ့ Promote ပြန်လုပ်ပေးဖို့အတွက်..
(၁) Ads Manager ကိုသွားပြီး ကြော်ငြာတစ်ခုဖန်တီးပါ။
(၂) ကိုယ့်ရဲ့ Branded content အတွက် သူပေးထားတဲ့ Objective တစ်ခုကို ရွေးပါ။
(၃) Placement ဆိုတဲ့ အဆင့်မှာ Instagram Feed သို့မဟုတ် Stories နှစ်ခုထဲကတစ်ခုကို ရွေးလိုက်ပါ။
(၄) Ad Level မှာတော့ ကိုယ့်ရဲ့ Branded Content ဟာ Use Existing Post ဆိုတဲ့ နေရာမှာ ပေါ်နေပါလိမ့်မယ်။ Use Existing Post ကို နှိပ်ပြီး Select Post/Change Post ဆိုတဲ့ စာလုံးလေးကို နှိပ်လိုက်ပါ။
(၅) Select Post မှာတော့ Branded Content ဆိုတဲ့ဟာကို ထပ်နှိပ်ပါ။ အဲဒီမှာ creator ဖက်က ပြန် promote လုပ်ဖို့ပေးထားတဲ့ Branded Content Post တွေ အကုန်လုံးကို တန်းစီမြင်ရမှာဖြစ်ပြီး Instagram မှာ ကိုယ် Promote လုပ်ချင်တဲ့ဟာတစ်ခုကို ရွေးပြီး Promote လုပ်နိုင်ပါပြီ။
(၆) ကိုယ် promote လုပ်မယ့် ကြော်ငြာအတွက် preview မြင့်ရမှာဖြစ်တာကြောင့် အားလုံးအဆင်ပြေပြီဆိုမှ Confirm ကို နှိပ်လိုက်ပါ။

Promote လုပ်ထားတဲ့ Ad တစ်ခု ဖန်တီးပြီးပြီဆိုရင်တော့ Facebook ကနေ စီစစ်မှာဖြစ်ပြီး သူတို့ဖက်က approve ဖြစ်ပြီဆိုတာနဲ့ သင့်ကို အကြောင်းလှမ်းကြားကာ Instagram မှာ တစ်ခါတည်း သွားပေါ်စေတော့မှာပါ။ တစ်ခုရှိတာက ခင်ဗျားလုပ်လိုက်တဲ့ Branded Content ဟာ Feed မှာဖြစ်ဖြစ် Story မှာဖြစ်ဖြစ် ရလာတဲ့ Comment တွေနဲ့ ပတ်သက်ပြီး ဖျက်ခြင်းပြုခြင်းတစ်ခုမှ လုပ်လို့မရတာကို သတိထားမိနေရပါမယ်။ အခုအချိန်မှာတော့ Carousel post တွေမရသေးဘဲ ပုံနဲ့ ဗီဒီယိုသာ ရဦးမှာပါ။ ကိုယ့်ကြော်ငြာတွေဟာ live ဖြစ်ပြီဆိုတာနဲ့ Ad Manager မှာရှိနေတဲ့ Standard Ad Reporting Metrics တွေအားလုံးကို Access ရသွားမှာပဲဖြစ်ပါတယ်။

Credit; NZA

 

 

Read times
Rate this item
(1 Vote)