-->
×

Warning

JUser: :_load: Unable to load user with ID: 29


Social Media တစ်ခုချင်းဆီအလိုက် ကွဲပြားသွားတဲ့ Report ပုံစံများ

Social Media တစ်ခုချင်းဆီအလိုက် ကွဲပြားသွားတဲ့ Report ပုံစံများ goolge

Report တစ်ခုစမလုပ်ခင် မသိမဖြစ် သိထားသင့်သော အချက်များကို ပြောပြပေးချင်ပါတယ်။

အရေးကြီးဆုံးနဲ့ ပထမဦးဆုံးက ကိုယ်လုပ်နေတဲ့ Digital Marketing Channel တွေပါ။ ဘာဖြစ်လို့လဲဆိုတော့ Channel တစ်ခုခြင်းစီက ထွက်တဲ့ Report တွေက ကွာခြားပါတယ်။ ဥပမာ - Youtube ကထွက်တဲ့ Report နဲ့ Facebook က ထွက်ပေးတဲ့ Report နဲ့ Linked တို့ Twitter တို့ အစရှိသဖြင့် Platform တစ်ခုခြင်းစီတိုင်းက ထွက်တဲ့ Report တွေက ကွာခြားပါတယ်။

 

နောက်တစ်ခုက Platform တစ်ခုခြင်းစီတိုင်းမှာ တွက်တဲ့ ပုံစံလေးတွေလည်း ကွာတယ်။ ဥပမာ - Linkedin က Relationship ကို အများကြီးဦးစားပေးတယ် ကိုယ်နဲ့ Friend ဖြစ်နေတဲ့သူတွေရဲ့ Content တွေကို အရင်ဆုံးပြတယ်။ ပြီးရင် Facebook ကကျတော့ Conversion ကိုပိုပြီးဦးစားပေးတယ်။ Instagram ကတော့ Photo, Video, Engagement တွေ Instagram Post တင်လိုက်တဲ့ အချိန်တွေကို ဦးစားပေးတယ်။

 

ဒီတော့ Channel တစ်ခုခြင်းစီ ကွာသွားတာနဲ့အမျှ အဲ့ Channel တွေက ထွက်လာတဲ့ဒေတာတွေ၊ Insight တွေလည်း တစ်ခုနဲ့တစ်ခု တူမှာမဟုတ်ပါဘူး။ ကိုယ်က ကိုယ့်ရဲ့ဘယ်လိုမျိုး Channel အတွက်ကို Report ရေးရမှာလည်း ဆိုတာကိုသိသင့်ပါတယ်။

 

Report ထုတ်တော့မယ်ဆိုရင် အများကြီး သက်ဆိုင်တာက Content တွေပါ။ Content ရေးတယ် ဆိုတာမှာလည်း ပုံဆွဲပြီးတော့ စာရေးပြီး တင်လိုက်တာမျိုးမဟုတ်ဘူး။ ကိုယ့်ရဲ့ အတွေ့အကြုံအရ ကိုယ်က ဘာလုပ်ရသလဲဆိုရင် Content Type အပေါ်မူတည်ပြီး လူတွေကို ဘာလုပ်စေချင်သလဲ ဆိုတဲ့အပေါ်မှာ အများကြီးမူတည်ပါတယ်။ ကိုယ်က ကိုယ်ရဲ့ပစ္စည်းတစ်ခုကို မနက်ဖြန် စထုတ်တော့မယ်၊ စရောင်းတော့မယ် အဲဒီအခါမှ လူများများ သိစေချင်တယ်ဆိုရင် သိနိုင်ဖို့အတွက်ကို Media Buying တွေ၊ Facebook Boosting တွေ၊ Content တွေ၊ Video တွေ ဒါတွေကို အကုန်လုံးရွေးရပါတယ်။

 

Media Buying ကို လုပ်တယ်ဆိုရင်လည်း Facebook Boost လုပ်တဲ့အချိန်မှာ Reach ကိုရွေးလို့ရတယ်။ အဲ့အချိန်မှာ ကိုယ့်ရဲ့ KPI ကိုယ့်ရဲ့ Performance က လူများများသိနေဖို့အရေးကြီးတယ်။ နောက်တစ်ခုက ကိုယ့်ပစ္စည်း ကိုလူကသိသွားပြီး စရောင်းတော့မယ်ဆိုရင် ကိုယ့်ရဲ့ Content တွေ၊ ပို့စ်တွေကို Like ပေးတာစ်၊ Comment ပေးတာ၊ Share လုပ်တာပဲဖြစ်ဖြစ် ဒါတွေကို ကိုယ်ကဖြစ်စေချင်တယ်။ ကိုယ့်ရဲ့ KPI က Reaction တွေ၊ Comment တွေ၊ Share တွေလို့ခေါ်တဲ့ Engagement ဘက်ကိုပိုသွားတယ်။

 

ပြီးရင်ကိုယ့်ရဲ့ ပစ္စည်းကို Messenger Box ထဲမှာလာပြီးတော့ မေးစေချင်တယ်ဆိုရင် ကိုယ့်ရဲ့ KPI က Message ဖြစ်သွားပြီ။ အဲ့တော့ Report လုပ်တော့မယ်ဆိုရင် အဲ့ဒီ Report လုပ်မယ့်သူက ဘယ် Content က ဘယ်လိုမျိုး KPI အတွက်လဲ၊ ဘယ် Content က ဘာကိုဖြစ်စေချင်တာလဲ ဘယ်လိုမျိုး Objective နဲ့ ဘာကိုဖြစ်ချင်တာလဲဆိုတာကို သိဖို့အရေးကြီးပါတယ်။

 

Source; Alex Khine

Myanmar Advertising Directory

Read times
Rate this item
(1 Vote)