-->
×

Warning

JUser: :_load: Unable to load user with ID: 29


လုပ်နေကျအလုပ်ကို အကောင်းဆုံးလုပ်နေရုံနဲ့ ပြီးပြီလား?

လုပ်နေကျအလုပ်ကို အကောင်းဆုံးလုပ်နေရုံနဲ့ ပြီးပြီလား? google.com

တချိန်က Finland နိုင်ငံအခြေစိုက်ဖြစ်သည့် Nokia ဟာ ကမ္ဘာမှာ ပြိုင်စံရှား ဖုန်း Company တစ်ခု ဖြစ်ခဲ့သည်။

ဈေးကွက်ဝေစုအရ မည်သည့်ဖုန်း Company မှ မယှဉ်နိုင်ခဲ့သလို Operation ပိုင်းမှာလည်း အလွန်ကောင်းမွန်ခဲ့သည်။

2007 မှာ iPhone 1st Generation ပွဲထုတ်ခဲ့ပြီး၊ Google မှ လည်း ထိုနှစ်တွင်ပင် Android ကို Open Source Standard နဲ့အညီပွဲထုတ်ခဲ့သည်။

ကြော်ငြာဖြင့် ငွေရှာနေသော Google အတွက် Mobile Phone တွင် ကြော်ငြာနိုင်ရေးအင်မတန်အရေးကြီးသည်။

ထို.ကြောင့်ဖုန်း Company များကို Android OS ကို အခမဲ့ပေးပြီး UI ကို စိတ်ကြိုက် ပြင်ဆင်စေသည်။

လက်ရှိတွင် Android OS မှာ ဈေးကွက်ဝေစုအရ အများဆုံးဖြစ်လာခဲ့ပြီး Nokia Mobile Device အပိုင်းကို Microsoft မှဝယ်ခဲ့သည်။

Singapore နိုင်ငံသည် ကျွန်းနိုင်ငံလေး ဖြစ်ပေမယ့် ဖြစ်ပေါ်လာမည့်Global Economy အတွက် ကောင်းဆုံးပြင်ဆင်နိုင်ခဲ့သည်။

လူတိုင်းရဲ့ပထမ ဘာသာစကားကို English စာဖြစ်အောင်လုပ်ဆောင်ခဲ့ပြီး မိခင်ဘာသာစကားကို ဒုတိယ လုပ်ဆောင်ခဲ့ပြီး

Bilingual Education ကို လုပ်ဆောင်နိုင်ခဲ့သည့်အပြင် တခြားနိုင်ငံများမှ ပညာတတ်များကို ကောင်းစွာအသုံးချနိုင်စေရာ

မဟာဗျူဟာကျကျ စီမံနိုင်ခဲ့သည့်အတွက် လက်ရှိတွင် အရှေ့တောင်အာရှတွင် တစ်ဦးချင်းဝင်ငွေအမြင့်ဆုံးဖြစ်နေပေသည်။

Strategy ဆိုသည်မှာ မဟာ ဗျူဟာဖြစ်ပြီး Company ရဲ. Vision ကို အကောင်အထည်ဖော်ဖို့အတွက်ဖြစ်ပါသည်။

မဟာဗျူဟာ ချမှတ်ခြင်းသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် နည်းပညာအပြောင်းအလည်းများအပေါ် များစွာမူတည်သည်။

ဥပမာအားဖြင့်Company ရည်မှန်းချက်ပန်းတိုင်ချမှတ်ချင်းသည် ချောင်းသာကို အပျော်ခရီးထွက်ခြင်းနှင့် ဥပမာပေးသည်ဆိုပါစို့။

Management သည် အဝတ်အစား၊ Suncream၊ Hotel booking၊ ကားအစီအစဉ် အစရှိသည်များကို စီမံခန့်ခွဲသည်နှင့်တူသည်။

Strategic Planning အနေဖြင့်မိုးလေဝသကို ကြိုတင်ခန်.မှန်းပြီး ကြိုတင်ပြင်ဆင်သည်နှင့်တူသည်။

ဥပမာ အားဖြင့် ချောင်းသာမရောက်ခင် စူနာမီနဲ့မတိုးအောင်၊ ရာသီဥတု အခြေအနေများကိုကြိုတင်ခန့်မှန်းပြင်ဆင်ခြင်း။

Nokia သည် လုပ်နေကျအလုပ်ကို အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့သော်လည်း Consumer များနှင့်နည်းပညာအပြောင်းအလဲများကို Strategic Planning ထည့်သွင်းရာတွင်အားနည်းခဲ့သည့်အတွက် ယနေ့လို ဖြစ်ပျက်ရခြင်းဖြစ်သည်။

ဆားအုန်းဆီထုတ်လုပ်သည့် သူသည် သမရိုးကျ ပြိုင်ဘက်တွေကိုဘဲကြည့်နေလို့မရသလို၊ နေကြာဆီလိုမျိုး ကိုယ့်စီးပွားရေးကို အစားထိုးသွားနိုင်သည့်Alternatives များကို လေ့လာရသည်။

ဓာတ်ဆီ၊ ဒီဇယ် ကားထုတ်လုပ်သည်. Company များသည် အီလက်ထရောနစ်ကား များရဲ့ ခြေလှမ်းတွေကို လေ့လာနေရပြီး ကြိုတင်ပြင်ဆင်မှုပြုလုပ်ကြရသည်။

ကုန်စုံဆိုင်များသည်လည်း တလမ်းတည်းပြိုင်ဖက်တွေအပြင် အသစ်ဝင်လာသည့်Convenience Store များကို လေ့လာပြီး ကြိုတင်ပြင်ဆင်ရသည်။

နောက်ဆုံး ကိုယ်က Cashier လုပ်နေသည်ဆိုပါစို့။

တချိန် ငွေပေးချေမှုများသည် Mobile Payment ဖြစ်လာနိုင်သည်.အတွက် မည်သူမဆို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

Recommended for you-အသုံးကျဖို့ထက် အသုံးချတတ်ဖို့က ပိုအရေးကြီးတယ်!

Credit;Phyopaing

Read times
Rate this item
(1 Vote)