-->
×

Warning

JUser: :_load: Unable to load user with ID: 29


စီးပွားရေးလုပ်ငန်းတွေ ပျက်စီးခြင်းရဲ့ အကြောင်းအရင်းများ

စီးပွားရေးလုပ်ငန်းတွေ ပျက်စီးခြင်းရဲ့ အကြောင်းအရင်းများ google

စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေကြတဲ့ သူတွေအချိန်ကာလ တစ်ခုထိသာအောင်မြင်ပြီး နောက်ပိုင်းမှာ အောင်မြင်တိုးတက်လာမှု လျော့နည်းလာသည်။

အသေးစား၊အလတ်းစား၊ စီးပွားရေးလုပ်ငန်းတွေ ပထမ၂နှစ် အတွင်းမှာ သုံးပုံတစ်ပုံလောက်က မအောင်မြင်ကြပါဘူး။ ၄နှစ်လောက် ကြာတဲ့အခါမှာ တ၀က်နီးပါးလောက် လုပ်ငန်းတွေရပ်နားလိုက်ကြရတယ်။ ၆နှစ်လောက်ကြာတဲ့ အခါ မှာတော့ အဲဒီလုပ်ငန်း လုပ်ကိုင်ကြတဲ့ သူတွေဟာ ၂၀ ရာခိုင်နှုန်းလောက်သာ ကျန်ပါတော့တယ်။ လုပ်ငန်းတွေလုပ်လိုက်ကြ မအောင်မြင်တော့ ဖျက်လိုက်ကြပေါ့။ တစ်ခုပြီးတစ်ခု ပြောင်းပြီး လုပ်တတ်ကြပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုရင်


၁။ယှဉ်ပြိုင်မှု ပြင်းထန်းခြင်း

၂။ စီမံခန့်ခွဲမှု ကျလာခြင်း

၃။ ကုန်ပစ္စည်းအရည်သွေး နဲ့ ၀န်ဆောင်မှု ညံ့ လာခြင်း စတာတွေကြောင့်ပဲဖြစ်ပါတယ်။

သင့်စီးပွားရေးလုပ်ငန်းအတွက် မိတ်ဆက်ပွဲတွေ လုပ်တော့မယ်ဆိုရင်


နောက်တစ်ခုက နိုင်ငံတကာမှာရှိကြတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက စီမံခန့်ခွဲမှု (Management ) ကို သားသမီး၊ ဆွေမျိုးတွေနဲ့ သီခြား ခွဲခြားထားကြတယ် ဆိုတာကြားဖူးပါတယ်။ Share holder က Share holder ပါ မရောပစ်ပဲ စီမံခန့်ခွဲသူက သီးသန့် ထားတတ်ကြပါတယ်။ ဒီလိုထားခြင်းဖြင့် အောင်မြင်မှုတွေ ပိုရလာကြပါတယ်။ နောက်ပိုင်း နိုင်ငံတော်တော်များများက အဲဒီအစဉ်လာကို လက်ခံကျင့်သုံးလာကြပါတယ်။


လုပ်ငန်း ပျက်စီးဆုံးရှုံးခြင်းတွေရဲ့ အဓိကအားနည်းချက် ကတော့ ပညာပါပဲ။ " ပညာနည်းလျှင် မွဲတတ်တယ် " ဆိုတဲ့ မြန်မာဆိုရိုးကိုလဲ ကြားဖူးကြမှာပါ။ အသိဥာဏ်နဲ့ ချင့်ချိန်ပြီး လုပ်နိုင်တာကတော့ အကောင်းဆုံးဖြစ်မှာပါ။
ချမ်းသာဖို့၊ အောင်မြင်ကြီးပွားတိုးတက်ဖို့ ကြိုးစားရတာထက် ထိန်းထိန်းသိမ်းသိမ်း လုပ်ကိုင်နိုင်ဖို့က အရေးကြီးဆုံးပါ။ ဒါကြောင့်အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေ တော်တော်များများ လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေ မအောင်မြင်ပဲ ဘာကြောင် ပျက်စီးနေရတယ်ဆိုတယ်ကို အထက်ပါအချက်လေးတွေနဲ့ ဖော်ပြပေးလိုက်ပါတယ်။


Source; DG

Myanmar Advertising Directory

Read times
Rate this item
(1 Vote)