-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့်စီးပွားရေးလုပ်ငန်းအတွက် မိတ်ဆက်ပွဲတွေ လုပ်တော့မယ်ဆိုရင်

သင့်စီးပွားရေးလုပ်ငန်းအတွက် မိတ်ဆက်ပွဲတွေ လုပ်တော့မယ်ဆိုရင် google

ဆိုင်ဖွင့်ပွဲ၊ ရုံးခန်းဖွင့်ပွဲ၊ ကုန်ပစ္စည်းသစ်မိတ်ဆက်ပွဲ၊ Promotion ပွဲ စတဲ့ ကိုယ့်စီးပွားရေးလုပ်ငန်းအတွက် ပွဲတွေကျင်းပရတာဟာ အချိန်ကုန် လူပင်ပန်းသလို ငွေကြေးအကုန်အကျ လည်းများပါတယ်။

အဲဒီလို အချိန်ကုန် ငွေကုန်ခံပြီး ကျင်းပလိုက်တဲ့ ပွဲတစ်ပွဲက ထိရောက်တဲ့ အကျိုးသက်ရောက်မှု မရှိဘူးဆိုရင် အချိန်တွေ၊ ငွေတွေဖြုန်းတီးရာ ကျပါလိမ့်မယ်။ ဒါကြောင့် ပွဲမဝင်ခင် အပြင်ကကျင်းပဆိုသလို ကိုယ့်ရဲ့ပွဲကို တက်ရောက်တဲ့သူတွေများပြီး ကိုယ်လိုချင်တဲ့ အကျိုးကျေးဇူးတွေ ရရှိဖို့ ပွဲမတိုင်ခင်ကတည်းက Marketing ကို စနစ်တကျ အဆင့်လိုက် လုပ်ဆောင်ဖို့လိုပါတယ်။ ဒီလိုလုပ်ဆောင်ဖို့အတွက်လိုအပ်တဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁။ ရည်မှန်းချက်နဲ့ သုံးမယ့် Budget တိတိကျကျ သတ်မှတ်ပါ

ပွဲကျင်းပတာတော့ ဟုတ်ပါပြီ။ ဘာရည်ရွယ်ချက်နဲ့ ပွဲကိုကျင်းမှာလဲဆိုတာ ကြိုတင်စဉ်းစားထားဖို့လိုပါတယ်။ ပွဲကို လူတွေအများကြီးတက်ပြီး လူသိများစေချင်တာလား၊ ကိုယ့်ရဲ့ Customer တွေနဲ့ ခိုင်မာတဲ့ ဆက်ဆံရေးရရှိဖို့အတွက်လား စတဲ့ ရည်ရွယ်ချက်ပေါ် မူတည်ပြီး ပွဲကို ဘယ်သူတွေ ဖိတ်မယ်၊ ဘယ်လို ကျင်းပမယ်ဆိုတာတွေကို ဆုံးဖြတ်ရမှာပါ။ ရည်မှန်းချက်ကို သိပြီဆိုရင် ငွေဘယ်လောက်သုံးမယ် ဆိုတာကိုလည်း ကြိုတင်ပြီး တိတိကျကျ ခန့်မှန်းတွက်ချက်ထားဖို့ လိုပါတယ်။


၂။ ပွဲအခမ်းအနားအစီအစဉ် ချမှတ်ပါ

ပွဲမှာ ဘယ်သူတွေက အဖွင့်စကားပြောမလဲ၊ ဘယ်လို အကျွေးအမွေးနဲ့ ဘယ်လို ဖျော်ဖြေရေးအစီအစဉ်တွေ ထည့်မလဲ၊ ဘယ်လို အကြောင်းအရာတွေ အဓိကပြောမလဲ၊ ဘာ Activity တွေ ထည့်မလဲ၊ ဆိုတာတွေကို ပွဲကျင်းပရတဲ့ ရည်မှန်းချက်နဲ့ ကိုက်ညီအောင် သေချာဆုံးဖြတ်ချက်ချရပါမယ်။ ဒီလို ကြိုတင်ဆုံးဖြတ်ထားမှ ပွဲမှာပါဝင်မယ့် အစီအစဉ်တွေ၊ နာမည်ကျော် ပုဂ္ဂိုလ်တွေကို ဖော်ပြပြီး လူတွေစိတ်ဝင်စားအောင် ကြော်ငြာနိုင်မှာ ဖြစ်ပါတယ်။

အသေးစားစီးပွားရေးလုပ်ငန်းရှင်တွေ အတွက် အသုံးဝင်မယ့် နည်းလမ်းများ


၃။ ပွဲကျင်းပမယ့်အကြောင်းကို မှန်ကန်တဲ့နေရာမှာ ကြော်ငြာပါ

ပွဲကျင်းပရတဲ့ ရည်မှန်းချက်အပေါ် မူတည်ပြီး ကြော်ငြာရမယ့်နည်းလမ်းနဲ့ နေရာတွေကလည်း ကွဲပြားသွားမှာဖြစ်ပါတယ်။ ဥပမာ ကိုယ့်လုပ်ငန်းအကြောင်း လူတွေအများကြီးသိစေချင်လို့ ပွဲကို လူတွေအများကြီး တက်စေချင်တာဆိုရင် Social Media၊ Media တွေကနေတဆင့် မည်သူမဆို အခမဲ့တက်ရောက်နိုင်ကြောင်းကို လူများများသိအောင် ကြော်ငြာရမှာပါ။ ဒီလိုမဟုတ်ဘဲ ကိုယ့်ရဲ့လက်ရှိ Customer တွေနဲ့ ဆက်ဆံရေးခိုင်မာစေဖို့ ရည်ရွယ်ကျင်းပတဲ့ ပွဲဆိုရင် ကိုယ့်ရဲ့ Customer သိရှိနိုင်စေမယ့် နည်းလမ်းတွေကို သုံးပြီး ကြော်ငြာရမှာပဲ ဖြစ်ပါတယ်။


၎။ ထိရောက်မှုကို အမြဲတမ်းစောင့်ကြည့်နေပါ

ပွဲကျင်းပတဲ့ အချိန်မတိုင်ခင်အထိ ပွဲအကြောင်း ကြော်ငြာတွေအပေါ် လူတွေရဲ့တုံ့ပြန်ပုံတွေကို အမြဲတမ်းစောင့်ကြည့်နေဖို့ လိုပါတယ်။ လိုအပ်သလောက် ထိရောက်မှုမရှိသေးရင် ထပ်မံကြော်ငြာဖို့ လိုအပ်မှာဖြစ်သလို လူတွေဆီကနေ ပွဲမှာထည့်သွင်းသင့်တဲ့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး အကြံဥာဏ်တွေလည်း ရရှိနိုင်ပါသေးတယ်။

 

Source; Amarapuya

Myanmar Advertising Directory

Read times
Rate this item
(1 Vote)