-->
×

Warning

JUser: :_load: Unable to load user with ID: 29


သူတို့တွေဘီလီယံနာမဖြစ်ခင်အချိန်ကာလက ဘယ်လိုတွေဖြတ်သန်းခဲ့ရလဲ

သူတို့တွေဘီလီယံနာမဖြစ်ခင်အချိန်ကာလက ဘယ်လိုတွေဖြတ်သန်းခဲ့ရလဲ ShweMon

အခုဖော်ပြပေးသွားမယ့်လူတွေကတော့ မိဘရဲ့စည်းစိမ်ဥစ္စာကြောင့်ချည်းမဟုတ်ဘဲ ကိုယ့်ဒူးကိုယ်ချွန်ကာ စွန့်ဦးတီထွင်လုပ်ငန်းရှင် ဘီလီယံနာတွေအကြောင်းပါ။

သူတို့တွေ ဘီလီယံနာမဖြစ်ခင်အချိန်ကာလက ဘယ်လိုတွေဖြတ်သန်းခဲ့ရလဲ၊ ကြိုးစားခဲ့ရလဲဆိုတာတွေကို အတိုချုံးပြီး ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

(၁) Elon Musk

Elon Musk

အသက် (၉) နှစ်အရွယ်ပဲရှိသေးတဲ့ Elon Musk ဟာ programming အကြောင်း စတင်လေ့လာခဲ့ပြီး အသက်(၂၈)နှစ်အရွယ်အရောက်မှာတော့ သူဖန်တီးရေးခဲ့တဲ့ program ကို ဒေါ်လာ (၃၀၇)နဲ့ ရောင်းချခဲ့ပါတယ်။ အသက် (၃၀) အရွယ်မှာတော့ PayPal ရဲ့ တည်ထောင်သူဖြစ်လာပြီး (၃၂)နှစ်အရွယ်မှာတော့ Tesla Motors ကို ဖွင့်လှစ်ခဲ့ပါတယ်။ အသက် (၃၀)ကျော်လောက်မှာပဲ သူဟာ စိတ်ကူးယာဉ်ဆန်ဆန်ပဲ မားစ်ဂြိုဟ်ကိုသွားရောက်သိမ်းပိုက်မယ်လို့ အကြီးအကျယ်ကြေငြာခဲ့ပေမယ့် အခုဆိုရင် အသက်(၄၇)နှစ်ရှိနေပြီး အောင်မြင်တဲ့ အင်ဂျင်နီယာ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်နဲ့ ဘီလီယံနာတစ်ယောက်အဖြစ် ရပ်တည်နေပါတယ်။


(၂) Bill Gates

104891709 Bill Gates the co Founder

Microsoft ရဲ့ ပဲ့ကိုင်ရှင် Bill Gates ဟာ ကျောင်းမှာတုန်းက ကျောင်းစာတော်တဲ့ကလေးတစ်ယောက် မဟုတ်ခဲ့ပါဘူး။ အတန်းချိန်မှန်မှန်မတက်တာကြောင့် ကျောင်းမှအထုတ်ခံခဲ့ရပေမယ့် သူချစ်တဲ့ programming ပညာရပ်ကို လေ့လာဆည်းပူးခဲ့ကာ အသက် (၂၁) နှစ်မှာတော့ Paul Allen နဲ့ သူနဲ့ ပူးပေါင်းကာ Microsoft ကို စတင်တည်ထောင်ခဲ့ပါတယ်။ သူဟာ သမ္မတွေဖြစ်တဲ့ Putin နဲ့ Donald Trump နဲ့ ပုပ်ရဟန်းမင်းကြီးတို့ပြီးရင် ကမ္ဘာ့သြဇာအာဏာအရှိဆုံးပုဂ္ဂိုလ် အဆင့်(၇)မှာ ရှိနေသူတစ်ဦးပါ။


(၃) Mark Zuckerberg

1 gOkFPr3W6LfjAFuwdmEF2Q

သူ့အကြောင်းကိုတော့ အထူးတလည်မိတ်ဆက်စရာမလိုအပ်ဘဲ Facebook တည်ထောင်သူနဲ့ Snapchat, Instagram တို့ရဲ့ဖန်တီးရှင်အဖြစ်လူတိုင်းသိကြမှာပါ။ အသက် (၃၄)နှစ်အရွယ်ရှိ Mark Zuckerberg ဟာ ကမ္ဘာ့အသက်အငယ်ဆုံး ဘီလီယံနာစာရင်းဝင်ဖြစ်ပြီး Forbes အရ ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ်စာရင်းမှာတော့ အဆင့် (၁၃) အနေနဲ့ရှိနေပါတယ်။ ငယ်စဉ်က Harvard တက္ကသိုလ်ရဲ့ စိတ်ပညာဌာနမှာ ဘဝလမ်းကြောင်းရေရေရာရာမရှိတဲ့ လူငယ်လေးတစ်ယောက်ကနေ အခုလို ကမ္ဘာကျော်စွန့်ဦးတီထွင်လုပ်ငန်းရှင်ဖြစ်လာအောင် ပတ်ဝန်းကျင်ရဲ့ရိုက်ချမှုတွေကို အံတုရင်းကြိုးစားခဲ့ရသူပါ။

Read More >>>Google ရဲ့ကြော်ငြာပြသမှုများကို လှောင်ပြောင်ဟန် ဘေဘုတ်ထောင်လိုက်တဲ့ Apple

(၄) Kris Jenner

5a9ed0c342e1cc1240056a0a 750 498

သူ့အကြောင်း ဘယ်လောက်ပဲလူတွေက မကောင်းပြောပြော Kris Jenner ကတော့ စွန့်ဦးတည်ထွင်လုပ်ငန်းရှင်အမျိုးသမီးတစ်ယောက်ဆိုတာတော့ ငြင်းလို့ရမှာမဟုတ်ပါဘူး။ ကမ္ဘာကျော် မော်ဒယ်နဲ့ social influencer တွေဖြစ်တဲ့ Kim, Khole, Khloé, Kourtney Kadarshian, Kendall Jenner နဲ့ Kylie Jenner တို့ ညီအစ်မတွေကို မွေးထုတ်ပေးပြီး အောင်အောင်မြင်မြင်နဲ့ ပြုစုပျိုးထောင်ပေးခဲ့သူတစ်ဦးပါ။ Kris ဟာ အိမ်ထောင်မကျခင်တုန်းက လေယာဉ်မယ်အဖြစ်လုပ်ကိုင်ခဲ့ပြီး ပထမအိမ်ထောင်နဲ့ အိမ်ထောင်ကျပြီးသွားမှာတော့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့ပါတယ်။ အရင်ကတည်းက သိုသိုသိပ်သိပ်နဲ့ ငွေကြေးစီမံခန့်ခွဲရာမှာ တောတဲ့ Kris ဟာ ကလေး (၇) ယောက်လုံး အခုလို အောင်အောင်မြင်မြင်နဲ့ကြီးပြင်းလာအောင် ပျိုးထောင်နိုင်ခဲ့တဲ့ ဘီလီယံနာ မေမေတစ်ယောက်ဖြစ်ပါတယ်။


(၅) Lary Page နဲ့ Sergey Brin

Sergey Brin Larry Page 580x

၁၉၉၅ ခုနှစ်တုန်းက Stanford တက္ကသိုလ်မှာ ဝါသနာချင်းတူလို့ မိတ်ဆွေဖြစ်ခဲ့ကြတဲ့ ချာတိတ်လေးနှစ်ယောက်ဟာဆိုရင်တော့ အခုအခါမှာ Google Inc ရဲ့ တည်ထောင်သူတွေဖြစ်နေခဲပါပြီ။ ကွန်ပြူတာအကြောင်း နည်းပညာတွေအကြောင်း ဆွေးနွေးဖလှယ်ကြရင်း ၁၉၉၈ ခုနှစ်မှာ ရုတ်တရက်ရလာတဲ့ အကြံကို နှစ်ဦးပေါင်းကာ ဖန်တီးနိုင်ခဲ့တဲ့ မီလီယံနာသူငယ်ချင်းနှစ်ယောက်ပဲဖြစ်ပါတယ်။


(၆) Susan Wojcicki

5c268bdeaebf425e1216c2b5 750 501

Susan Wojcicki ကို IT နယ်ပယ်မှာ အတော်ဆုံးအမျိုးသမီးလုပ်ငန်းရှင်လို့ ပြောလို့ရပါတယ်။ Google မှာ စစချင်း Marketing manager အဖြစ် တာဝန်ယူခဲ့ပြီး အခုအခါမှာ လျှမ်းလျှမ်းတောက်အောင်မြင်နေတဲ့ YouTube ကို Google မှ အပိုင်ဝယ်ဖို့ တိုက်တွန်းခဲ့တဲ့အမျိုးသမီးပါ။ သူဝယ်ယူဖို့တိုက်တွန်းခဲ့တဲ့ YouTube မှာပဲ ၂၀၁၄ ခုနှစ်ကစပြီး CEO ဖြစ်သွားခဲ့ပါတယ်။

Source: Bright Side

 

Read times
Rate this item
(2 votes)