-->
×

Warning

JUser: :_load: Unable to load user with ID: 29


Google ရဲ့ကြော်ငြာပြသမှုများကို လှောင်ပြောင်ဟန် ဘေဘုတ်ထောင်လိုက်တဲ့ Apple

Google ရဲ့ကြော်ငြာပြသမှုများကို လှောင်ပြောင်ဟန် ဘေဘုတ်ထောင်လိုက်တဲ့ Apple Google

Google က ကြော်ငြာကုမ္ပဏီဖြစ်တဲ့အတွက် စားသုံးသူဒေတာများကိုရယူပြီး သူတို့ကြိုက်မယ့် ကြော်ငြာများကိုပြသပေးပါတယ်။

Facebook ကလည်း ဒီလိုပါပဲကြော်ငြာများကို ပြသလေ့ရှိပါတယ်။ Apple ကတော့ ကြော်ငြာကုမ္ပဏီမဟုတ်ပါဘူး။ အိုင်ဖုန်း၊ အိုင်ပတ်၊ လက်ပ်တော့၊ ဒတ်စတော့နဲ့ အခြားအီလက်ထရောနစ် ကိရိယာများကိုသာရောင်းချပါတယ်။ အဲဒီအတွက် Apple ထုတ်ကုန်နဲ့ ဝန်ဆောင်မှုများကိုသုံးသူများရဲ့ဒေတာများ ဟာလုံခြုံပါတယ်။

အခုတော့ Google လိုပဲ Alphabet ရဲ့ ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ Sidewalk Labs ရဲ့ တိုရွန်တိုမှ ရုံးချုပ်အသစ်ဘေးမှာ Apple က Billboard တစ်ခုကို ထောင်ထားပါတယ်။ Billboard မှာ “We’re in the business of staying out of yours”လို့ ရေးသားထားပါတယ်။” ကျွန်တော်တို့ရဲ့ အလုပ်မှာသင့်ရဲ့ ဒေတာများကိုမသုံးပါဘူး” လို့ အဓိပ္ပါယ်ကရပါတယ်။ ဒါဟာ Google ကို လှောင်ပြောင်တိုက်ခိုက်လိုက်တာ ဖြစ်ပါတယ်။

Sidewalk Labs ဟာ မြို့ပြများတိုးတက်ဖွံ့ဖြိုးရေးကို လုပ်ဆောင်နေတဲ့ကုမ္ပဏီဖြစ်ပါတယ်။ သူ့ရဲ့ Business Model က Google နဲ့ကွဲပြားပြီး စားသုံးသူဒေတာသို့မဟုတ် မြို့ပြဒေတာများကိုဂူဂယ်လ်နဲ့ မျှဝေခြင်းလည်းမရှိပါဘူး။ Apple က Sidewalk Labs ကို လှောင်ပြောင်တိုက်ခိုက်တာဟာ အံ့အားသင့်စရာကောင်းပါတယ်။

စားသုံးသူဒေတာများရယူအသုံးပြုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အရင်ကလည်း Apple ဟာ Google ကို တိုက်ခိုက်ခဲ့ဖူးပါတယ်။ Las Vegas မှာ ကျင်းပခဲ့တဲ့ CES 2019 မှာ Apple က ၀င်ပေါက်အနားမှ Banner မှာ “What happens on your iPhone, stays on your iPhone” လို့ ရေးသားထားပါတယ်။ အဓိပ္ပါယ်က “ အိုင်ဖုန်းမှာ ဖြစ်ပျက်တဲ့ အရာများဟာအိုင်ဖုန်းမှာပဲရှိနေပါတယ်” လို့ ဆိုလိုပါတယ်။

Read More>>> အပျော်သက်သက်ဖေ့ဘွတ်ခ်သုံးတာအပြင် အလွယ်တကူလုပ်လို့ရတဲ့ပိုက်ဆံရှာနည်း

Credit; Net Guide

 

Read times
Rate this item
(1 Vote)