-->
×
Warning
JUser: :_load: Unable to load user with ID: 29
ငွေကြေး ကုန်ကျမှု သက်သာစေပြီး ထိရောက်စေတဲ့ ကြော်ငြာပုံစံသစ်
ငွေကြေး ကုန်ကျမှု သက်သာစေပြီး ထိရောက်စေတဲ့ ကြော်ငြာပုံစံသစ် google
တချို့ကြော်ငြာရှင်တွေက ကြော်ငြာရိုက်တဲ့အခါ သူတို့စီးပွားရေး သူတို့ လုပ်ငန်း ကို အတိအလင်း မဖော်ထုတ်ဘဲ လူတွေစိတ်ဝင်စားအောင် ဇာတ်လမ်းလေးတွေ တကယ့်အဖြစ်အပျက်တွေ အသိပညာရစေတဲ့ ရုပ်ရှင်ဆန်ဆန်ကြော်ငြာ လေးတွေ ဖန်တီးကြတယ်။
အခုနောက်ပိုင်းမှာ နိုင်ငံခြား ကြော်ငြာတွေမှာ အဲ့လိုမျိူး ကြော်ငြာတွေ တော်တော်လေး ခေတ်စား ခေတ်ထ နေတယ် လို့ကို ပြောရမှာပါ။ မြန်မာနိုင်ငံမှာတော့ မတွေ့မိသလောက်ကို ရှားပါတယ်။
ကြော်ငြာရှင်တွေက လူတွေရဲ့စိတ်အာရုံကို ဘယ်လို ဖမ်းစားရမယ်ဆိုတာ သိပုံပါပဲ။လူတွေက ကြော်ငြာရိုးရိုးရှင်းရှင်း ဆို သိပ် စိတ်မဝင်စားကြပါဘူး။
ကြော်ငြာရှင်တွေက လုံးဝ Resolution အမြင့်နဲ့ ဇာတ်လမ်းတစ်ပုဒ် ဖန်တီးပြီး ကြော်ငြာရဲ့အစိတ်အပိုင်း တစ်နေရာရာ( များသောအားဖြင့် ကြော်ငြာအဆုံး ) မှာ သူတို့ရဲ့ အမှတ်အသားလေး ( Logo ) ဒါမှမဟုတ် သူတို့လုပ်ငန်း နာမည် Brand နာမည် လေး ထည့်သွင်းပြီး လူတွေရဲ့စိတ်ဝင်စားမှု အာရုံကို လုံးဝသိမ်းပိုက် သွားလေရဲ့။
လူမှုမီဒီယာ ပေါ်မှာ ကိုယ့်ထုတ်ကုန် ကိုယ့်လုပ်ငန်း အောင်မြင်စေဖို့ (၄)
လူတွေရဲ့ စပ်စုတတ်တဲ့ စိတ်ကို လည်း တော်တော် အသုံးချသွားလေတယ်။ လူတွေ ရဲ့ပင်ကိုဗီဇ ဖြစ်တဲ့ အရာရာကို စူးစမ်း သိလို ချင်စိတ် ကို သူတို့ရဲ့ Logo/ Brand name/ Mark လေးတွေသာ ဖော်ပြထားပြီး ပိုမို သိလိုစိတ် ဖြစ်အောင် စွဲဆောင်သွားတာပဲဖြစ်ပါတယ်။
ဒီလိုလုပ်ခြင်းအားဖြင့် လူတွေရဲ့စိတ်မှာ အဲ့တံဆိပ် လေး သူတို့ အမှတ်အသားလေးကို ပုံရိပ် တစ်ခု အဖြစ် စွဲထင်စေ ပြီး လူတွေက အဲ့ဒါလေးကို စိတ်ဝင်စားပြီး ဘာလဲ ဆိုတာ ရှာဖွေစုံစမ်း မှာလည်း ဖြစ်ပါတယ်။ ကြော်ငြာရှင်တွေက အဲ့လို ကြော်ငြာပုံစံတွေ ရိုက်တာ ငွေကြေးကုန်ကျမှု ကလည်းသက်သာပြီး လူတော်တော်များများ ကို ထိရောက်စေတဲ့ နည်းလေးပါပဲ။ ဒီလိုကြော်ငြာပုံစံ လေးက အခု ၂၀၂၀ ဆန်းစမှာ ပိုမို များပြားစွာ ရိုက်ကူးလာပြီး ဇာတ်လမ်းကြော်ငြာခေတ် လို့တောင် ဆိုစမှတ် ပြုလို့ရပါတယ်။
ယခု တရုတ်နှစ်သစ်ကူးအတွက် နာမည်ကြီး Brand တော်တော်များများ ရိုက်ကူးထားတဲ့ ကြော်ငြာတိုင်းနီးပါး က တကယ့် အနှစ်သာရတွေနဲ့ ကြည့်ရှုသူကို အသိပညာ Message ပေးတဲ့ ကြော်ငြာတွေဖြစ်နေပါတယ်။
International နိုင်ငံတကာက ဇာတ်လမ်းကြော်ငြာလေးတွေကို လေ့လာကြည့်ရှုပြီး ကိုယ့်ရဲ့လုပ်ငန်း ကိုယ့်ရဲ့စီးပွားရေး ကို တိုးမြှင့်စေဖို့ နဲ့ ထိရောက်တဲ့ ကြော်ငြာလေးတွေ ဖန်တီးနိုင်ဖို့ စိတ်ကူးစိတ်သန်းအသစ်တွေရရှိနိုင်ပါလိမ့်မယ်။
International နိုင်ငံတကာက ဇာတ်လမ်းကြော်ငြာလေးတွေကို Myanmar Advertising Page မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
သမိုင်းတစ်လျောက် အကောင်းဆုံး Chinese New Year ကြော်ငြာ
အချိန်ပေးဖတ်ရှုပေးတဲ့အတွက် အားလုံးကို ကျေးဇူး အထူးတင်ပါတယ်ဗျာ
Pyae Phyo Naing ( Xain )
<<<Zawgyi>>>
==============================================================
Single Mother တွေအတွက် စိတ်ခွန်အားပေး အားဖြစ်စေတဲ့ Apple ၏ ၂၀၂၀ ကြော်ငြာသစ်
Pyae Phyo Naing ( Xain )
Myanmar Advertising Directory
Read times
Rate this item
(0 votes)