-->
×

Warning

JUser: :_load: Unable to load user with ID: 29


Boosting လုပ္ရာမွာ ပုိထိေရာက္ေစမယ္႔ ေဆာင္ရန္၊ ေရွာင္ရန္မ်ား

Boosting လုပ္ရာမွာ ပုိထိေရာက္ေစမယ္႔ ေဆာင္ရန္၊ ေရွာင္ရန္မ်ား google

 

Facebook, Messenger, Instagram စတဲ့ Social Media ေတြ ေခတ္စားလာတာနဲ႔အမ်ွ စီးပြားေရးလုပ္ငန္းေတြဟာ Digital Marketing ကုိ အသံုးျပဳျပီး ေၾကာ္ျငာလာၾကပါတယ္။

အထူးသျဖင့္ ျမန္မာနုိင္ငံလူဦးေရရဲ႕ ၉၀ ရာခုိင္နွုန္းေက်ာ္က Facebook ကို တြင္တြင္က်ယ္က်ယ္ အသံုးျပဳလာတာေၾကာင့္ တျခားေၾကာ္ျငာခ်ယ္နယ္ေတြထက္ ကုန္က်စရိတ္သက္သက္သာသာနဲ႔ မိမိ Target ထားလိုတဲ့ လူေတြဆီေရာက္ေအာင္ ေၾကာ္ျငာနုိင္ပါတယ္။

 

ဒီလုိ ေၾကာ္ျငာတဲ့ေနရာမွာ မိမိ Target ထားတဲ့သူေတြဆီ ပုိျပီးေရာက္ရွိေအာင္ Boosting လုပ္တာကလည္း အေရးၾကီးတဲံ အခန္းက႑က ပါဝင္ေနပါတယ္။ ဒါေၾကာင့္ ပိုျပီးထိေရာက္တဲ႔ Boosting တစ္ခု ျဖစ္ဖို႔အတြက္ ဘယ္လုိလုပ္ရမယ္ဆုိတာကုိ ေအာက္မွာေဖာ္ျပေပးလုိက္ပါတယ္။

 

၁။ Audience Target

 

Boosting လုပ္တဲ႔အခါ Audience Size ကို အရမ္းမနည္းပါေစနဲ႔။ Audience ဟာ လူဦးေရ ၃၀၀၀၀ ေလာက္ပဲ ရွိေနတယ္ဆုိရင္ သင့္လုပ္ငန္းအတြက္ အလုပ္မျဖစ္နုိုင္ပါဘူး။ အနည္းဆံုး Audience ဟာ လူဦးေရ ၅၀၀,၀၀၀ ကေန ၁, ၀၀၀,၀၀၀၊ ၂,၀၀၀,၀၀၀ အထိ ရွိသင့္ပါတယ္။

 

၂။ Budget

 

Facebook Ads အတြက္ အနည္းဆံုး တစ္ရက္ကို $4 ေလာက္ Budget ထားရွိသင့္ပါတယ္။ အဲေလာက္မွ မသံုးနိုင္ဘူးဆိုရင္ Boosting လုပ္လည္း သိပ္ျပီး ထိေရာက္မွာ မဟုတ္ပါဘူး။ ျဖစ္နိုင္ရင္ $6 ေလာက္ သံုးနိုင္မယ္ဆို ပိုေကာင္းပါတယ္။

 

Facebook မွ dating app လာမည္ အဆိုပါ Dating App တြင္ေၾကာ္ျငာ ခ်င္သူမ်ားၿပားေန

 

၃။ Install once already

 

Boosting မလုပ္ခင္ မွန္မမွန္ အဆင္ေျပမေျပကို ေသခ်ာ ျပန္စစ္ေဆးျပီး Boosting လုပ္ျပီးမွ Edit ျပန္လုပ္မယ္ဆိုရင္ သင့္ေၾကာ္ျငာရဲ႕ Result ကုိ ထိခိုက္ေစနုိင္ပါတယ္။ Boosting လုပ္ျပီး နွစ္ရက္ေလာက္ထိ ေစာင့္ၾကည့္ပါ။ နွစ္ရက္အတြင္းမွာ Result က သိပ္မေကာင္းရင္ Cancel လုပ္ျပီး အသစ္ ျပန္လုပ္ပါ။

 

၄။ Scaling

 

သင့္ေၾကာ္ျငာအတြက္ သံုးေနက် Boosting Budget ကုိ တုိးျမွင့္မယ္ဆိုရင္ သတိထားဖို႔ လိုပါတယ္။ ခ်က္ခ်င္း အရမ္းတက္သြားနုိင္ေပမယ့္ ေနာက္ပုိင္းက်ရင္ အရင္က Budget သံုးသေလာက္ေတာင္ မတက္တာမ်ိဳး၊ လူေတြဆီ မေရာက္ေတာ႔တာမ်ိဳး ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ မိမိသံုးေနက် Budget အတိုင္း ပံုမွန္အသံုးျပဳပါ။ ပိုသံုးတာက ေရရွည္အတြက္ သိပ္ျပီး ထိေရာက္မႈ မရွိပါဘူး။

 

၅။ Testing & Hunting

 

ေနာက္တစ္ခုက Boosting လုပ္တဲ့အခါမွာ Audience ကို တသတ္မတ္ထဲ မထားပါနဲ႔။ ေနရာေဒသ၊ အသက္အရြယ္ စတာေတြကို ေျပာင္းလဲျပီး စမ္းသပ္ ေၾကာ္ျငာၾကည္႔သင့္ပါတယ္။ တစ္မ်ိဳးထဲပဲ ခဏခဏ Boosting လုပ္တဲ႔အခါ Customer အသစ္ေတြ တိုးမလာနိုင္ေတာ႔ပါဘူး။

 

<<<unicode>>>

Boosting လုပ်ရာမှာ ပိုထိရောက်စေမယ့် ဆောင်ရန်၊ ရှောင်ရန်များ

=============================================

Facebook, Messenger, Instagram စတဲ့ Social Media တွေ ခေတ်စားလာတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာ Digital Marketing ကို အသုံးပြုပြီး ကြော်ငြာလာကြပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံလူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းကျော်က Facebook ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာတာကြောင့် တခြားကြော်ငြာချယ်နယ်တွေထက် ကုန်ကျစရိတ်သက်သက်သာသာနဲ့ မိမိ Target ထားလိုတဲ့ လူတွေဆီရောက်အောင် ကြော်ငြာနိုင်ပါတယ်။

 

ဒီလို ကြော်ငြာတဲ့နေရာမှာ မိမိ Target ထားတဲ့သူတွေဆီ ပိုပြီးရောက်ရှိအောင် Boosting လုပ်တာကလည်း အရေးကြီးတဲံ အခန်းကဏ္ဍက ပါဝင်နေပါတယ်။ ဒါကြောင့် ပိုပြီးထိရောက်တဲ့ Boosting တစ်ခု ဖြစ်ဖို့အတွက် ဘယ်လိုလုပ်ရမယ်ဆိုတာကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

 

၁။ Audience Target

 

Boosting လုပ်တဲ့အခါ Audience Size ကို အရမ်းမနည်းပါစေနဲ့။ Audience ဟာ လူဦးရေ ၃၀၀၀၀ လောက်ပဲ ရှိနေတယ်ဆိုရင် သင့်လုပ်ငန်းအတွက် အလုပ်မဖြစ်နိုင်ပါဘူး။ အနည်းဆုံး Audience ဟာ လူဦးရေ ၅၀၀,၀၀၀ ကနေ ၁, ၀၀၀,၀၀၀၊ ၂,၀၀၀,၀၀၀ အထိ ရှိသင့်ပါတယ်။

 

၂။ Budget

 

Facebook Ads အတွက် အနည်းဆုံး တစ်ရက်ကို $4 လောက် Budget ထားရှိသင့်ပါတယ်။ အဲလောက်မှ မသုံးနိုင်ဘူးဆိုရင် Boosting လုပ်လည်း သိပ်ပြီး ထိရောက်မှာ မဟုတ်ပါဘူး။ ဖြစ်နိုင်ရင် $6 လောက် သုံးနိုင်မယ်ဆို ပိုကောင်းပါတယ်။

 

ကြော်ငြာ လုပ်ငန်းရှင်တွေ အတွက် အရမ်းအသုံးဝင်တဲ့ Instagram ရဲ့ Video Tip လေးများ

 

၃။ Install once already

 

Boosting မလုပ်ခင် မှန်မမှန် အဆင်ပြေမပြေကို သေချာ ပြန်စစ်ဆေးပြီး Boosting လုပ်ပြီးမှ Edit ပြန်လုပ်မယ်ဆိုရင် သင့်ကြော်ငြာရဲ့ Result ကို ထိခိုက်စေနိုင်ပါတယ်။ Boosting လုပ်ပြီး နှစ်ရက်လောက်ထိ စောင့်ကြည့်ပါ။ နှစ်ရက်အတွင်းမှာ Result က သိပ်မကောင်းရင် Cancel လုပ်ပြီး အသစ် ပြန်လုပ်ပါ။

 

၄။ Scaling

 

သင့်ကြော်ငြာအတွက် သုံးနေကျ Boosting Budget ကို တိုးမြှင့်မယ်ဆိုရင် သတိထားဖို့ လိုပါတယ်။ ချက်ချင်း အရမ်းတက်သွားနိုင်ပေမယ့် နောက်ပိုင်းကျရင် အရင်က Budget သုံးသလောက်တောင် မတက်တာမျိုး၊ လူတွေဆီ မရောက်တော့တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် မိမိသုံးနေကျ Budget အတိုင်း ပုံမှန်အသုံးပြုပါ။ ပိုသုံးတာက ရေရှည်အတွက် သိပ်ပြီး ထိရောက်မှု မရှိပါဘူး။

 

၅။ Testing & Hunting

 

နောက်တစ်ခုက Boosting လုပ်တဲ့အခါမှာ Audience ကို တသတ်မတ်ထဲ မထားပါနဲ့။ နေရာဒေသ၊ အသက်အရွယ် စတာတွေကို ပြောင်းလဲပြီး စမ်းသပ် ကြော်ငြာကြည့်သင့်ပါတယ်။ တစ်မျိုးထဲပဲ ခဏခဏ Boosting လုပ်တဲ့အခါ Customer အသစ်တွေ တိုးမလာနိုင်တော့ပါဘူး။

 

Su Mon Oo 

Myanmar Advertising Directory 

Read times
Rate this item
(2 votes)