-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့္လုပ္ငန္းအတြက္ Event Marketing ျပဳလုပ္မယ္ဆိုရင္ သိထားသင့္တဲ့ အခ်က္ (၆)ခ်က္

Marketing မွာ Event ဟာ အေရးႀကီးတဲ့ အခန္းက႑တစ္ခု အျဖစ္ပါဝင္ပါတယ္။ Event Marketing ဟာ ကိုယ့္ရဲ႕ Brand ကို ပိုမိုသိရွိေစဖို႔၊ ကိုယ္ေပးခ်င္တဲ့ Message ကို Customer ဆီကို တိုက္႐ိုက္ ရွင္းလင္းေျပာျပႏိုင္ဖို႔ အတြက္ ရည္႐ြယ္ၿပီးျပဳလုပ္ၾကတာျဖစ္ပါတယ္။

Event တစ္ခုလုပ္ဖို႔အတြက္ Planning, Performance, Result ဆိုတဲ့ အဆင့္ (၃) ဆင့္ကို သိထားသင့္ပါတယ္။Planning မွာ ဒီပြဲကို က်င္းပဖို႔အတြက္ ႀကိဳင္တင္ျပင္ဆင္တဲ့ အပိုင္းပါ၊ Performance က ေတာ့ ပြဲက်င္းပတဲ့ အပိုင္းျဖစ္ၿပီးေတာ့ Result က ေတာ့ ပြဲၿပီးသြားတဲ့အခ်ိန္မွာ ကိုယ့္လုပ္ငန္းအတြက္၊ Customer အတြက္ ဘာေတြအက်ိဳးအျမတ္ ရွိလဲဆိုတာေတြကို ထည့္သြင္းတြက္ခ်က္ဖို႔လိုပါတယ္။ ေအာက္မွာ Event လုပ္ေတာ့မယ္ဆိုရင္ လိုအပ္တဲ့အခ်က္အလက္ေတြကို ေဖာ္ျပေပးမွာျဖစ္ပါတယ္။

 

၁။ Information ေပးပါ

ကိုယ့္ပြဲကို လူေတြလာဖို႔အတြက္ ဖိတ္စာေတြပို႔တာအျပင္ အြန္လိုင္းေပၚကလည္း ဒီ Event အေၾကာင္းကို Content ေရးၿပီး Information ေတြနဲ႔ ႀကိဳတင္အသိေပးထားဖို႔ လိုပါတယ္။

 

၂။ လုပ္ငန္းအမ်ိဳးအစား

Event လုပ္တယ္ဆိုတာ ကိုယ့္ရဲ႕ လုပ္ငန္းအမ်ိဳးအစားအေပၚ မူတည္ၿပီးေတာ့ Trade Show, Conference, Seminar, ေဟာေျပာပြဲ ဆိုၿပီးကြဲျပားႏိုင္ပါတယ္။ ကိုယ့္ Customer ရဲ႕ Expectation နဲ႔လည္း ကိုက္ညီဖို႔ကလည္းအေရးႀကီးပါတယ္။

 

Billboard ေၾကာ္ျငာနွင့္ ထိေရာက္ျခင္း

 

၃။ ေနရာ၊ အခ်ိန္

Event အမ်ိဳးအစား ေ႐ြးခ်ယ္ၿပီးတဲ့အခါ၊ ဘယ္ေနရာမွာ လုပ္မလဲ၊ ဘယ္လိုရက္ ဘယ္လိုအခ်ိန္လုပ္မလဲ။ ဘယ္သူေတြကို အဓိကဦးတည္မလဲဆိုတာ ဆက္စဥ္းစားဖို႔ လိုပါတယ္။ ဥပမာ အေနနဲ႔ စာအုပ္မိတ္ဆက္ပြဲေတြ၊ သင္တန္းႏွစ္ပတ္လည္ပြဲေတြ လုပ္တဲ့အခါ ကိုယ့္ရဲ႕ ပုံမွန္သင္တန္းသား/သူ စာဖတ္ပရိတ္သတ္ကိုပဲ ေ႐ြးခ်ယ္တယ္ဆိုရင္ ခန္းမတစ္ခုခုမွာ လုပ္တာ အဆင္ေျပပီးေတာ့ Non User ေတြျဖစ္တဲ့ အျခားအျပင္လူေတြကိုပါ ရည္႐ြယ္ရင္ေတာ့ Shopping Center ေတြမွာ လုပ္တာ ပိုအဆင္ေျပပါတယ္။Loyal Customer လို႔ ေျပာရမယ့္ ပုံမွန္ သင္တန္းသား/သူ၊ စာဖတ္ပရိတ္သတ္ေတြက ခန္းမေတြကို တကူးတက လာေပမယ့္ Non User ေတြကေတာ့ တကူးတက လာဖို႔အားနည္းပါတယ္။ Shopping Center ေတြမွာ လုပ္တဲ့အခါ ျဖစ္သြားျဖတ္လာ ဝင္ၾကည့္ရင္းနဲ႔ ကိုယ့္ပြဲရဲ႕ Performance ေကာင္းရင္ ေကာင္းသလို သူတို႔ကို ဆြဲေဆာင္ႏိုင္ေစပါတယ္။

 

၄။ မီဒီယာေတြ ေ႐ြးခ်ယ္ပါ

ေန႔ရက္ေ႐ြးတဲ့အခါမွာလည္း သတင္းမီဒီယာနဲ႔ ပရိတ္သတ္ ဘယ္သူ႔ကိုဦးစားေပးမလဲ စဥ္းစားရပါတယ္။ မ်ားေသာအားျဖင့္ စေန၊ တနဂၤေႏြေတြမွာလုပ္ရင္ အားလပ္ရက္ျဖစ္တဲ့အတြက္ ပရိတ္သတ္ေတြက အဆင္ေျပေပမယ့္ သတင္းဌာနေတြကေတာ့ စုံစုံလင္လင္ လာဖို႔ မလြယ္ပါဘူး။

 

၅။ Sponer ေ႐ြးခ်ယ္ပါ

ေနာက္တစ္ခ်က္က Event တစ္ခုလုပ္တဲ့အခါ Sponsor လိုပါတယ္။ ကုမၸဏီေတြကို Sponsor Proposal တင္တဲ့အခါ ကိုယ့္ရဲ႕ Event ကို လာမယ့္ Customer Behavior နဲ႔ ကုမၸဏီေတြ ရဲ႕ လုပ္ငန္း၊ ထုတ္ကုန္ အမ်ိဳးအစား၊ ကုမၸဏီရဲ႕ Expectation ေတြ ကိုက္ညီေအာင္ စဥ္းစားေ႐ြးခ်ယ္ဖို႔ လိုပါတယ္။ ဆိုလိုတာက ရႈိးပြဲတစ္ခုမွာ အေဖ်ာ္ယမကာ ကုမၸဏီက Sponsor ေပးတာ အဆင္ေျပေပမယ့္ အသိပညာေပး ေဟာေျပာပြဲ တစ္ခုမွာ အေဖ်ာ္ယမကာ ကုမၸဏီက Sponsor ေပးရင္ ပြဲေတာ့ျဖစ္ပါရဲ႕ သိပ္ၿပီးေတာ့ မလိုက္ဖက္တာမ်ိဳး ျဖစ္တတ္ပါတယ္။

 

၆။ Feedback ေတာင္းပါ

ပြဲႀကီးၿပီးသြားတဲ့အခါ Ground မွာ ရခဲ့တဲ့ Survey အျပင္ပြဲအေၾကာင္း အြန္လိုင္းေပၚ ျပန္တင္ၿပီးေတာ့ Feedback ေလးေတြလည္း ျပန္ေတာင္းသင့္ပါတယ္။ ဒါမွသာ ကိုယ့္ရဲ႕ရည္႐ြယ္ခ်က္ျဖစ္တဲ့ Customer ေတြနဲ႔ တိုက္႐ိုက္ထိေတြ႕ၿပီး ကိုယ့္လုပ္ငန္းအေၾကာင္း တင္ျပႏိုင္႐ုံသာမက Customer ေတြရဲ႕ အသံေတြကို ျပန္ၾကားႏိုင္ပါလိမ့္မယ္။ကိုယ္စီစဥ္လိုက္တဲ့ Event က အစီအစဥ္တက်နဲ႔ Customer ေတြရဲ႕ Expectation နဲ႔လည္း ကိုက္ညီမယ္ဆိုရင္ ကိုယ့္ရဲ႕ Brand Image ဟာ အတိုင္းအတာတစ္ခုအထိ လူပိုသိလာမွာ ျဖစ္သလို ကိုယ့္ရဲ႕ Customer ေတြရဲ႕ ယုံၾကည္မႈ ပိုရလာႏိုင္ ႐ုံသာမက Non user ေတြကိုလည္း အတိုင္းအတာတစ္ခုအထိ ဆြဲေဆာင္လာႏိုင္ပါလိမ့္မယ္။

 

<<< Unicode >>>

 

သင့်လုပ်ငန်းအတွက် Event Marketing ပြုလုပ်မယ်ဆိုရင် သိထားသင့်တဲ့ အချက် (၆)ချက်

------------------------------------



Marketing မှာ Event ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခု အဖြစ်ပါဝင်ပါတယ်။ Event Marketing ဟာ ကိုယ့်ရဲ့ Brand ကို ပိုမိုသိရှိစေဖို့၊ ကိုယ်ပေးချင်တဲ့ Message ကို Customer ဆီကို တိုက်ရိုက် ရှင်းလင်းပြောပြနိုင်ဖို့ အတွက် ရည်ရွယ်ပြီးပြုလုပ်ကြတာဖြစ်ပါတယ်။

Event တစ်ခုလုပ်ဖို့အတွက် Planning, Performance, Result ဆိုတဲ့ အဆင့် (၃) ဆင့်ကို သိထားသင့်ပါတယ်။

 

Planning မှာ ဒီပွဲကို ကျင်းပဖို့အတွက် ကြိုင်တင်ပြင်ဆင်တဲ့ အပိုင်းပါ၊ Performance က တော့ ပွဲကျင်းပတဲ့ အပိုင်းဖြစ်ပြီးတော့ Result က တော့ ပွဲပြီးသွားတဲ့အချိန်မှာ ကိုယ့်လုပ်ငန်းအတွက်၊ Customer အတွက် ဘာတွေအကျိုးအမြတ် ရှိလဲဆိုတာတွေကို ထည့်သွင်းတွက်ချက်ဖို့လိုပါတယ်။ အောက်မှာ Event လုပ်တော့မယ်ဆိုရင် လိုအပ်တဲ့အချက်အလက်တွေကို ဖော်ပြပေးမှာဖြစ်ပါတယ်။

 

၁။ Information ပေးပါ

ကိုယ့်ပွဲကို လူတွေလာဖို့အတွက် ဖိတ်စာတွေပို့တာအပြင် အွန်လိုင်းပေါ်ကလည်း ဒီ Event အကြောင်းကို Content ရေးပြီး Information တွေနဲ့ ကြိုတင်အသိပေးထားဖို့ လိုပါတယ်။

 

၂။ လုပ်ငန်းအမျိုးအစား

Event လုပ်တယ်ဆိုတာ ကိုယ့်ရဲ့ လုပ်ငန်းအမျိုးအစားအပေါ် မူတည်ပြီးတော့ Trade Show, Conference, Seminar, ဟောပြောပွဲ ဆိုပြီးကွဲပြားနိုင်ပါတယ်။ ကိုယ့် Customer ရဲ့ Expectation နဲ့လည်း ကိုက်ညီဖို့ကလည်းအရေးကြီးပါတယ်။

 

၃။ နေရာ၊ အချိန်

Event အမျိုးအစား ရွေးချယ်ပြီးတဲ့အခါ၊ ဘယ်နေရာမှာ လုပ်မလဲ၊ ဘယ်လိုရက် ဘယ်လိုအချိန်လုပ်မလဲ။ ဘယ်သူတွေကို အဓိကဦးတည်မလဲဆိုတာ ဆက်စဉ်းစားဖို့ လိုပါတယ်။ ဥပမာ အနေနဲ့ စာအုပ်မိတ်ဆက်ပွဲတွေ၊ သင်တန်းနှစ်ပတ်လည်ပွဲတွေ လုပ်တဲ့အခါ ကိုယ့်ရဲ့ ပုံမှန်သင်တန်းသား/သူ စာဖတ်ပရိတ်သတ်ကိုပဲ ရွေးချယ်တယ်ဆိုရင် ခန်းမတစ်ခုခုမှာ လုပ်တာ အဆင်ပြေပီးတော့ Non User တွေဖြစ်တဲ့ အခြားအပြင်လူတွေကိုပါ ရည်ရွယ်ရင်တော့ Shopping Center တွေမှာ လုပ်တာ ပိုအဆင်ပြေပါတယ်။Loyal Customer လို့ ပြောရမယ့် ပုံမှန် သင်တန်းသား/သူ၊ စာဖတ်ပရိတ်သတ်တွေက ခန်းမတွေကို တကူးတက လာပေမယ့် Non User တွေကတော့ တကူးတက လာဖို့အားနည်းပါတယ်။ Shopping Center တွေမှာ လုပ်တဲ့အခါ ဖြစ်သွားဖြတ်လာ ဝင်ကြည့်ရင်းနဲ့ ကိုယ့်ပွဲရဲ့ Performance ကောင်းရင် ကောင်းသလို သူတို့ကို ဆွဲဆောင်နိုင်စေပါတယ်။

 

အော်စကာ ဆုပေးပွဲ မှာ ပြသခွင့် မရ ရှိသော ကြော်ငြာ

 

၄။ မီဒီယာတွေ ရွေးချယ်ပါ

နေ့ရက်ရွေးတဲ့အခါမှာလည်း သတင်းမီဒီယာနဲ့ ပရိတ်သတ် ဘယ်သူ့ကိုဦးစားပေးမလဲ စဉ်းစားရပါတယ်။ များသောအားဖြင့် စနေ၊ တနင်္ဂနွေတွေမှာလုပ်ရင် အားလပ်ရက်ဖြစ်တဲ့အတွက် ပရိတ်သတ်တွေက အဆင်ပြေပေမယ့် သတင်းဌာနတွေကတော့ စုံစုံလင်လင် လာဖို့ မလွယ်ပါဘူး။

 

၅။ Sponer ရွေးချယ်ပါ

နောက်တစ်ချက်က Event တစ်ခုလုပ်တဲ့အခါ Sponsor လိုပါတယ်။ ကုမ္ပဏီတွေကို Sponsor Proposal တင်တဲ့အခါ ကိုယ့်ရဲ့ Event ကို လာမယ့် Customer Behavior နဲ့ ကုမ္ပဏီတွေ ရဲ့ လုပ်ငန်း၊ ထုတ်ကုန် အမျိုးအစား၊ ကုမ္ပဏီရဲ့ Expectation တွေ ကိုက်ညီအောင် စဉ်းစားရွေးချယ်ဖို့ လိုပါတယ်။ ဆိုလိုတာက ရှိုးပွဲတစ်ခုမှာ အဖျော်ယမကာ ကုမ္ပဏီက Sponsor ပေးတာ အဆင်ပြေပေမယ့် အသိပညာပေး ဟောပြောပွဲ တစ်ခုမှာ အဖျော်ယမကာ ကုမ္ပဏီက Sponsor ပေးရင် ပွဲတော့ဖြစ်ပါရဲ့ သိပ်ပြီးတော့ မလိုက်ဖက်တာမျိုး ဖြစ်တတ်ပါတယ်။

 

၆။ Feedback တောင်းပါ

ပွဲကြီးပြီးသွားတဲ့အခါ Ground မှာ ရခဲ့တဲ့ Survey အပြင်ပွဲအကြောင်း အွန်လိုင်းပေါ် ပြန်တင်ပြီးတော့ Feedback လေးတွေလည်း ပြန်တောင်းသင့်ပါတယ်။ ဒါမှသာ ကိုယ့်ရဲ့ရည်ရွယ်ချက်ဖြစ်တဲ့ Customer တွေနဲ့ တိုက်ရိုက်ထိတွေ့ပြီး ကိုယ့်လုပ်ငန်းအကြောင်း တင်ပြနိုင်ရုံသာမက Customer တွေရဲ့ အသံတွေကို ပြန်ကြားနိုင်ပါလိမ့်မယ်။ကိုယ်စီစဉ်လိုက်တဲ့ Event က အစီအစဉ်တကျနဲ့ Customer တွေရဲ့ Expectation နဲ့လည်း ကိုက်ညီမယ်ဆိုရင် ကိုယ့်ရဲ့ Brand Image ဟာ အတိုင်းအတာတစ်ခုအထိ လူပိုသိလာမှာ ဖြစ်သလို ကိုယ့်ရဲ့ Customer တွေရဲ့ ယုံကြည်မှု ပိုရလာနိုင် ရုံသာမက Non user တွေကိုလည်း အတိုင်းအတာတစ်ခုအထိ ဆွဲဆောင်လာနိုင်ပါလိမ့်မယ်။

 

Su Mon Oo 

Myanmar Advertising Directory 

 

 

Read times
Rate this item
(1 Vote)