-->
×
Warning
JUser: :_load: Unable to load user with ID: 29
အခုခေတ်စားနေတဲ့ ဗိုလ်ကြီးမင်းသား Hyun Bin
<<< Unicode >>>
Billboard ကြော်ငြာနှင့် ထိရောက်ခြင်း
ပြီးခဲ့ တဲ့ ရက်တွေတုန်းက ကျွန်တော်လမ်းမ တစ်ခုကို ကား ဖြတ်မောင်းရင်း ထိုလမ်းမ ကြီး ထက်မှာ ရှိတဲ့ Billboard တွေတွေ့တာနဲ့ အတွေးလေး တစ်ခု ဝင်လာခဲ့တယ်
‘ အော် … ဒါက ထိရောက်မှု့ ရှိတဲ့ Billboard ကြော်ငြာ ခြင်းပဲလို့ တွေး မိပြီး ပြုံးမိတယ် ‘ ဒါ့ ထက်စိတ်ထဲမှာ တစ်ခု သိချင်လာခဲ့ တာက ဘယ်လို အရာ မျိုးတွေက ထို Billboard ကြော်ငြာ ခြင်းကို ထိရောက်စေသလဲ ဆိုတာမျိုးပေါ့ ………….
ဒါနဲ့ ပဲ သိချင်စိတ် အတွေး စိတ်ကူး များ စွာပေါင်းစုံနေတဲ့ ကျွန်တော်က ပြည်တွင်း က နာမည်ကြီး တဲ့ website တစ်ခုဖြစ်တဲ့ Lake Charles website ကို ဆက်သွယ် ဖို့ စိတ်ကူးရရှိခဲ့ တယ်
Lake Charles website ရဲ့ ပဲ့ကိုင်ရှင်က ဆိုရှယ်မီဒီယာ ကြော်ငြာ ပိုင်းဆိုင်ရာ တွေရဲ့ ဆရာ တစ်ဆူတစ်ဖြစ်လဲ Brand Building ကိစ္စ ရပ်တွေရဲ့ ဆရာတစ်ဆူဖြစ်တဲ့ Obvious ကြော်ငြာ လုပ်ငန်းစုက Daniel Wainwright ပေါ့ဗျာ။
သူရဲ့ စကား အနည်းငယ်ပြောဆိုဖြစ်ခဲ့ တာက Billboard ကြော်ငြာ ခြင်းတွေရဲ့ ဆောင်ရန် ရှောင်ရန်တွေ ၊ ဘယ်လို နည်းလမ်းတွေနဲ့ Billboard ကြော်ငြာ မလဲ ဆိုတာ ကို မေး မြန်း ထားတယ်ပေါ့ ဗျာ ဒါကို Daniel က သူရဲ့ သဘာ အရ ပြန်လည် ဖြေကြား ပေးတယ်ဗျ ….
သင့် အနေနဲ့ ဒီ အချက်ကလေး ၄ / ၅ ချက်ကို မှ မသိရင် သင် Billboard ကြော်ငြာ ခြင်းကို လုပ်ကို မလုပ်သင့် ဘူးလို့ ပြောလို့ရမယ် …...
1 . သင့် Billboard ကို လူ တွေမြင်လိုက်တာ နဲ့ သင့် Product ကို လူတွေထဝယ်ချင်အောင်ရေးပါ
တကယ်တော့ Billboard ကြော်ငြာ ချင်းက နေရာကောင်းမျာကြော်ငြာ လေလေ ငွေကုန်ကျေး ကျ များပြီး ထိရောက်မှု့ ရှိလေလေပါပဲ။
သင့်အျနနဲ့ Coca cola လို ကြော်ငြာအတွက် ငွေ ကုန်ကျေးကျ အရမ်း မခံ ရင်တော့ သင့် Brand က တစ်ကမ္ဘာ လုံးက ဘယ်ရိပ်ကဲ မိပါ့မလဲ။
ပြောရရင် ကျွန်တော် တွေ့ မိနေတဲ့ Billboard အမျိုး အစားများက “ 10 နှစ် ပြည့် အမှတ်တရ “ ‘ဒါမှ မဟုတ် “ မြို့ နယ်တစ်ခုလုံးမှာ အယုံ ကြည် ရဆုံးတဲ့ “ ကိုယ့် ဂုဏ်ကိုယ်ဖော် မသူတော် ကြော်ငြာ တွေရပ်သင့် ပြီး
အသစ်အဆန်း ကြိုက်သူ တွေ စူးစမ်းချင်စိတ် ရှိတဲ့ သူတွေအတွက် “ အသစ်လာပြီနော်” ဆို တဲ့ ခေါင်းစဉ်က မှ ပိုကောင်းပါအုံးမယ်။
ပြောရရင် အချက်အလက်ပိုမိုစုံတဲ့ Billboard တွေက သင့် Product ကို လူတွေစိတ်ဝင်စားစေ ပါတယ်။Call To Action ထည့်ပေးနိုင်ရင်တော့ အကောင်း ဆုံးပေါ့
( CTA ဆိုတာက “ တစ်ခု ဝယ် တစ်ခု လက်ဆောင်ပေးနေပြီ ၊ အခု ချက်ချင်းပဲ ပြေးဝယ်လိုက်ပါ “ သင့် Product ကို လူတွေ က အခု ချက်ချင်း ပဲ ထဝယ်သုံးအောင် တိုက်တွန်းတဲ့ စကားမျိုးပေါ့ )
CTA က Billboard ကြော်ငြာ ခြင်းမှာ အထင်အရှားဆုံး နည်းလမ်း တစ်ခု ဆို လဲ မမှားပါဘူး။
ဒီဂျစ်တယ် Billboard တွေက ဗီနှိုင်း / သာမန် Billboard များထက်ပိုသာပါတယ်သို့ ပေမဲ့ ဗီနှိုင်း တို့ သာမန် Billboard တို့ ကို လည်း အမြဲတမ်း တိုးတက်အောင် လုပ်နေမယ် , ပြု ပြင်ထိန်းသိမ်းမယ်ဆိုရင်တော့ အဆင်ပြေပါတယ်။
2 . Billboard ပေါ် မှာ ရှိတဲ့ ဖုန်းနံပါတ်ပဲ ဖြစ်ဖြစ် ၊ Website လိပ်စာ ပဲ ဖြစ်ဖြစ် မှတ်ရလွယ်နေပါစေ
Billboard ကြော်ငြာလောကမှာ အတတ်နိုင်ဆုံး က သင့် လုပ်ငန်းရဲ့ ရှင်းလင်း တဲ့ ဆက် သွယ် ရန် ဖုန်းနံပါတ် ပေးပြီး ချက်ချင်း ရောင်း တာက ပိုပြီးကောင်းပါတယ် ဒါကြောင့် ဖုန်းနံပါတ်နဲ့ Website လိပ်စာ ကို မှတ်မိလွယ်အောင်ရေး ထား ရင်တော့ အကောင်းဆုံးပေါ့
ဥပမာ အပူး ဖုန်းနံပါတ်တွေ ၊ (555) 555 5555 စတာမျိုး ၊ Website ဆိုလဲ သင့် Product နာမည်နဲ့ လုပ်ထားတဲ့ ခပ်ရှင်း ရှင်း Website ဆိုရင် အကောင်းဆုံးပေါ့။
3 . တစ်ခုခု ကျန်ခဲ့ အောင် လုပ်ပါ
သင့် အနေနဲ့ သင့် လုပ်ငန်းရဲ့ လိုဂို ၊ နာမည် ၊ အမှတ်အသား တစ်ခုခုကို လူမြင်တဲ့ နေရာ မှာ ထထည့် သသွင်း အသုံးပြု နိုင်မှ သင့် အနေနဲ့ Billboard ကြော်ငြာ ချင်းကို အောင်မြင်အောင် လုပ်နိုင်တယ်လို့ ဆိုရမှာပါ။
ဒါမှ မဟုတ်ရင် သင့် ကြော်ငြာ ခြင်း က အလကား သက်သက် အသုံးမဝင်ပဲ ဖြစ်သွားမှာပါ။
အော်စကာ ဆုပေးပွဲ မှာ ပြသခွင့် မရ ရှိသော ကြော်ငြာ
4 . ကြည့် ရှုသူတွေ သို့လော ၊ သို့ လော ဖြစ်နေပါစေ
သို့လော သို့လော ဆိုတိုင်း မကောင်းတဲ့ နည်းလမ်းလို့ တန်းမတွေးစေလိုပါဘူး။
သင့် ရဲ့ ကြော်ငြာ Billboard ကို ကြည့် လိုက်တယ် ဆိုပါတော့ ကားမောင်းနေတဲ့ သူတွေ အတွေး ကို လှုပ်ခတ်သွားပြီး ရင်ခုန် စေမဲ့ ကြော်ငြာ ဘုတ် မျိုး ပေါ့ ၊
ပြီး လည်း သင့် ကြော်ငြာကို ကားမောင်းနေစဉ်တစ်လျောက် စိတ်ထဲ ဆွဲနေတာ မျိုးပေါ့ ၊
ဥပမာ ပေးရရင် တစ်ခါက နာမည်ကြီး မင်းသမီးတစ်ယောက် ရဲ့ အပေါ် ဘလာ Billboard က သူ့ ငေးမိတဲ့ ယာဉ်မောင်းတွေကို ကား တိုက်မှု့ ဖြစ်စေဖူးပါသတဲ့။
5 . အရောင်အသုံးပြု မှု့ ပိုင်းဆိုင်ရာ မှာ အခြား Billboard တွေထက် ထူးခြားနေပါစေ
ဒီဂျစ်တယ် Billboard တော်တော်များများ က ကြည့် ရှုသူ အမျိုးအစား ၈ မျိုးလောက်ကို ဖမ်းစား ပြီး အရောင်စုံ ကြော်ငြာတွေကို လှည့် လည်ပြသနေတာမျိုးပေါ့ ။
သင့် အနေနဲ့ သင့် Billboard အတွက် ကာလာ အသုံး ပြု တဲ့ အခါမှာ လဲ သင့် Brand နဲ့ လိုက်ဖက်ညီတဲ့ အရောင်မျိုး ကို အသုံးပြု သင့်တယ်။
နောက်ခံ အရောင်ဆိုရင်တော့ တောက်ပ့တဲ့ အစိမ်းနဲ့ အနက်ရောင် Background က အပေါ် ဆုံးပေါ့။Billboard ကြော်ငြာ ခြင်း ကဈေးကြီးတဲ့ ထဲ မယ်ပါတယ်။
သင့် အနေနဲ့ စီးပွားရေး လုပ်ငန်းတစ်ခုကို အစပြု ခါစ ဆို Size သေးသေး လေးကနေအစ ပြု ကြော်ငြာ သင့်ပါတယ်။စမ်းသပ်ကြည့် ပေါ့။
Daniel Wainwright က Obvious Advertising ကြော်ငြာ လုပ်ငန်းစုရဲ့ ပိုင်ရှင်ပါ ။
အခု အချိန် မှာ ကြော်ငြာ ရေးရာ ကိစ္စ တွေမှာ Digital ပိုင်း က ခေတ်စား နေပေမဲ့ Obvious က Traditional ကြော်ငြာပိုင်း မှာ ရော Digital ကြော်ငြာ ပိုင်းမှာပါ ပိုင်နိုင်နေစဲပါပဲ။
အထက်ဖော်ပြခဲ့ တဲ့ အချက်တွေက Billboard ကြော်ငြာ ခြင်းကို ထိရောက်စေမဲ့ အချက်တွေပါလိုက်နာ ကျင့်သုံးပြီး အဆင်ပြေနိုင်ဖို့ မျှော်လင့်ရပါတယ်။
Source From DecisiveMinds 
Myanmar Advertising Directory 
Read times
Rate this item
(0 votes)