-->
×

Warning

JUser: :_load: Unable to load user with ID: 29


အမေရိကန်ကြော်ငြာလောကရဲ့ Creative ပညာရှင် Alex Bogusky

ကြော်ငြာလောကထဲက ထင်ပေါ်သူအချို့ဟာ ခေတ်အလိုက် အကောင်းဆုံးကြော်ငြာသမားတွေအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

Claude Hopkins ဆိုရင် ရုပ်သံမတိုင်ခင်က ပြိုင်ဘက်ကင်းကြော်ငြာသမားတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ၁၉၅၀ ခုနှစ်များမှာ ဒေးဗစ်အိုဂစ်ဗီးက ဆရာတစ်ပါးဖြစ်ပြီး၊ ရုပ်သံခေတ်မှာတော့ Bill Bernbach က ကြော်ငြာလောကရဲ့ အကောင်းဆုံးခရီအေးတစ်အဖြစ် အသိအမှတ်ပြုခဲ့ကြပါတယ်။ ယနေ့ခေတ်မှာလဲ အမေရိကန်ကြော်ငြာလောကမှာ ဘယ်သူကအကောင်းဆုံး Creative ပညာရှင်တစ်ယောက်ဖြစ်မလဲ။

 

ထရိတ်ဂျာနယ် Adweek က လူတစ်ယောက်ကို ပွဲထုတ်လိုက်ပါတယ်။ Crispin Porter+Bogusky မှာ ယခင်က Creative ဒါရိုက်တာအဖြစ်၊ နောက်ပိုင်းမှာ တွဲဖက်ဥက္ကဌအဖြစ် လုပ်ကိုင်ခဲ့တဲ့ အဲလက်စ်ဘိုဂူးစကီး (Alex Bogusky) ဖြစ်ပါတယ်။ စားသုံးသူတွေက သူတို့ကြိုက်တဲ့ Burger Whopper ကိုတောင် ဆက်မစားတော့ပါဘူးဆိုတဲ့အထိ ဖြစ်သွားစေလောက်တဲ့ Burger King ကြော်ငြာ၊ မရှိမဖြစ်အရေးကြီးတဲ့ ဈေးကွက်ဖော်ဆောင်မှု အကျိုးကျေးဇူးကိုaဖာ်ပြပေးသွားတဲ့ “ဦးစားပေးမခံရတဲ့ ကြက်” ဆိုတဲ့ Website၊ “Sponge Bob” ကလေးအစားအစာအတွက် Square Butts ကြော်ငြာတွေ၊ မူးရစ်ဆေးဝါးနယ်ပယ်ကို မီးမောင်းထိုးပြခဲ့တဲ့ “အမှန်တရား” ဆိုတဲ့ ကြော်ငြာတွေကို ခင်ဗျားကြားဖူးပြီလား။

 

အရင်တုန်းက MINI ကြော်ငြာတွေအပြင် မကြာသေးခင်လုပ်ခဲ့တဲ့ Volkswagen ကန်ပိန်းတွေကိုလည်း ဖန်တီးခဲ့ပါသေးတယ်။ သူ့ကမ်ပိန်းတွေက တကယ့်ကိုထူးခြားပြောင်မြောက်တဲ့အပြင် Brand တည်ဆောက်တဲ့နေရာမှာလည်း များစွာအထောက်အပံ့ပေးပါတယ်။ သူ့စွမ်းဆောင်မှုတွေကြောင့်ပဲ CP+B ဟာ အမေရိကမှာ လူသိအများဆုံးနဲ့ လေးစားစရာအကောင်းဆုံးအေဂျင်စီ ဖြစ်လာခဲ့တယ်။ Alex Bogusky က သူ့အကြောင်းကို ပြောပြထားတာတွေ အခုလိုလေ့လာနိုင်ပါတယ်။

 

Crispin & Porter ကြော်ငြာလုပ်ငန်းဖြစ်လာမယ့် အဖွဲ့အစည်းကို ၁၉၈၉ ခုနှစ်မှာ Art Director အနေနဲ့ သူစတင်ဝင်ရောက်ခဲ့ပါတယ်။ သူဟာ ၁၆ ယောက်မြောက်ကုမ္ပဏီဝန်ထမ်းပါ။ ၅ နှစ်ကြာပြီးတဲ့နောက် အေဂျင်စီမှာ CD ဖြစ်လာခဲ့ပြီး ၁၉၉၇ မှာ အေဂျင်စီရဲ့ပါတနာဖြစ်လာခဲ့ပါတယ်။ ၂၀၀၈ ဇန်နဝါရီမှာ တွဲဖက်ဥက္ကဌဖြစ်လာခဲ့ပါတယ်။ အေဂျင်စီဟာ သူရဲ့စီမံမှုနှင့် ဝန်ထမ်းပေါင်း ၇၀၀ ကျော်ထိရှိခဲ့ပြီး နှစ်အနည်းငယ်အကြာမှာ ကမ္ဘာ့ကြော်ငြာဆုအများဆုံးရအေဂျင်စီ ဖြစ်လာခဲ့ပါတယ်။

 

Communication Arts, Adweek, Ad Age, Fast Company နှင့် BusinessWeek စတဲ့ အစီအစဉ်တွေမှာ မှတ်တမ်းတင်ခံခဲ့ရပြီး The New York Times, The Wall Street Journal, USA Today, Newsweek, Time နှင့် တခြားနိုင်ငံအဆင့်ရုပ်သံတွေမှာဆိုလဲ People BEHIND the Ads ဆုတို့အပြင် ရေဒီယိုတွေမှာလဲ ဖော်ပြခြင်းခံခဲ့ရပါတယ်။ ၂၀၀၂ ခုနှစ်မှာ အမေရိကန်ကြော်ငြာဗဟိုအမှုဆောင်အဖွဲ့က Hall of Achievement ဆုကို ချီးမြှင့်ခဲ့ပါတယ်။

 

Myanmar Advertising Guide 

 

ကြော်ငြာမှတ်စု 

Read times
Rate this item
(1 Vote)