-->
×

Warning

JUser: :_load: Unable to load user with ID: 29


Creative Director ကောင်းတစ်ယောက် ဖြစ်လာဖို့ လိုအပ်တဲ့ အချက်များ

ကိုယ်တိုင်လုပ်ကိုင်နေရတဲ့ Creative Director တစ်ယောက်အနေနဲ့ ပြောရဲတာက၊ တန်ဖိုးရှိတဲ့ ဒီလိုရာထူး အတွက် လိုအပ်တာက ဒီအချက်လေးတွေပါ။

ခင်ဗျားအနေနဲ့ -

၁။ စိတ်ပညာပိုင်းဆိုင်ရာ သိမြင်ခြင်း။
၂။ အဆင့်အတန်းမြင့်မြင့် တက်လှမ်းလိုစိတ်၊ ရယူနိုင်စွမ်း။
၃။ ကျွမ်းကျင်တဲ့ စီမံအုပ်ချုပ်သူတစ်ဦး။
၎။ မဟာဗျူဟာကျကျ တွေးနိုင်သူ။ (“ကုန်အမှတ်တံဆိပ်ရပ်တည်ချက်” ကဲ့သို့)
၅။ သုတေသနအမြင်။
၆။ ရုပ်မြင်သံကြားနဲ့ ပရင့်ကြော်ငြာ ၂ ခုလုံးပိုင်နိုင်ခြင်း။ ( ခုခေတ်နဲ့ဆိုရင်တော့ Social Media ပိုင်း၊ Digital ပိုင်းတွေပါ သေချာပေါက်လိုအပ်မှာပါ။ )
၇။ Account မျိုးစုံကို တာဝန်ယူနိုင်ခြင်း။
၈။ ဂရက်ဖစ်ဒီဇိုင်းနဲ့ စာလုံးရေးသားခြင်း Typo ၂ ခုလုံးမှာ ပိုင်နိုင်ခြင်း။ ( အိုဂစ်ဗီးတို့ခေတ်တုန်းက ဂရပ်ဖစ်နဲ့ Typo ကို ခွဲပြောထားတယ်။ )

ကြော်ငြာကဏ္ဍမှာ လုပ်နေတဲ့ သုတေသနသမားတွေအတွက် အကြံပြုချက် ( ၉ ) ချက်

၉။ အလုပ်ကြိုးစားသူတစ်ဦး - မြန်လည်းမြန်ရမယ်။
၁၀။ ပြဿနာဖြေရှင်းရာမှာ ရန်ဖြစ်ဖို့ နောက်ဆုံးမှရွေးချယ်သူ။ ( မဖြစ်ရဘူးလို့ မပြောထားပါဘူး။ ရန်ဖြစ်နိုင်ပါတယ်။ )
၁၁။ ချီးကျူးခံရရင် မျှဝေတတ်ပြီး၊ ခံစရာရှိရင် ကျိတ်ခံတတ်ဖို့။
၁၂။ အများရှေ့ စကားပြောကောင်းသူတစ်ဦး။
၁၃။ အသင်အပြကောင်းသူ၊ လိုအပ်ချက်နဲ့ကိုက်ညီတဲ့ ဝန်ထမ်းကို ရှာနိုင်သူ။
၁၄။ အပျော်တွေကူးစက်တတ်သူ ဆိုတဲ့အချက်တွေ လိုအပ်ပါတယ်။

“ စိတ်ပညာပိုင်းဆိုင်ရာသိမြင်ခြင်း ” ဆိုတာကို ထိပ်ဆုံးမှာ တင်ထားတာ သတိထားမိမှာပါ။ ကြော်ငြာလောကသမိုင်းမှာ အလုပ်အကောင်းဆုံးဆိုတဲ့ Albert Lasker ကတောင် စာစီသမားအဖွဲ့ကို တစ်ခါတုန်းက ပြောဖူးတယ်။

“ စာစီသမားတွေကို အလုပ်ခိုင်းရတာက ပြဿနာလို့ သိကြလား။ ကျွန်တော့်ဆံပင်တွေ အဆုပ်လိုက် နှုတ်ခံရသလိုပါပဲ။ ၅ လခွဲ ထိန်းထားတဲ့ စံချိန်ပျက်သွားပြီ၊ ငါးမိနစ်လောက် ခင်ဗျားတို့နဲ့ ပြောမိရင်ကိုပဲ အော်ငိုချင်စိတ်ကို ထိန်းမရတာပေါ့၊ အတော်မွှေတဲ့ အုပ်စု ” တဲ့။

Peter Soe Moe ( Ogilvy on Advertising by David Ogilvy )
Myanmar Advertising Directory

Read times
Rate this item
(2 votes)