-->
×

Warning

JUser: :_load: Unable to load user with ID: 29


Bill Gate ရဲ့ ဘ၀နောက်ကွယ်က သိမှတ်ဖွယ်ရာများ

Microsoft တည်ထောင်သူနဲ့ ကမ္ဘာ့ဒုတိယအချမ်းသာဆုံးသူဌေးကြီး ဘီလ်ဂိတ်စ်ကို အားလုံးပဲ သိကြမယ် ထင်ပါတယ်။ ဘီလ်ဂိတ်စ်နဲ့ ကွယ်လွန်သူ သူ့မိတ်ဆွေ ပေါလ်အယ်လန်တို့ဟာ ဆီယက်တဲလ်က Lakeside School မှာ အထက်တန်းကျောင်း အတူတူတက်ခဲ့တာပါ။မကြာသေးခင်ကပဲ ဘီလ်ဂိတ်စ်ဟာ Lakeside ကျောင်းကို ပြန်ရောက်လာပြီးအထက်တန်းကျောင်းသားတွေကို မိန့်ခွန်းပြောခဲ့ပါတယ်။ အဲ့ဒီမိန့်ခွန်းထဲမှာ သူ့ကို အောင်မြင်မှုရအောင် မောင်းနှင်ပေးတဲ့အရာ ၃ မျိုးအကြောင်းကို မျှဝေခဲ့ပါတယ်။ ဘီလ်ဂိတ်စ်ရဲ့ အောင်မြင်မှုအင်ဂျင် ၃ လုံးက ဘာတွေလဲ။

(၁) သိချင်စိတ်

===========

စူးစမ်းချင်တဲ့ စိတ်က သူ့ကို အမြင့်ရောက်စေခဲ့တာလို့ ဘီလ်ဂိတ်စ်က ပြောပါတယ်။ “သိချင်စိတ် ထက်သန်တဲ့ လေ့လာလိုသူတစ်ဦးအတွက် ဒီအချိန်က အကောင်းဆုံးပါပဲ။ ဘာလို့လဲဆိုတော့ သင့်ရဲ့ အသိပညာကို အမြဲတစေ လန်းဆန်းစေနိုင်မယ့်အရာတွေက အွန်လိုင်းတွေ podcast လက်ချာတွေမှာ အရင့်အရင်ကထက် ပိုကောင်းလာလို့ပါပဲ”တဲ့။

ဘီလ်ဂိတ်စ်ဟာ စာသိပ်ဖတ်ပါတယ်။ အကြောင်းအရာတစ်ခုခုကို သူသိချင်လာရင် ဒါနဲ့ ပတ်သက်တဲ့ စာအုပ် ၅ အုပ်လောက် ဖတ်တယ်လို့ ဆိုပါတယ်။ ဘာလို့ အဲ့ဒီလောက်တောင် ဖတ်ရသလဲဆိုတော့ သူပြောပြမယ့်လူထက် ပိုပြီး သိနေအောင်လို့ ဖြစ်ပါတယ်။

 

(၂) အကောင်းမြင်မှု

=============

ဘီလ်ဂိတ်စ်က ပြောပါတယ်။ Microsoft အောင်မြင်တာ နဲ့ Gates Foundation ကြီး ဖြစ်လာတာဟာ အလွန်ကို အကောင်းမြင်တဲ့ စိတ်သဘောထားကြောင့်ပါတဲ့။ အရင်က အောင်မြင်မှုတွေကနေ အားယူပြီး ကြုံနေရတဲ့ အခက်အခဲနဲ့ ကျရှုံးမှုတွေကို ရင်ဆိုင်ရင်းနဲ့ အနာဂါတ်ကို အောင်မြင်အောင် တည်ဆောက်ပါတယ်။

“Microsoft မှာ အရှုံးတွေလည်းရှိခဲ့တာပါပဲ။ ဥပမာ- Windows ကို ကျွန်တော်တို့ ကြေညာထားပြီး နှစ်နှစ်အထိ မဖြန့်ချိနိုင်တာမျိုးပေါ့။ ဒါပေမယ့် စိတ်ချရစေမယ့် အောင်မြင်မှုတွေက ရှိပြီးသားပဲလေ”လို့ သူက ဆိုပါတယ်။

 

(၃) တာဝန်ပေးတတ်ခြင်း

================

ဘီလ်ဂိတ်စ်ဟာ အရင်က Code ပဲ ရေးနေတဲ့ ပရိုဂရမ်မာ။ ကုဒ်တွေ ရေးနေရရင် ပျော်နေတဲ့သူမျိုး။ ဒါပေမယ့် သူ့တကယ့်အလုပ်နဲ့ သူလုပ်သင့်တာ/မလုပ်နိုင်တာကို ချိန်ဆခဲ့ပါတယ်။ ကိုယ့်ရဲ့ အားသာချက် အားနည်းချက်ကို သိခြင်းကနေ ထိရောက်တဲ့ ခန့်ခွဲမှုလုပ်ရပါတယ်။ ဂိတ်စ်ကတော့ ဒီ Skills တွေဟာပရိုဂရမ်ပိုင်းနဲ့ လူတွေကို စီမံခန့်ခွဲမှုပိုင်းလို့ ဆိုပါတယ်။

လူတွေနဲ့ ဆက်ဆံရခြင်းက သူ့ရဲ့ အလုပ်တာဝန်တစ်ခု ဖြစ်လာကြောင်း သိပြီးနောက် စီမံခန့်ခွဲမှုကို ပျော်မွေ့တဲ့ စတိဗ်ဘောမားကို စီမံခန့်ခွဲမှုမှာ တာဝန်ပေးခဲ့ပါတယ်။ “စတိဗ်ဘောမားလို လူကို စီမံခန့်ခွဲရေးမှာ ထားခြင်းက အများကြီး အကျိုးရှိပါတယ်။ ကျွန်တော်အဲ့လိုမျိုး အတွေ့အကြုံအလွန်များသူတွေကို ငှားခဲ့တာ”လို့ သူက ဆိုပါတယ်။

 

Kwee

 

 

Read times
Rate this item
(0 votes)