-->
×

Warning

JUser: :_load: Unable to load user with ID: 29


Microsoft သူဌေးကြီးဘီလ်ဂိတ်စ်သူ့ ကိုယ်သူသုံးသပ်လေ့ရှိတဲ့မေးခွန်း ၃ခု

Microsoft သူဌေးကြီးဘီလ်ဂိတ်စ်သူ့ ကိုယ်သူသုံးသပ်လေ့ရှိတဲ့မေးခွန်း ၃ခု google

ကမ္ဘာ့ဒုတိယအချမ်းသာဆုံးသူဌေးကြီး ဘီလ်ဂိတ်စ်အကြောင်းကတော့ အထူးမိတ်ဆက်ပေးစရာလိုမယ် မထင်ပါဘူး။သူနဲ့ ပတ်သက်ပြီး လူတွေသိပြီးသား အကြောင်းအရာတွေ ရှိထားသလို လူသိနည်းနေတဲ့ ပုဂ္ဂိုလ်ရေးအကြောင်းတစ်ချို့ လည်း ရှိပါတယ်။အခုပြောမယ့် ဘီလ်ဂိတ်စ်ရဲ့ မေးခွန်း ၃ ခုအကြောင်းကတော့ လူသိနည်းမယ်လို့ ထင်ပါတယ်။

ဘီလ်ဂိတ်စ်ဟာ အရင်ကတော့ တစ်နှစ်ကုန်ဆုံးတိုင်းမှာ Microsoft ဆော့ဖ်ဝဲလ်တွေဟာ PC ကွန်ပျူတာအိပ်မက်ကို တကယ်ဖြစ်စေခဲ့သလားဆိုတဲ့ မေးခွန်းနဲ့ သူ့ ကိုယ်သူ သုံးသပ်တယ်လို့ ဆိုပါတယ်။ အခုချိန်မှာတော့ နှစ်တိုင်း သူ့ ကိုသူ ပြန်မေးတဲ့ မေးခွန်း ပြောင်းသွားခဲ့ပြီ ဖြစ်ပါတယ်။

(၁) ငါမိသားစုအတွက် အချိန်ပေးဖြစ်ရဲ့လား?
***********************
ငွေဟာ လိုချင်တာအများစုကို ဝယ်ယူပေးနိုင်ပေမယ့် ငွေနဲ့ ဝယ်လို့ မရတဲ့ အထဲမှာ ပျော်ရွှင်မှူနဲ့ နှစ်လိုမက်မောစရာဆက်ဆံရေး စသည်ဖြင့် အများကြီးရှိပါတယ်။လူတစ်ယောက်ဟာ သူ့ အတတ်ပညာနဲ့ အသက်မွေးမှူမှာ ထူးချွန်သူ ဖြစ်ချင်ဖြစ်မယ် ဒါပေမယ့် သူ့ နံဘေးမှာ သူ့ ကိုတကယ်ချစ်ခင်တဲ့ မိတ်ဆွေနဲ့ မိသားစုဝင်တွေ မရှိတော့ရင် သူ့ ဘဝဟာ တကယ်ပဲ ထိုက်တန်သလား။

ဂိတ်စ်ကတော့ သူ့ ဘဝတစ်လျှောက်လုံးမှာ အံ့ဖွယ်ကောင်းလောက်အောင် ငွေရှာနိုင်ခဲ့သလို အားလုံးအိပ်မက်မက်လောက်ရတဲ့ အားကျစရာ အောင်မြင်မှူ ၊ ဂုဏ်ပြုချီးကျူးခံရမှူတွေ ရရှိခဲ့သူပါ။ ဒါပေမယ့် သူ့ အတွက် နှစ်စဉ်လိုလို ပြန်မေးပြီး လက်တွေ့ လုပ်ဖြစ်တာက မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်ခြင်းပါပဲ။

Video Editing & Production(ဗီဒီယိုတည်းဖြတ်နှင့်ထုတ်လုပ်ရေးလုပ်ငန်းများ(၆၇)ခုရှာရန်နှိပ်ပါ။)

(၂) ငါအသစ်အဆန်းတွေ လေ့လာခဲ့သလား?

************************
လေ့လာမှူဆိုတာ ရတနာပါပဲ။ ခင်ဗျားကိုပိုပြီး အဖိုးတန်စေတဲ့အရာလည်း ဖြစ်ပါတယ်။ဘီလ်ဂိတ်စ်ကတော့ သူ့ ကိုယ်သူ အမြဲတိုးတက်အောင် လုပ်နေသူပါ။နှစ်တိုင်းနှစ်တိုင်းသူဖတ်တဲ့ စာအုပ်ချည်းအုပ်ရေ ၅၀ ရှိပါတယ်။

ဒါတွေအပြင်သူဟာ ဒေသန္တရ ဗဟုသုတရမယ့် နေရာတွေ သွားသလိုသူ့ ဦးနှောက်နဲ့ ကျွမ်းကျင်မှူကို ပိုကောင်းစေဖို့ သိပ္ဗံပညာရှင် ၊ အသိပညာတွေနဲ့ စကားလက်ဆုံပြောတာ ၊ အွန်လိုင်းသင်ခန်းစာတွေ လေ့လာတာတွေပါ လုပ်ပါတယ်။

(၃) ငါမိတ်ဆွေသစ်ဖွဲ့ နိုင်ပြီး မိတ်ဆွေဟောင်းတွေနဲ့ခင်မင်မှူခိုင်မြဲအောင်လုပ်ခဲ့လား?
*************************
ကျန်းမာပျော်ရွှင်တဲ့ ဆက်ဆံရေးပုံစံကောင်းရဖို့ မိတ်ဆွေတွေနဲ့ ရင်းရင်းနှီးနှီး နေထိုင်ခြင်း ၊ မိတ်သစ် ဖွဲ့ ခြင်းတွေဟာ အလွန်ပဲ အရေးကြီးလှပါတယ်။ ကျွန်တော်တို့ နေ့ စဉ်ဘဝကို ပိုပြီး ကြည်နူးချမ်းမြေ့စေတာဟာ ချစ်ခြင်းမေတ္တာနဲ့ နွေးထွေးခြင်းပဲဖြစ်ပါတယ်။

ဘီလ်ဂိတ်စ်ဟာ ဒီအချက်ကိုတန်ဖိုးထားသူ ဖြစ်ပါတယ်။ သူ့ မိတ်ဆွေဟောင်းတွေနဲ့ သူ့ ဆက်ဆံရေးဟာ သေတဲ့အထိပါသွားတဲ့ သေရာပါ ခင်မင်မှူဖြစ်သလို မိတ်ဆွေသစ်တွေအပေါ် သူ့ ရဲ့ဆက်ဆံရေးကလည်း ချီးကျူးစရာအပြည့်လို့ ပြောစမှတ်တွင်ပါတယ်။

ကုန်ပစ္စည်းအတွက် Customerဘယ်လိုရှာမလဲကုန်ပစ္စည်းအတွက် Customerဘယ်လိုရှာမလဲ

   Source : Kwee

Read times
Rate this item
(1 Vote)