-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဘီလီယံနာ ကြီးတွေ လုပ်ခဲ့သော တူညီတဲ့ အရာတစ်ခု

ဘီလီယံနာ ကြီးတွေ လုပ်ခဲ့သော တူညီတဲ့ အရာတစ်ခု google.com

အရမ်းချမ်းသာတဲ့ သူတွေကို ကြည့်လိုက်တဲ့အခါ သူတို့အားလုံး ပိုင်ဆိုင်ထားတဲ့ တူညီတဲ့ လက္ခဏာတစ်ခုကို တွေ့မြင်နိုင်ပါတယ်။ အဲ့ဒါကတော့ စိတ်ရှည်ခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာစကားမှာတောင်မှ

စိတ်ရှည်သီးခံ လမ်းကြောင်းမှန်ဆိုပြီးတော့တောင် ရှိနေပါသေးတယ်။ ဒါဆိုဘယ် ဘီလီယံနာကြီးတွေမှာ ဒီအကျင့်တွေ တူနေတာလဲ ??? ဘယ်လိုတွေတောင် သူတို့စိတ်ရှည်သည်းခံခဲ့လဲဆိုတာ ကတော့

Warren Bufffett

သူကတော့ စတော့ရှယ်ယာနဲ့ ပတ်သက်ရင် ဘုရင်တစ်ပါးဖြစ်တဲ့ Warren Buffett ပါ။ သူကတော့ အလွန်တရာမှ စိတ်ရှည်လွန်းသူကြီး ဖြစ်ပါတယ်။ သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှုဗျူဟာကို တရားသေစွဲကိုင်ကာ လူချမ်းသာတစ်ယောက် ဖြစ်လာအောင် လုပ်နိုင်ခဲ့ပါတယ်။

သူက ကုမ္ပဏီတစ်ခုရဲ့ ရှယ်ယာဈေးတွေ ကျနေရင်တောင် စတော့ရှယ်ယာတွေကို ရောင်းချရမယ့်အစား တိုးပြီးဝယ်လေ့ရှိပါတယ်။ ရင်းနှီးမြှုပ်နှံခြင်းကို စိတ်ရှည်စွာ လုပ်ဆောင်တတ်သူပါ။

Steve Jobs

သူကတော့ ခေတ်အလှည့်အပြောင်းဖြစ်စေမယ့် ထုတ်ကုန်တွေကို ဖန်တီးထုတ်လုပ်ဖို့ဆိုတဲ့ ရည်မှန်းချက်ကို ကိုယ်စွဲပြီး စိတ်ရှည်စွာအလုပ်လုပ်ခဲ့ပါတယ်။ သူ့အကျင့်စရိုက်တွေကို အားလုံးသိပြီးသားဖြစ်ပေမယ့် အထင်ရှားဆုံးကတော့ တစ်ခြားလူတွေ ဘာပြောပြော ဘာလုပ်လုပ် ဂရုမစိုက်ပဲနဲ့ သူယုံကြည်ရာကို ကိုင်စွဲပြီး စိတ်ရှည်ရှည်နဲ့ လုပ်ကိုင်တတ်တာဖြစ်ပါတယ်။

သူတို့တွေလည်း စိတ်ရှည်ခဲ့ကြတယ်

Bill Gates, Mark Zuckerberg , Jeff Bezos နဲ့ Phil Knight တို့အားလုံးဟာလည်း သူတို့ရဲ့ သက်ဆိုင်ရာ ထုတ်ကုန်တွေကို ထုတ်လုပ်ချင်တဲ့ အိပ်မက်တွေကို ဖော်ဆောင် ထုဆစ်ဖို့ စိတ်နစ်ပြီး စွဲစွဲမြဲမြဲ လုပ်ကိုင်ခဲ့ကြပါတယ်။ တစ်ချို့လူတွေက သူတို့ဟာ နေ့ချင်းညချင်း အောင်မြင်လာတယ်လို့ ထင်နေကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ချမ်းသာခြင်းလမ်းကြောင်းကို ပြန်ကြည့်လိုက်တဲ့အခါ သူတို့ရဲ့ အောင်မြင်ရတဲ့ တစ်ခုတည်းသော အကြောင်းအရာကတော့ သူတို့အားလုံး စိတ်ရှည်ကြပါတယ်။

စိတ်ရှည်ခြင်းဟာ ကိုယ့်ကိုဘယ်လို အကူအညီပေးနိုင်မလဲ???

စိတ်ရှည်ရမယ်ဆိုတာ သိထားရပါမယ်။ ကိုယ်သိထားတဲ့ အကြောင်းအရာ၊ စိတ်ဝင်စားတဲ့ အရာတွေအပေါ် ဆွဲကိုင်ထား၊ အဲဒီအရာတွေအပေါ် စိတ်နစ်ထားပြီး နောက်မှာတော့ ကိုယ့်ရည်မှန်းချက်ပေါက်မြောက်အောင် မဆုတ်မနစ် ကြိုးစားရမှာဖြစ်ပါတယ်။

Read-ဒီအချက်တွေက သင်လုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ ဟန့်တားနေတာပါ

Source; စီးပွားရှင်

Read times
Rate this item
(1 Vote)