-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကမ္ဘာ့သြဇာအကြီးဆုံး ထိပ်တန်း CEO များ

ကမ္ဘာ့သြဇာအကြီးဆုံး ထိပ်တန်း CEO များ google.com

Forbes က ထုတ်ပြန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် ကမ္ဘာ့ သြဇာအလွှမ်းမိုးဆုံး စီအီးအို ဆယ်ဦး ဖြစ်ကြပါတယ်။

ထိပ်တန်း စီအီးအို အများစုကတော့

နည်းပညာလုပ်ငန်း ဒါမှမဟုတ် e-commerce ကုမ္ပဏီကြီးတွေက ပုဂ္ဂိုလ်တွေ ဖြစ်ကြပါတယ်။ အဆိုပါ ကမ္ဘာ့ သြဇာအကြီးဆုံး စီအီးအို ဆယ်ဦး စာရင်းမှာတော့ တရုတ်နည်းပညာ ကုမ္ပဏီ Tencent ရဲ့ ဦးဆောင်သူ တရုတ်အချမ်းသာဆုံး ပုဂ္ဂိုလ် Ma Huateng ပါဝင်သလို အသက်အငယ်ဆုံး စီအီးအိုအဖြစ် အသက် ၃၃ နှစ်အရွယ် Facebook အကြီးအကဲ Mark Zuckerberg နဲ့ Berkshire Hathaway စီအီးအို Warren Buffett က အသက် ၈၇ နှစ်နဲ့ အသက်အကြီးဆုံးသော စီအီးအိုအဖြစ် ပါဝင်နေလျက် ရှိပါတယ်။

ယခုလို ကမ္ဘာ့သြဇာအကြီးဆုံး ထိပ်တန်း စီအီးအို ၁၀ ဦးစာရင်းမှာ မပါဝင်နိုင်ပေမယ့် ကမ္ဘာ့သြဇာအကြီးဆုံး ပုဂ္ဂိုလ်များစာရင်းမှာ ပါဝင်နိုင်ခဲ့ကြတဲ့ အခြားသော နာမည်ကျော် စီအီးအိုတွေထဲမှာတော့ Netflix CEO Reed Hastings ၊ Disney CEO Bob Iger နဲ့ Microsoft CEO Satya Nadella တို့လည်း ပါဝင်နေလျက်ရှိပါတယ်။

ယနေ့လက်ရှိအချိန်မှာတော့ စွန့်စားမှုယူခြင်းနှင့် ရေရှည်အတွက် စဉ်းစားတွေးတော လုပ်ကိုင်ခြင်း တို့ကတော့ အောင်မြင်မှုရဖို့အတွက် အဓိကကျတဲ့ ခြေလှမ်းနှစ်ခု ဖြစ်တယ်ဆိုတာကို ကမ္ဘာ့သြဇာအကြီးဆုံး ဘီလျံနာ အများစုက သဘောတူထားလျက်ရှိပါတယ်။

1. Jeff Bezos

Amazon CEO

အသက်- ၅၄

အသားတင်ကြွယ်ဝမှုတန်ဖိုး- ဒေါ်လာ ၁၃၂ ဒသမ ၅ ဘီလီယံ

ဝန်ထမ်းဦးရေ- ၅၆၆,၀၀၀

2. Larry Page

Alphabet CEO

အသက်- ၄၅

အသားတင်ကြွယ်ဝမှုတန်ဖိုး- ဒေါ်လာ ၅၁ ဒသမ ၁ဘီလီယံ

ဝန်ထမ်းဦးရေ- ၈၈,၁၁၀

3. Mark Zuckerberg

Facebook CEO

အသက်- ၃၃

အသားတင်ကြွယ်ဝမှုတန်ဖိုး- ဒေါ်လာ ၇၄ ဒသမ ၂ ဘီလီယံ

ဝန်ထမ်းဦးရေ- ၂၇,၇၄၂

4. Warren Buffett

Berkshire Hathaway CEO

အသက်- ၈၇

အသားတင်ကြွယ်ဝမှုတန်ဖိုး- ဒေါ်လာ ၈၅ ဒသမ ၉ ဘီလီယံ

ဝန်ထမ်းဦးရေ- ၃၆၀,၀၀၀

5. Jamie Dimon

JP Morgan Chase CEO

အသက်- ၆၂

အသားတင်ကြွယ်ဝမှုတန်ဖိုး- ဒေါ်လာ ၁ ဒသမ ၃၁ ဘီလီယံ

ဝန်ထမ်းဦးရေ- ၂၅၀,၀၀၀ ကျော်

6. Jack Ma

Alibaba CEO

အသက်- ၅၃

အသားတင်ကြွယ်ဝမှုတန်ဖိုး- ဒေါ်လာ ၄၁ ဒသမ ၃ ဘီလီယံ

ဝန်ထမ်းဦးရေ- ၆၆,၄၂၁

7. Doug McMillon

Walmart CEO

အသက်- ၅၁

အသားတင်ကြွယ်ဝမှုတန်ဖိုး-ရှင်းရှင်းလင်းလင်း မသိရ

ဝန်ထမ်းဦးရေ- ၂ ဒသမ ၃ သန်းကျော်

8. Tim Cook

Apple CEO

အသက်- ၅၇

အသားတင်ကြွယ်ဝမှုတန်ဖိုး- ဒေါ်လာ ၆၂၅ သန်း

ဝန်ထမ်းဦးရေ- ၈၀,၀၀၀ ကျော်

9. Elon Musk

Tesla နှင့် SpaceX တို့၏ CEO

အသက်- ၄၆

အသားတင်ကြွယ်ဝမှုတန်ဖိုး- ဒေါ်လာ ၁၉ ဒသမ ၆ ဘီလီယံ

ဝန်ထမ်းဦးရေ- SpaceX မှာ ၅,၀၀၀ ကျော်နှင့် Tesla မှာ ၃၇,၀၀၀

10. Ma Huateng

Tencent CEO

အသက်- ၄၆

အသားတင်ကြွယ်ဝမှုတန်ဖိုး- ဒေါ်လာ ၄၅ ဒသမ ၃ ဘီလီယံ

ဝန်ထမ်းဦးရေ- ၄၄,၀၀၀ ကျော်

Source; Strategy First Journal

Read- ကမ္ဘာ့အကောင်းဆုံး ကြော်ငြာကုမ္ပဏီ (၁၀) ခု

Read times
Rate this item
(1 Vote)