-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့်လုပ်ငန်းကို တိုးတက်ချင်ရင် ဝန်ထမ်းတွေကို ယုံကြည်မှုပေးပါ

သင့်လုပ်ငန်းကို တိုးတက်ချင်ရင် ဝန်ထမ်းတွေကို ယုံကြည်မှုပေးပါ google.com

အကယ်၍ သင်သာ သင့်လုပ်ငန်းကို တိုးတက်ချင်ရင် သင့်ဝန်ထမ်းတွေကို တိုးတက်စေချင်ရင် သူတို့ကို ယုံကြည်ပေးရလိမ့်မယ်။

ဘာကို ယုံကြည်ပေးရမလဲ?

သူတို့မှာ ကိုယ်စွမ်းကိုယ်စရှိတယ်၊

နည်းမှန် လမ်းမှန်နဲ့ သင်ကြားပေးခြင်းခံရရင် သူတို့တိုးတက်လာလိမ့်မယ်၊

သူတို့ကို အဲဒီလို ဖြစ်အောင် လုပ်ပေးဖို့က ကိုယ့်တာဝန်ဖြစ်တယ် … ဒီလိုခံယူပါ။

လူတွေကို ယုံကြည်ပါဆိုတဲ့နေရာမှာ သိသင့်တဲ့ အချက် ၄ ချက်ရှိတယ်။

၁။ လူတော်တော်များများဟာ သူတို့ကိုယ်သူတို့ မယုံကြည်ကြဘူး။

သူ့ကိုယ်သူမှ မယုံကြည်တဲ့သူဟာ သူ့ဝန်ထမ်းတွေကိုလည်း လုပ်နိုင်ကိုင်ရည်ရှိတယ်လို့ ယုံကြည်ဖို့ မလွယ်တော့ဘူး။

ဦးဆောင်သူတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ်မှ မယုံကြည်ရင် ကိုယ့်လူတွေ လုပ်နိုင်လိမ့်မယ်လို့မှ မယုံကြည်ရင် အဲဒီအဖွဲ့အစည်းမှ စွမ်းဆောင်ရည် နိမ့်ကျနေမှာ သေချာတယ်။

၂။ လူတော်တော်များများမှာ သူတို့ကို ယုံကြည်ပေးတဲ့သူတစ်ယောက်တောင် မရှိကြဘူး။

ကျွန်တော်တို့ ဘယ်သူမှ မလုပ်သေးတဲ့ အလုပ်သစ်တွေကို လုပ်တဲ့အခါမှာ သာဓက ပြစရာ မရှိဘူး။

အဲဒီတော့ ယုံကြည်မှုက နည်းတယ်၊ အဲဒီအချိန်မှာ တစ်စုံတစ်ယောက်ကသာ မင်းမှာ အရည်အချင်းရှိတယ်၊ မင်းအရင်က ဘယ်အောင်မြင်မှုတွေကို ရယူနိုင်ခဲ့တယ်၊

အခုလည်း ဆက်ကြိုးစားရင် မင်းဒါကို ကျော်နိုင်မှာ သေချာတယ်လို့သာ ပြောခဲ့မယ်ဆိုရင် ရှေ့ဆက်ဖို့ အားအင်တွေ အများကြီး ရသွားမှာ သေချာပါတယ်။

 

၃။ လူတော်တော်များများဟာ သူတို့ကို လူတစ်ယောက်က ယုံကြည်ပေးလား၊ မယုံကြည်ပေးလားဆိုတာကိုသိကြတယ်။

ဘယ်သူမဆို ကိုယ်နဲ့ဆက်ဆံနေတဲ့သူဟာ ကိုယ့်ရဲ့လက်ရှိအခြေအနေကို လေးစားပြီး အနာဂါတ်အလားအလာအတွက် အားပေးနေတဲ့သူလား?

ဒါမှမဟုတ် ဒီလူတွေ ငါ့လောက်ကို အသုံးမကျဘူးဆိုပြီး စိတ်ထဲကနေ ကြိတ်အထင်သေးနေသလားဆိုတာ သိကြတယ်။

သင်သူတို့ကို အထင်သေးနေပြီဆိုရင် သူတို့ကို တန်ဖိုးမထားတော့ဘူး၊ တန်ဖိုးမထားတဲ့အတွက် မသင်ပေးတော့ဘူး။

 

၎။ လူတော်တော်များများဟာ သင်သူတို့ဒီလိုလုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ပေးရင် အဲဒီအတိုင်း မဖြစ်ဖြစ်အောင် လုပ်ကြလိမ့်မယ်။

သင့်လူတွေလိုချင်နေတာ ငါတို့ခေါင်းဆောင်က ငါတို့ကို ယုံကြည်တယ်၊ အားပေးတယ်ဆိုတဲ့ ခံစားမှုဖြစ်တယ်၊ ယုံကြည်ပေးရုံမကဘူး။

လိုတာတွေ ပံ့ပိုးပေးလိုက်ပါ၊ သင်တန်းပေးပါ၊ အကြံဥာဏ်ပေးပါ၊ Coach လုပ်ပေးပါ၊ အနီးကပ် ကြီးကြပ်ကွပ်ကဲပေးပါ။

သူတို့အစွမ်းကုန်ကြိုးစားပြီး သင်မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာအောင် ကြိုးစားကြပါလိမ့်မယ်။

လူတွေရဲ့ ကိုယ်စွမ်းကိုယ်စကို ယုံကြည်ပေးတဲ့ ဦးဆောင်သူဖြစ်လာချင်ရင် သင်ဒါတွေကို လုပ်ဖို့ လိုပါတယ်။

- သူတို့ မအောင်မြင်ခင်ကတည်းက ယုံကြည်ပေးပါ။

- သူတို့ရဲ့ အားသာချက်တွေကို အာရုံစိုက်ပါ။

- သူတို့ရဲ့ အတိတ်က အောင်မြင်မှုတွေကို စာရင်းလုပ်ပြီး မကြာခဏပြောပေးပါ။

- သူတို့မအောင်မြင်တဲ့အခါမှာတောင် ယုံကြည်မှုကို သွတ်သွင်းပေးပါ။

- အနာဂါတ်မှာ အောင်မြင်လာမယ့် ပုံရိပ်တွေကို သူတို့ မြင်လာအောင် လုပ်ပေးပါ။

- သူတို့နဲ့ သင်နဲ့အတူ ရရှိလာမယ့် နောက်တစ်ဆင့် အောင်မြင်မှုတွေကို အတူတကွ မျှော်မှန်းပါ …။

Recommended for you-သင့်အတွက် Success ဆိုတာ ဘာလဲ?

Credit; Naing Win Aung (MBA, UK)

Read times
Rate this item
(3 votes)