ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော စီးပွားရေးအဖွဲ့အစည်းများအား အားပေးရန် အများနဲ့ အကျုံးဝင်သော စီးပွားရေးလုပ်ငန်းများနဲ့ လူမှုရေးအကျိုးမျှော် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။
မြန်မာနိုင်ငံတွင်ရှိသည့် အများနှင့် အကျုံးဝင်သော စီးပွားရေးလုပ်ငန်းများအတွက် စီမံကိန်း အသစ် ( ၂ ) ခုတွင် အမေရိကန်ဒေါ်လာ ၁ သန်းနီးပါး ပူးပေါင်း ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း ဓနအဖွဲ့အစည်းက ကြေညာချက် ထုတ်ပြန်လိုက်ပါသည်။
ငွေစုငွေချေး လုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေကနေ ငွေချေးတဲ့အခါ အလိမ်မခံရအောင် မချေးခင်ကတည်းက အဲ့ဒီအဖွဲ့အစည်းတွေရဲ့ အကြောင်း၊ တရားဝင် မဝင်၊ လိုင်စင်ရထားတာ ဟုတ်မဟုတ် စတဲ့အချက်တွေကို အရင်စုံစမ်းဖို့ လိုအပ်ပါတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဝင်နဲ့ အစိုးရရဲ့ စီးပွားရေးနှင့် မူဝါဒအပြောင်းအလဲခိုင်မာမှုတွေကြောင့် ၂၀၁၉ နှင့် ၂၀၂၀ တွင် မြန်မာ့စီးပွားရေး တိုးတက်လာမယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)ရဲ့ အာရှဖွံ့ဖြိုးရေးအလားအလာ ၂၀၁၉ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ပြည်တွင်းဘဏ်များ အချင်းချင်းဆက်သွယ် ဆောင်ရွက်နုင်မယ့် မိုဘိုင်းဖုန်းသုံးငွေပေးချေမှုစနစ် (Mobile Payment) ကို ၂၀၂၀ တွင် အပြီးသတ် ဆောင်ရွက်မယ်လို့ ဗဟိုဘဏ် ညွှန်ကြား ရေးမှူးချုပ် ဒေါ်မြင့်မြင့်ကြည်က ပြောပါတယ်။
Business Insider ဝက်ဘ်ဆိုက်က ကမ္ဘာပေါ်တွင် အချမ်းသာဆုံးဘီလျံနာ သူဌေးကြီးများကြား ခရီးသွားလည်ပတ်ဖို့ ရေပန်းစားတဲ့ နိုင်ငံများစာရင်းကို စုစည်းဖော်ပြရာ မြန်မာနိုင်ငံလည်း ပါဝင်ခဲ့ပါတယ်။
လာမယ့် ဧပြီလ (၄) ရက်နေ့မှာ မြန်မာ့စီးပွားထူးချွန်သူများနှင့်တွေ့ဆုံခြင်း ဆိုတဲ့ ပွဲကို မရမ်းကုန်းမြို့၊ ပြည်လမ်း နဲ့ ကမ္ဘာအေးဘုရားလမ်းထောင့် မှာရှိတဲ့ Royal Ballroom ဒုတိယထပ်မှာ မနက် ၉နာရီ ကနေ နေ့လည် ၁၂ နာရီအထိ ကျင်းပ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားတဲ့ ၂၀၁၉ ခုနှစ်ရဲ့ Doing Business In Myanmar အစီရင်ခံစာအရ စီးပွားရေးလုပ်လို့ အကောင်းဆုံး အာဆီယံနိုင်ငံ ( ၁၀ ) နိုင်ငံထဲမှာ မြန်မာနိုင်ငံဟာ အောက်ဆုံးအဆင့်ကို ရောက်ရှိနေပါတယ်။
မြန်မာနိင်ငံ အပါအ၀င် အာဆီယံနိုင်ငံ ( ၁၀ ) နိုင်ငံမှာ ရှိတဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ စားသုံးသူကာကွယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါ အဆင်ပြေချောမွေ့မှု ရှိစေဖို့အတွက် အာဆီယံစားသုံးသူ တိုင်တန်းမှုဆိုင်ရာ လက်ကမ်းကြော်ငြာကို အာဆီယံဝက်ဆိုဒ်ကနေ လွှင့်တင်ထားပါတယ်။
အခုမှ လုပ်ငန်းတစ်ခုကို စတင်လုပ်ကိုင်မယ့် လုပ်ငန်းရှင်တွေ၊ စွန့်ဦးတီထွင်သူတွေအနေနဲ့ မိမိရဲ့လုပ်ငန်းမှာ ရင်ဆိုင်နေရတဲ့ အဆင်မပြေမှုတွေ၊ အခက်အခဲတွေနဲ့ ပတ်သတ်ပြီး အခမဲ့ အကြံဥာဏ်တွေကို ရယူနိုင်မယ့် အစီအစဉ် တစ်ခုကို ဖန်တီးရာကနေ လုပ်ဆောင်ပေးနေပါတယ်။