-->
×

Warning

JUser: :_load: Unable to load user with ID: 29


စီးပွားရေးလုပ်ငန်းတိုင်းအတွက် အရေးပါဆုံး ကြော်ငြာဆိုင်းဘုတ်

စီးပွားရေးလုပ်ငန်းတိုင်းအတွက် အရေးပါဆုံး ကြော်ငြာဆိုင်းဘုတ် Google


စီးပွားရေးလုပ်ရတာ ခက်ခဲလာလေ လူသိများအောင် လုပ်ဖို့က ပိုပြီး လိုလာလေပါ။ ကြော်ငြာဆိုင်းဘုတ်ဟာဆိုရင် မိမိလုပ်ငန်းရဲ့ Image နဲ့ Background ကို တစ်ဖက်တစ်လမ်းကနေ အထောက်အပံ ပေးနိုင်တယ် ဆိုရင်လည်း မမှားပါဘူး။

ရှော့ပင်းစင်တာတွေ၊ ဆေးရုံတွေ၊ အရောင်းပြခန်းတွေ၊ ဘဏ်တွေ၊ ဟိုတယ်တွေ၊ ကုမ္ပဏီတွေ၊ စားသောက်ဆိုင်တွေ အစရှိသည့် အမျိုးမျိုးသော စီးပွားရေးလုပ်ငန်း တို့ကို ပိုပြီး သိသာထင်ရှားစေဖို့ အတွက်ဆိုရင် ကြော်ငြာဆိုင်းဘုတ် တပ်ဆင်ဖို့က လိုပါတယ်။



ဆိုင်းဘုတ်ဆိုတိုင်း လူအများစုက ကွန်ပို့စစ် ကပ်တာလောက်ဆိုပီး ထင်ထားတတ်ကြပါတယ်။ အဆောက်အဦးတွေမှာ တပ်ရမယ့် ဆိုင်းဘုတ်ဆိုရင်တော့ Signboard Frame တွေကို သေချာအောင်လုပ်ဖို့ လိုပါတယ်။

 

မုန်တိုင်းရာသီ လေကြမ်းရင် ပြိုကြပျက်စီးပြီး အန္တရာယ်ရှိနိုင်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ဆိုင်းဘုတ်လုပ်တော့မယ်ဆိုရင် Structure Run ပြီးမှ လုပ်တာကတော့ အသေချာဆုံးနှင့် အကောင်းဆုံးပါဘဲ။

 

တယ်လီကွန် လုပ်ငန်းတွေ ဖြစ်တဲ့ MPT Ooredoo Telenor ကုမ္ပဏီတွေ ဘဏ်လုပ်ငန်းတွေ ဖြစ်တဲ့ AYA, CB, KBZ ဘဏ်တွေ၊ SamsungHuawei စတဲ့ ဖုန်းကြော်ငြာတွေ အစရှိတဲ့ ကြော်ငြာဆိုင်းဘုတ်တွေကတော့ တစ်နိုင်ငံလုံးအနှံ့ တော်တော်များများ တွေ့ရပါတယ်။

 

 

တခြား မြန်မာနိုင်ငံမှာ အများဆုံးတွေ့ရတဲ့ ကြော်ငြာဆိုင်းဘုတ်တွေကတော့ မြန်မာ့သြဘာ၊ ပရီမီယာကော်ဖီGold Roast စတဲ့ ကော်ဖီမစ် ကြော်ငြာများ၊ Coca ColaPepsiအအေးကြော်ငြာ၊ အောင်သမာဓိ၊ ဇွဲထက်၊ ရွှေနန်းတော် စတဲ့ရွှေဆိုင် ကြော်ငြာအများအပြားကိုလည်း တွေ့ရမှာပါ။

 

Source; Maximum Group

 Myanmar Advertising Industry

 

Read More စီးပွားရေးလုပ်ငန်းတွေကို ဘယ်လိုထိရောက်အောင် ကြော်ငြာကြမလဲ?

Read times
Rate this item
(1 Vote)