-->
×

Warning

JUser: :_load: Unable to load user with ID: 29


အရက္ပုလင္းေၾကာ္ျငာမ်ားအား စည္းကမ္း ထိန္းခ်ဳပ္မည္

အရက္ေၾကာ္ျငာမ်ားအား ကေလးသူငယ္စာသင္ေက်ာင္းမ်ားႏွင္႔စာၾကည္႔တိုက္ , ကစားကြင္းစတဲ႔ေနရာေတြနဲ႕ အနည္းဆံုးမီတာ ၂၀၀ အကြာအေဝးအတြင္းရွိကိုရွိရမည္။

ထိုကဲ႕သို႕ အကြာအေဝးတြင္ မရွိပဲကေလးသူငယ္မ်ားသြာလာရာေနရာမ်ားနွင့္ ကေလးမ်ားျမင္ေတြ႔ရန္လြယ္ကူေသာေနရာမ်ားတြင္အရက္ေၾကာ္ျငာ ဆိုင္းဘုတ္မ်ားထားမိပါက ထိေရာက္စြာအေရးယူမည္ျဖစ္သည္။ထိုအေရးယူျခင္းသည္ အိုင္ယာလန္နိုင္ငံ၏ အသစ္ခ်မွတ္ေသာဥပေဒ ျဖစ္သည္။

 

ထိုဥပေဒသည္ ေၾကာ္ျငာဆိုင္းဘုတ္ဖန္တီးေသာ ေအဂ်င္စီကိုသာမကထိုအရက္ပုလင္းထုတ္လုပ္သည္႕လုပ္ငန္းကိုပါအေရးယူမည္ျဖစ္သည္။ အေရးယူျခင္းမွာကား ဒဏ္ေငြ ယူရုိ ၅၀၀၀ မွ ၂၅၀၀၀ အထိ ခ်မွတ္နိုင္သည္သာမက ေထာင္ဒဏ္ ၆ လ မွ ၃ နွစ္အထ္ ခ်မွတ္နိုင္သည္။ ယခုလ နိုဝင္ဘာလ ၁၂ ရက္ေန႔မွစတင္ကာ အမ်ားျပည္သူသြားလာအသံုးျပဳေနေသာ ကားဂိတ္ မ်ား ၊ ရထားဘူတာရုံ မ်ားတြင္ အရက္ပုလင္းေၾကာ္ျငာ မ်ားထားရွိသည္ကို ပိတ္ပင္သြားမည္ ျဖစ္သည္။

 

ရုပ္ရွင္ရုံမ်ားတြင္လဲ အရက္ပုလင္းေၾကာ္ျငာျခင္းမွာကေလးငယ္မ်ားျမင္ေတြ႔နိုင္ေသာေၾကာင္႕ထိုေၾကာ္ျငာမ်ားအားလံုးကိုလည္းျပသခြင္႕ျပဳမည္မဟုတ္ဟုဆိုသည္။ ကေလးမ်ားသည္ႏုနယ္လြန္းသည္ ငယ္ရြယ္စဥ္အခ်ိန္မွာ ရြံေစးကဲ႕သို႕လိုရင္လိုသလို ပံုသြင္းလို႕ရသည္ ထို႕ေၾကာင္႕ငယ္ရြယ္သည္႕အခ်ိန္မွာ အရက္ (သို႕) အယ္လ္ကိုေဟာ ေၾကာ္ျငာမ်ားကို အၾကိမ္ဖန္မ်ားစြာ ျမင္ထားရလ်ွင္ စိတ္ပိုင္းဆိုင္ရာ အစြဲျဖစ္သြားမည္ကို ေက်ာင္းမွ ဆရာ ၊ ဆရာမ မ်ားက ဆိုးရိမ္လြန္ကဲေနၾကသည္။

 

Coca cola ႏွင္႕ Pepsi တို႕ရဲ႕ေၾကာ္ျငာတိုက္ပြဲ

 

အိုင္ယာလန္ နိုင္ငံ ၏ က်န္းမာေရးဝန္ၾကီးျဖစ္သူ Simon Harris ရဲ႕ ေျပာၾကားခ်က္အရ ' ထိုေၾကာ္ျငာေတြကိုနဂိုခင္ကတည္းက စည္းကမ္းထိန္းခ်ဳပ္ခ်င္ခဲ႕တာပါ။ အရက္ေသာက္စားျခင္းက က်န္းမာေရးကို ဆိုးရြားစြာထိခိုက္ေစနိုင္တယ္ , ထို႕ျပင္ အာရုံ ေၾကာကိုဆိုးရြားစြာထိခိုက္ေစတယ္ , အရက္ေသာက္စားတာေၾကာင္႕ ပ်က္စီးဆံုးရွုံး ရတဲ႕ မိသားစုေတြလဲ ကြ်န္ေတာ္႕မ်က္စိ ေရွ႕တင္ မနည္းဘူးဗ် , လူၾကီးေတြအတြက္လဲ အယ္လ္ကိုေဟာ နဲ႕ ပတ္သတ္ အသိပညာေပးေတြ မ်ွေဝဖို႕ ေတြးထားပါတယ္,ကေလးငယ္ေတြကိုေတာ႕ အျမဲတမ္း ဂရုတစိုက္နဲ႕ ေစာင္႕ၾကည္႕ျဖစ္ေနမွာပါ လူငယ္ေလးေတြ ေကာင္းမွသာလ်င္ ေနာက္မ်ိဳးဆက္မ်ားအတြက္လဲ စိတ္ေအးရနိုင္မယ္' ဆိုကာေျပာျပထားပါတယ္။

 

အရက္ေသာက္ျခင္းေၾကာင္႔ ျဖစ္ပြားေစေသာ ေရာဂါမ်ားမွာ - အရက္ေသာက္ခ်ိန္မွာ အရက္ကုိ အစာအိမ္နဲ႔ အူလမ္းေၾကာင္းမွတဆင္႔ ေသြးေၾကာေတြထဲကုိ စုပ္ယူလိုက္ပါတယ္။ အစာလမ္းေၾကာင္းကလာတဲ့ အရက္မ်ားဟာ ႏွလုံးဆီမေရာက္ခင္ အသည္းကုိ ျဖတ္ရပါတယ္။ ဒါေၾကာင္႔ အသည္းမွာ အရက္ပမာဏ အမ်ားဆုံးစုေ၀းပါတယ္။ အသည္းရဲ့ဆဲလ္ေတြမွာ အရက္ကုိ အင္ဇိုင္းစနစ္ရဲ့ ဓာတုျဖစ္စဥ္အဆင္႔မ်ားစြာနဲ႔ ေျပာင္းလဲအျပီးမွာ ကာဗြန္ဒိုင္ေအာက္ဆုိဒ္နဲ႔ ေရအျဖစ္ ထြက္လာေစပါတယ္။ ျပီးရင္ ဆီးထဲနဲ႔ အဆုတ္ထဲ ေရာက္သြားပါတယ္။ဒါေပမယ္႔ အသည္းမွာလည္း အကန္႔အသတ္ရွိပါတယ္။ နာရီတိုင္းမွာ အတိုင္းအတာတခုအထိပဲ ေခ်ဖ်က္ေပးႏိုင္ပါတယ္။ သုေတသနေတြအရ တေန႔ကုိ အျပည္ျပည္ဆိုင္ရာယူနစ္ ၁ ယူနစ္ကေန ၂ယူနစ္ထိပဲ ေထာက္ခံထားပါတယ္။ ၁ ယူနစ္မွာ ၂၅မီလီလီတာ အရက္ ၄၀ဒီဂရီ ဒါမွမဟုတ္ ၅၀မီလီလီတာ ၂၀ဒီဂရီ ပါ၀င္ပါတယ္။တဖက္မွာလည္း အရက္စြဲသူမ်ား၊ အလြန္အကၽြံ ေသာက္သူမ်ားမွာ ေနာက္ဆက္တြဲျပသနာေတြျဖစ္တဲ့ အသည္းအဆီဖုံးျခင္း၊ အသည္းေရာင္ျခင္း၊ အသည္းေျခာက္ျခင္း စတဲ့ အရက္နဲ႔ဆက္စပ္ေနတဲ့ အသည္းေရာဂါေတြေပၚလာျပီး ၾကာလာတာနဲ႔အမွ် ဆုိးရြားလာနိုင္ပါတယ္။

 

အနာဆိုတာ အပ္နဲ႕ထြင္းရမည္႕ေနရာမွာ မထြင္းခဲ႕လ်င္ ပုဆိန္နဲ႕ေပါက္ရတတ္ပါသည္။ထို႕ေၾကာင္႕ အရက္ေၾကာ္ျငာမ်ားအား နုနယ္ငယ္ရြယ္ေသာ ကေလးမ်ားႏွင္႕ေဝးရာသို႕ထားျခင္းက အိုင္ရာလန္ နိုင္ငံ ရဲ႕ အနာဂတ္ က်န္းမာေရးကို ထိန္းသိမ္းရာေရာက္ပါတယ္ဟု သိရပါတယ္။

 

Unicode >>> 

အရက်ကြော်ငြာများအား ကလေးသူငယ်စာသင်ကျောင်းများနှင့်စာကြည့်တိုက် , ကစားကွင်းစတဲ့နေရာတွေနဲ့ အနည်းဆုံးမီတာ ၂၀၀ အကွာအဝေးအတွင်းရှိကိုရှိရမည်။ ထိုကဲ့သို့ အကွာအဝေးတွင် မရှိပဲကလေးသူငယ်များသွာလာရာနေရာများနှင့် ကလေးများမြင်တွေ့ရန်လွယ်ကူသောနေရာများတွင်အရက်ကြော်ငြာ ဆိုင်းဘုတ်များထားမိပါက ထိရောက်စွာအရေးယူမည်ဖြစ်သည်။ထိုအရေးယူခြင်းသည် အိုင်ယာလန်နိုင်ငံ၏ အသစ်ချမှတ်သောဥပဒေ ဖြစ်သည်။

 

ထိုဥပဒေသည် ကြော်ငြာဆိုင်းဘုတ်ဖန်တီးသော အေဂျင်စီကိုသာမကထိုအရက်ပုလင်းထုတ်လုပ်သည့်လုပ်ငန်းကိုပါအရေးယူမည်ဖြစ်သည်။ အရေးယူခြင်းမှာကား ဒဏ်ငွေ ယူရို ၅၀၀၀ မှ ၂၅၀၀၀ အထိ ချမှတ်နိုင်သည်သာမက ထောင်ဒဏ် ၆ လ မှ ၃ နှစ်အထ် ချမှတ်နိုင်သည်။ ယခုလ နိုဝင်ဘာလ ၁၂ ရက်နေ့မှစတင်ကာ အများပြည်သူသွားလာအသုံးပြုနေသော ကားဂိတ် များ ၊ ရထားဘူတာရုံ များတွင် အရက်ပုလင်းကြော်ငြာ များထားရှိသည်ကို ပိတ်ပင်သွားမည် ဖြစ်သည်။

 

ရုပ်ရှင်ရုံများတွင်လဲ အရက်ပုလင်းကြော်ငြာခြင်းမှာကလေးငယ်များမြင်တွေ့နိုင်သောကြောင့်ထိုကြော်ငြာများအားလုံးကိုလည်းပြသခွင့်ပြုမည်မဟုတ်ဟုဆိုသည်။ ကလေးများသည်နုနယ်လွန်းသည် ငယ်ရွယ်စဉ်အချိန်မှာ ရွံစေးကဲ့သို့လိုရင်လိုသလို ပုံသွင်းလို့ရသည် ထို့ကြောင့်ငယ်ရွယ်သည့်အချိန်မှာ အရက် (သို့) အယ်လ်ကိုဟော ကြော်ငြာများကို အကြိမ်ဖန်များစွာ မြင်ထားရလျှင် စိတ်ပိုင်းဆိုင်ရာ အစွဲဖြစ်သွားမည်ကို ကျောင်းမှ ဆရာ ၊ ဆရာမ များက ဆိုးရိမ်လွန်ကဲနေကြသည်။

 

အိုင်ယာလန် နိုင်ငံ ၏ ကျန်းမာရေးဝန်ကြီးဖြစ်သူ Simon Harris ရဲ့ ပြောကြားချက်အရ ' ထိုကြော်ငြာတွေကိုနဂိုခင်ကတည်းက စည်းကမ်းထိန်းချုပ်ချင်ခဲ့တာပါ။ အရက်သောက်စားခြင်းက ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်တယ် , ထို့ပြင် အာရုံ ကြောကိုဆိုးရွားစွာထိခိုက်စေတယ် , အရက်သောက်စားတာကြောင့် ပျက်စီးဆုံးရှုံး ရတဲ့ မိသားစုတွေလဲ ကျွန်တော့်မျက်စိ ရှေ့တင် မနည်းဘူးဗျ , လူကြီးတွေအတွက်လဲ အယ်လ်ကိုဟော နဲ့ ပတ်သတ် အသိပညာပေးတွေ မျှဝေဖို့ တွေးထားပါတယ်,ကလေးငယ်တွေကိုတော့ အမြဲတမ်း ဂရုတစိုက်နဲ့ စောင့်ကြည့်ဖြစ်နေမှာပါ လူငယ်လေးတွေ ကောင်းမှသာလျင် နောက်မျိုးဆက်များအတွက်လဲ စိတ်အေးရနိုင်မယ်' ဆိုကာပြောပြထားပါတယ်။

 

Coca cola နှင့် Pepsi တို့ရဲ့ကြော်ငြာတိုက်ပွဲ

 

အရက်သောက်ခြင်းကြောင့် ဖြစ်ပွားစေသော ရောဂါများမှာ - အရက်သောက်ချိန်မှာ အရက်ကို အစာအိမ်နဲ့ အူလမ်းကြောင်းမှတဆင့် သွေးကြောတွေထဲကို စုပ်ယူလိုက်ပါတယ်။ အစာလမ်းကြောင်းကလာတဲ့ အရက်များဟာ နှလုံးဆီမရောက်ခင် အသည်းကို ဖြတ်ရပါတယ်။ ဒါကြောင့် အသည်းမှာ အရက်ပမာဏ အများဆုံးစုဝေးပါတယ်။ အသည်းရဲ့ဆဲလ်တွေမှာ အရက်ကို အင်ဇိုင်းစနစ်ရဲ့ ဓာတုဖြစ်စဉ်အဆင့်များစွာနဲ့ ပြောင်းလဲအပြီးမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ ရေအဖြစ် ထွက်လာစေပါတယ်။ ပြီးရင် ဆီးထဲနဲ့ အဆုတ်ထဲ ရောက်သွားပါတယ်။ဒါပေမယ့် အသည်းမှာလည်း အကန့်အသတ်ရှိပါတယ်။ နာရီတိုင်းမှာ အတိုင်းအတာတခုအထိပဲ ချေဖျက်ပေးနိုင်ပါတယ်။ သုတေသနတွေအရ တနေ့ကို အပြည်ပြည်ဆိုင်ရာယူနစ် ၁ ယူနစ်ကနေ ၂ယူနစ်ထိပဲ ထောက်ခံထားပါတယ်။ ၁ ယူနစ်မှာ ၂၅မီလီလီတာ အရက် ၄၀ဒီဂရီ ဒါမှမဟုတ် ၅၀မီလီလီတာ ၂၀ဒီဂရီ ပါဝင်ပါတယ်။တဖက်မှာလည်း အရက်စွဲသူများ၊ အလွန်အကျွံ သောက်သူများမှာ နောက်ဆက်တွဲပြသနာတွေဖြစ်တဲ့ အသည်းအဆီဖုံးခြင်း၊ အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်း စတဲ့ အရက်နဲ့ဆက်စပ်နေတဲ့ အသည်းရောဂါတွေပေါ်လာပြီး ကြာလာတာနဲ့အမျှ ဆိုးရွားလာနိုင်ပါတယ်။

 

အနာဆိုတာ အပ်နဲ့ထွင်းရမည့်နေရာမှာ မထွင်းခဲ့လျင် ပုဆိန်နဲ့ပေါက်ရတတ်ပါသည်။ထို့ကြောင့် အရက်ကြော်ငြာများအား နုနယ်ငယ်ရွယ်သော ကလေးများနှင့်ဝေးရာသို့ထားခြင်းက အိုင်ရာလန် နိုင်ငံ ရဲ့ အနာဂတ် ကျန်းမာရေးကို ထိန်းသိမ်းရာရောက်ပါတယ်ဟု သိရပါတယ်။

Myanmar Advertising Directory 

 

Read times
Rate this item
(0 votes)