-->
×

Warning

JUser: :_load: Unable to load user with ID: 29


ရန္ကုန္တြင္ စည္းကမ္းမဲ့ ေၾကာ္ျငာကပ္သူမ်ားပိုမိုမ်ားျပားလာ

ရန္ကုန္ျမိဳ႕အတြင္း တံတားမ်ားေအာက္ေျခ၊ ဓာတ္တိုင္မ်ားေပၚတြင္ စည္းကမ္းမဲ့စြာကပ္ထားေသာ ေၾကာ္ျငာမ်ားမွာ ျမိဳ႕ေတာ္၏ အလွအပကို ထိခိုက္ေနတာေတြ႔ရပါတယ္။

ထိုအခ်င္းအရာကို ေအာက္တိုဘာလ ၃ ရက္ေန႔က က်င္းပါ့ျပဳလုပ္ခဲ့တဲ့ ရန္ကုန္တိုင္းလႊတ္ေတာ္ အစည္းအေဝးမွ ကိုယ္စားလွယ္ ေဒၚႏြယ္ႏြယ္ထြန္းမွ ျမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုး အား

ရန္ကုန္တိုင္း အလွအပကို ထိခိုက္ေစတဲ႔ ေၾကာ္ျငာေတြနံရံကပ္တာ၊ ဓာတ္တိုင္ေတြမွာ ကပ္တာ၊ေၾကာ္ျငာလက္ကမ္းစာေစာင္ေတြေဝငွတာေတြကို စည္းကမ္းၾကပ္မတ္ေပးဖို႔ အစီအစဥ္ရွိ၊ မရွိေမးခြန္းကို ေမးျမန္းခဲ့ပါတယ္။

ထိုကိစၥရပ္ကို ျမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုးမွ ေျပာၾကားခ်က္အရေတာ့ စည္ပင္သာယာ မွ ထို ေၾကာ္ျငာမ်ားတြင္ပါဝင္ေသာ ဖုန္းမ်ားကိုဆက္သြယ္ကာ အခြန္ေကာက္ခံေပမဲ့လည္းပိုမိုမ်ားျပားလာတယ္ သိရပါတယ္။

“ ရန္ကုန္ၿမိဳ႕ေတာ္ဥပေဒနဲ႔အညီ အေရးယူ ေဆာင္႐ြက္သြားမယ္လို႔ ရန္ကုန္ၿမိဳ႕ေတာ္ေန ျပည္သူမ်ားကိုလည္း အသိေပးပန္ၾကားခ်က္ကိုလည္းႏိုင္ငံေတာ္ပိုင္သတင္းစာေတြမွာ ေၾကာ္ျငာထည့္ၿပီး အသိေပးခဲ့ၿပီးပါၿပီ။”

လို႔ ျမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုး မွထပ္မံ ေျပာၾကားပါသည္။

 

ယခင္ေခတ္ေဟာင္းမွ တီဗီေၾကာ္ျငာမ်ားအစီအစဥ္ / အပိုင္း (၁) ရွမ္းရိုးမ ေၾကာ္ျငာ

 

“တခ်ိဳ႕ၿမိဳ႕နယ္မ်ားတြင္ ခ်က္ခ်င္းလာခ်ိတ္လ်ွင္ ခ်က္ခ်င္းျဖဳတ္ျခင္းေဆာင္႐ြက္ေနပါတယ္ သို႔ေပမဲ့ မနက္ပိုင္းျဖဳတ္ထားလ်ွင္ ညဘက္ပိုင္းတြင္ ျပန္ကပ္တာေတြရွိပါတယ္၊

ရန္ကုန္စည္ပင္သာယာမွလည္း လက္ကမ္းေၾကာ္ျငာစာရြက္ေတြ လမ္းေပၚတြင္ အမႈိက္အျဖစ္ျပန္႔က်ဲ ေနတာကို လိုက္လံရွင္းလင္းရတာမ်ိဳးေတြ အထိေတာင္ျဖစ္ေနတယ္လို႔သိရပါတယ္ ”လို႔ ျမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုးက ေျပာပါတယ္။

ထိုအခ်င္းအရာမ်ားေၾကာင္႔ ရန္ကုန္တိုင္းေဒသၾကီးအစိုးရ အဖြဲ႔ ဝန္ၾကီးခ်ဳပ္ ဦးျဖိဳးမင္းသိန္း မွ ေရွ႕ႏွစ္ ဒီဇင္ဘာလ မွာ ကတည္းက ကမာရြတ္ ျမိဳ႕နယ္အဆင့္ဌာနဆိုင္ရာေတြ႔ဆံုပြဲမွာ ေၾကာ္ျငာမ်ားအား စည္းကမ္းမဲ့မလုပ္ဖို႔မွာၾကားခဲ့ျပီးျဖစ္ပါတယ္။

ေၾကာ္ျငာျခင္းဟာ သင့္လုပ္ငန္းအတြက္တိုးတက္ေစမွာပါ သို႕ေပမဲ႔စည္းကမ္းေလးနဲ႔ေၾကာ္ျငာေတာ့ ပိုမိုသာလြန္ေကာင္းမြန္တာေတြ႔ရမွာပါ။

Unicode >>> 

ရန်ကုန်မြို့အတွင်း တံတားများအောက်ခြေ၊ ဓာတ်တိုင်များပေါ်တွင် စည်းကမ်းမဲ့စွာကပ်ထားသော ကြော်ငြာများမှာ မြို့တော်၏ အလှအပကို ထိခိုက်နေတာတွေ့ရပါတယ်။

ထိုအချင်းအရာကို အောက်တိုဘာလ ၃ ရက်နေ့က ကျင်းပါ့ပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းလွှတ်တော် အစည်းအဝေးမှ ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ထွန်းမှ မြို့တော်ဝန် ဦးမောင်မောင်စိုး အား

ရန်ကုန်တိုင်း အလှအပကို ထိခိုက်စေတဲ့ ကြော်ငြာတွေနံရံကပ်တာ၊ ဓာတ်တိုင်တွေမှာ ကပ်တာ၊ကြော်ငြာလက်ကမ်းစာစောင်တွေဝေငှတာတွေကို စည်းကမ်းကြပ်မတ်ပေးဖို့ အစီအစဉ်ရှိ၊ မရှိမေးခွန်းကို မေးမြန်းခဲ့ပါတယ်။

ထိုကိစ္စရပ်ကို မြို့တော်ဝန် ဦးမောင်မောင်စိုးမှ ပြောကြားချက်အရတော့ စည်ပင်သာယာ မှ ထို ကြော်ငြာများတွင်ပါဝင်သော ဖုန်းများကိုဆက်သွယ်ကာ အခွန်ကောက်ခံပေမဲ့လည်းပိုမိုများပြားလာတယ် သိရပါတယ်။

“ ရန်ကုန်မြို့တော်ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမယ်လို့ ရန်ကုန်မြို့တော်နေ ပြည်သူများကိုလည်း အသိပေးပန်ကြားချက်ကိုလည်းနိုင်ငံတော်ပိုင်သတင်းစာတွေမှာ ကြော်ငြာထည့်ပြီး အသိပေးခဲ့ပြီးပါပြီ။”

လို့ မြို့တော်ဝန် ဦးမောင်မောင်စိုး မှထပ်မံ ပြောကြားပါသည်။

 


ယခင်ခေတ်ဟောင်းမှ တီဗီကြော်ငြာများအစီအစဉ် / အပိုင်း (၁) ရှမ်းရိုးမ ကြော်ငြာ

 

“တချို့မြို့နယ်များတွင် ချက်ချင်းလာချိတ်လျှင် ချက်ချင်းဖြုတ်ခြင်းဆောင်ရွက်နေပါတယ် သို့ပေမဲ့ မနက်ပိုင်းဖြုတ်ထားလျှင် ညဘက်ပိုင်းတွင် ပြန်ကပ်တာတွေရှိပါတယ်၊

ရန်ကုန်စည်ပင်သာယာမှလည်း လက်ကမ်းကြော်ငြာစာရွက်တွေ လမ်းပေါ်တွင် အမှိုက်အဖြစ်ပြန့်ကျဲ နေတာကို လိုက်လံရှင်းလင်းရတာမျိုးတွေ အထိတောင်ဖြစ်နေတယ်လို့သိရပါတယ် ”လို့ မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောပါတယ်။

ထိုအချင်းအရာများကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း မှ ရှေ့နှစ် ဒီဇင်ဘာလ မှာ ကတည်းက ကမာရွတ် မြို့နယ်အဆင့်ဌာနဆိုင်ရာတွေ့ဆုံပွဲမှာ ကြော်ငြာများအား စည်းကမ်းမဲ့မလုပ်ဖို့မှာကြားခဲ့ပြီးဖြစ်ပါတယ်။

ကြော်ငြာခြင်းဟာ သင့်လုပ်ငန်းအတွက်တိုးတက်စေမှာပါ သို့ပေမဲ့စည်းကမ်းလေးနဲ့ကြော်ငြာတော့ ပိုမိုသာလွန်ကောင်းမွန်တာတွေ့ရမှာပါ။

Yangon Advertising Directory 

 

Read times
Rate this item
(0 votes)