-->
×
Warning
JUser: :_load: Unable to load user with ID: 29
Jack Ma နှင့်ကြော်ငြာလုပ်ငန်း
Unicode >>>
Alibaba Group ရဲ့ ပဲ့ကိုင်ရှင်ဖြစ်သူ Jack Ma ဟာဆိုရင်တော့ ဖြင့် ကြော်ငြာ နယ်ပယ်များထဲတွင် Digital Advertising နယ်ပယ်နှင့် Outdoor Advertising နယ်ပယ်က ပိုမို ထိရောက်လှတယ်လို့ ပြောဖူးပါတယ်။
ဟုတ်ပါတယ် ယနေ့ခေတ်မှာကလေး ၊ လူကြီး ကအစ တီဗီ ကြည့်ဖို့ ဆိုတာဝေးစွ လက်ကိုင်ဖုန်းများဆီသို့ လက်အမြဲရောက်နေကြတာပါ။
ထို့အပြင် လူအများအနေနဲ့ အပြင်သို့ ကျောင်း သို့ အလုပ် ဆီသို့သွားလျင် အပြင်ထွက်ရပါသေးတယ်။တီဗီကို အချိန်ပေး ကြည့်ချိန် အင်မတန်မှ နည်းပါးလာတယ် ခန့်မှန်းရပါတယ်။
အနည်းဆုံးတော့မိုးလင်းတာနဲ့ ဖုန်းကို အရင် စမ်းမိပြီး ညအိပ်ချိန် မတိုင်ခင်သင်တို့ အနေနဲ့ ဖုန်းကို စစ်ဆေး ပြီးမှာ အိပ်ကြတာ မို့ လက်ကိုင်ဖုန်းထဲမှ Facebook , Instagram , Twitter တို့နဲ့ ကတော့ အမြဲထိတွေ့နေကြရတာကိုး။
အပြင်သွားရင်လဲ လမ်းမ တစ်လျှောက် , ကားဂိတ် , ရထားဘူတာ , ဓာတ်လှေကား တို့လိုနေရာများမှာ လူအများအမြဲ အသုံး ပြုနေရတာမို့ ကြော်ငြာ တစ်ခု ကြော်ငြာထားပါက သင်တို့ အနေနဲ့ ကြည့်မိမှာ ပါပဲ။
Netflix ထက် ကြော်ငြာအားကို ပိုမိုအသုံးပြုသွားမည့် Disney+
Jack Ma ဟာ သူ၏ Alibaba လုပ်ငန်းစုကြီးရဲ့ ကြော်ငြာ အပိုင်းကို တရုတ်ပြည်ရဲ့ အကြီးဆုံး ကြော်ငြာ လုပ်ငန်းစုကြီးဖြစ်တဲ့ Focus Media နှင့် လက်တွဲထားတယ်သိရပါတယ်။
Focus Media မှာ Digital Advertising ကို အဓိိကထားလုပ်ကိုင်ပါတယ်။ ထို့ပြင် ကြော်ငြာများကို လမ်းတစ်လျှောက် Digital ad screens များဖြင့် ကြော်ငြာပေးပြီး ရထားဘူတာ နှင့် စက်လှေကား နေရာများပါမချန် ကြော်ငြာပေးတဲ့ လုပ်ငန်းစုပါ။
Focus Media ဟာ တရုတ်ပြည်ရဲ့ မြို့နယ်တိုင်းလိုလိုမှာ ၎င်းတို့ကြော်ငြာများရှိပြီး ထိုကြော်ငြာများကို ကြည့်ရူ့သူ လူအရေအတွက် ခန့်မှန်း ၃၀၀ မီလီယံ လောက် ရှိမယ်သိရှိရပါတယ်။
ကြော်ငြာလောက ​နယ်ပယ်ဟာလဲ တကယ်သာ အခြေခိုင်မယ်ဆို အလုပ်ဖြစ်တဲ့ နယ်ပယ်တစ်ခုပါပဲ ဒါကြောင့် Alibaba လုပ်ငန်းစုမှ Focus Media ရဲ့ အစုရှယ်ယာဖြစ်တဲ့ ၁၀ ရာခိုင်နှုန်းရှိနေတယ်သိရပါတယ်။
Source from Weibo , Forbs
Myanmar Advertising Directory
Read times
Rate this item
(0 votes)