-->
×

Warning

JUser: :_load: Unable to load user with ID: 29


စျေးကွက် နေရာ ၂၆ ခုကို ဖြန့်ကျက်ထားတဲ့ Degree ချွေးနံ့ပျောက်ဆေး Billboard

အသစ်ထပ်မံ ထုတ်လုပ်ထားတဲ့ Degree မှ ချွေးနံ့ ပျောက် ဆေးဟာ OOH ( Out Of Home ) ကြော်ငြာခြင်းကို ငွေကြေး အမြောက်အများ သုံးစွဲထားပုံပါပဲ ဒါ့ကြောင့်လည်း သူ့ Billboard ကို နေရာတိုင်းမှာတွေ့နေရတာပါ။အဆိုပါ OOH Campaign ကို ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၂၁ ရက် တနင်္လာနေ့ က စတင်ခဲ့တာဖြစ်ပြီး #KeepMoving ဆိုတဲ့ ခေါင်းစဉ်နဲ့ လူအများ ရှေ့မှောက် ရောက်လာတာပဲဖြစ်ပါတယ်။

 

အဆိုပါ ဒီဂျစ်တယ် Billboard ကြော်ငြာ များဟာ ကမ္ဘာ့နေရာ အနှံအပြားတွင်ရှိပြီး ကားဆီဆိုင်များ ၊ ကုန်စုံဆိုင်များ နဲ့ အားသွင်းနေရာများနဲ့သာမန်နေရာများတွင်ပါတွေ့ရပါတယ်။နေ့တိုင်းကို စိတ်လှုပ်ရှားစရာအဖြစ်ရှိနေပြီး လူတွေအနေနဲ့ ဒီ Billboard ကို ကြည့်မိတွေ့မိ အံဩသတိထားမိနေပါတယ်တဲ့။

 

၃၈ ရာခိုင်နှုန်းသော အမေရိကန်တွေဟာ ကိုဗစ်ဖြစ်ပြီးနောက်ပိုင်းစိတ်လှုပ်ရှားတာ မရှိတော့ဘူးလို့သိရပါတယ်။အဆိုပါ ကြော်ငြာကို မြင်ရင် လူတွေ အနေနဲ့ သူတို့ရှင်သန်နေရတဲ့ နေ့စဉ်ဘ၀ လေးမှာစိတ်လှုပ်ရှားစရာလေးတော့ ရှိနေမယ်ဆိုတာ သိရပါတယ်။အဆိုပါကြော်ငြာ Campaign ဟာ #KeepMoving ( ဆက်လက်လှုပ်ရှားပါ ) ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ လူတိုင်းကို ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိနေစေဖို့ရည်ရွယ်ပြီး NBA မှ နာမည်ကျော် Kevin Durant ကပါဝင်ထားတယ်သိရပါတယ်။

 

အဆိုပါကြော်ငြာ Campaign ကို ဘယ်လို အချက် အချာ ကျတဲ့ စျေးကွက်နေရာတွေမှာထားရှိထားလည်းဆိုတော့ - နယူးယောက် ၊ ဖီလာဒီဖေးယား ၊ ဒက်ထရွိုက် ၊ ဘော်စတွန် ၊ ကလိဗ်လန် ၊ ဝါရှင်တန် ဒီစီ ၊ ဘယ်တီမို ၊ ဘာဖယ်လို ၊ စီစီနိတီ ၊ ပရိုဗီဒန့် ၊ အတ္တလန်တာ ၊ အင်ဒီယာနာပိုလစ် ၊ လူးဝစ်ဗယ်လီ ၊ တလာဟစီး ၊ ကိုလံဘတ် ၊ ဂျက်ဆန်ဗယ်လီ ၊ ရလိုက် ဒါဟမ် ၊ ဂရမ်း ရက်ပစ် ၊ ချီကာကို ၊ ဒဲလက် ၊ အိုမာဟာ ၊ တာဆာ ၊ ဆော့လိတ်စီးတီး ၊ လော့အိမ်ဂျလစ် ၊ ဆန်ဖရန်စစ္စကို နဲ့ ဆီယက်တဲလ် တို့မှာထားရှိတာတွေ့ရပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လက သူတို့ Degree ကနေပြီး NBA မှနာမည်ကြီး Kevin Durantto နဲ့ ပူးပေါင်းကာ ဒေါ်လာ၁ သန်းကို မတည်ငွေအဖြစ် ပန်းခြံ နဲ့ အားကစား စင်တာများအား လှူဒါန်းခဲ့ပြီး ထိုသို့ လှူဒါန်းခဲ့ခြင်းကြောင့် ကလေး ၁၀၀၀၀၀ လောက် အားကစားလုပ်နိုင်မှာ ဖြစ်ပါတယ်။

 

Degree ဟာ Durant ထုတ်လုပ်ရေးနဲ့ ပူးပေါင်းပြီး Inspired to Move ဆိုတဲ့ ဗီဒီယို ၅ ခန်းပါတဲ့ စီးရီးကို ရိုက်ကူးခဲ့ပါတယ်။လူတိုင်း နေ့စဉ်ဘ၀မှာ အားကစားလုပ်နိုင်စေဖို့ ကျန်းမာစေဖို့ မျှော်မှန်းလုပ်ဆောင်တယ်သိရပါတယ်။ဒါဟာအစပဲရှိသေးတာဖြစ်ပြီး ၂၀၂၁ မှာသူတို့ Product ကို စတိုးဆိုင်များမှာ ရောင်းချမှာဖြစ်ပြီး တစ်ကမ္ဘာလုံးရှိလူငယ်များ အတွက် ယုံကြည်ချက်ရှိရှိ အရာရာကို လွတ်လပ်စွာလုပ်ကိုင်နိုင်ရန် ပညာပေးသွားမယ်သိရပါတယ်။

 

 

Ref : OOH Today 

Read times
Rate this item
(1 Vote)