-->
×

Warning

JUser: :_load: Unable to load user with ID: 29


Pepsi နဲ့ Coke တို့ရဲ့ ကိုလာ စစ်ပွဲ

Pepsi နဲ့ Coke တို့ရဲ့ ကိုလာ စစ်ပွဲ google.com

ကိုလာ စစ်ပွဲအသစ် တစ်ခု ဖြစ်လာနိုင်မှာလား? ဒါမှမဟုတ် Tea ၊ water နဲ့ organic beverage စစ်ပွဲလို့ ပြောရမှာလား?

Pepsi ကုမ္ပဏီကတော့ ယင်းရဲ့ ရလဒ်ရှင်းတမ်းစာရင်းကို ပြီးခဲ့တဲ့

ရက်ပိုင်းကပဲ ထုတ်ပြန်ပါတယ်။ အမေရိကန် soda business လုပ်ငန်းမှာ စိန်ခေါ်မှုတွေ ရှိနေတယ်လို့ ၀န်ခံထား တယ်ဆိုပေမယ့်လည်း Pepsi ရဲ့ မြောက်အမေရိက ဈေးကွက်မှာတော့ ရောင်းအားခိုင်မာ အားကောင်းခဲ့တယ်ဆိုတာကို ယင်းထုတ်ပြန်မှု တွေအရ သိရပါတယ်။

ကုမ္ပဏီအနေနဲ့ တရုတ်၊ အိန္ဒိယ၊ ဘရာဇီးနဲ့ အခြား နိုင်ငံတကာ ဈေးကွက်တွေမှာလည်း ရောင်းအားတွေ အားကောင်းခဲ့တယ်လို့ ထုတ်ဖော်သွားပါတယ်။ တစ်ချိန်တည်းမှာလည်း ယင်းရဲ့Frito-Lay snack business လုပ်ငန်းကနေလည်း ၀င်ငွေတွေ တိုးပွားရရှိခဲ့တယ်လို့ ဆိုပါတယ်။

ယခု ထုတ်ပြန်လိုက်တဲ့ Pepsi ရဲ့ ရောင်းအား စာရင်းရှင်းတမ်းက Wall Street ရဲ့ ခန့်မှန်းချက်တွေအတိုင်း ရောက်ရှိခဲ့သလို ယခုသတင်းတွေကြောင့်လည်း ယင်းကုမ္ပဏီရဲ့ စတော့တန်ဖိုးပိုင်းမှာ ၁ ရာခိုင်နှုန်းတက် လာခဲ့ပါတယ်။

အလားတူ ယခု Pepsi ရဲ့ ရလဒ်တွေ မထုတ်ဖော်ခင် နှစ်ရက်ကြာတုန်းကလည်း ယင်းရဲ့ အဓိက ပြိုင်ဘက် Coca-Cola ကလည်း ယင်းရဲ့ မျှော်မှန်းထားတာထက်ပိုကောင်းတဲ့ ရောင်းအားနဲ့ အကျိုးအမြတ် ရလဒ်တွေကို ထုတ်ဖော်ထားခဲ့ပါသေးတယ်။

Coca-cola အတွက်ကတော့ မြောက်အမေရိကမှာ Diet Coke brand က ခုနှစ်ကျော်အတွင်း ရောင်းအားပိုင်း တိုးတက်အားကောင်းခဲ့မှုက အဓိက ကျနေလျက်ရှိပါတယ်။ Coke အနေနဲ့ကတော့ မကြာခင်ကပဲ ယင်းရဲ့ Diet Coke flavors သစ် လေးခု ထုတ်ဖော်ခဲ့ပြီး ယင်းနဲ့အတူ Millennials တွေကို အထူးရည်ရွယ်လုပ်ဆောင် လာနေတာ ရှင်းလင်းလှပါတယ်။

ဒါဆိုရင် Coke ရဲ့ Diet Coke အောင်မြင်မှုကို Pepsi ဘက်က ဘယ်လိုလိုက်ယှဉ်မလဲ?

ယခုအချိန်မှာ Pepsi အနေနဲ့လည်း ယင်းရဲ့ အဓိက အမှတ် တံဆိပ်တွေမှာ flavors သစ်တစ်ချို့ ထုတ်ဖော်ဖို့ လုပ်ဆောင်နေပြီလို့ Pepsi ရဲ့ Chief financial officer ဖြစ်တဲ့ Hugh Johnston က ပြောပါတယ်။

ကုမ္ပဏီရဲ့ မဟာဗျူဟာအနေနဲ့ non-soda သောက်သုံးစရာတွေ ပိုထုတ်လုပ်မယ်လို့ Johnston က ပြောပါတယ်။

ယခုနှစ် ပထမသုံးလပတ်မှာ ကြော်ငြာဘက်ဂျက် Pepsi ဘက်က မြှင့်ထားတယ်လို့ Johnston က ဆိုပါတယ်။ အဲဒီအတိုင်း Coke လည်း လုပ်ထားတယ်လို့ ၎င်းက မှတ်ချက်ပြုပါတယ်။ အပြိုင်အဆိုင် ဖြစ်နေတဲ့အချိန် Pepsi ဘက်ကတော့ ယင်းရဲ့ soda brands တွေနဲ့ non-carbonated beverages တွေကို ပိုမိုဈေးကွက်ချဲ့ဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။

ယင်းအတွက်ကြောင့် ခုဆိုရင် Coke နဲ့ Pepsi အကြား ပြိုင်ဆိုင်မှုတွေကတော့ ပိုမိုပြင်းထန်လာနေပြီ ဖြစ်တယ်လို့ပဲ ပြောရမှာဖြစ်ပါတယ်။

Read-ထုတ်ကုန်ကို ဗျူဟာနှင့်ကယ်တင်ခြင်း

Source; Strategy First Journal

Read times
Rate this item
(1 Vote)