-->
×

Warning

JUser: :_load: Unable to load user with ID: 29


သတင်းပို့သမားကနေ ကြော်ငြာလောကရဲ့ နံပါတ် ၁ ဖြစ်ခဲ့တဲ့ အဲလ်ဘတ်လက်စကာ

သတင်းပို့သမားကနေ ကြော်ငြာလောကရဲ့ နံပါတ် ၁ ဖြစ်ခဲ့တဲ့ အဲလ်ဘတ်လက်စကာ Google

အဲလ်ဘတ်လက်စကာဆိုတာကတော့ကြော်ငြာသမားထဲမှာ နံပါတ် ၁၊ အိုဂစ်ဗီးလ်ကိုယ်တိုင်ရဲ့ ဆရာလည်းဖြစ်တဲ့ ကြော်ငြာလောကမှာ ငွေကြေးအများဆုံးရှာနိုင်ခဲ့သူပဲဖြစ်ပါတယ်။

လက်စကာဟာ ကြော်ငြာသမားတစ်ယောက်ဖြစ်ချင်ခဲ့တာ မဟုတ်ပါဘူး။ သတင်းသမားဖြစ်ချင်ခဲ့တာပါ။ သူအသက် ၁၂ နှစ်အရွယ်ကတည်းက အပတ်စဉ်သတင်းဆောင်းပါးရေးပြီး ပိုက်ဆံစရှာခဲ့ပါတယ်။ အထက်တန်းရောက်တော့လဲ သတင်းစာတိုက်မှာ အလုပ်လုပ်ခဲ့ပါတယ်။

ဆယ်ကျော်သက်အရွယ်မှာ နိုင်ငံရဲ့အကြီးဆုံးနေ့စဉ်သတင်းစာတိုက်တွေရှိတဲ့ နယူးယောက်မြို့မှာ အခြေချခဲ့ပါတယ်။ သူရဲ့ဖခင်က သူ့ကိုသတင်းသမားတစ်ယောက် မဖြစ်စေချင်တာကြောင့် နောက်ပိုင်းမှာ အိမ်ကိုပြန်ခေါ်ခဲ့ပါတယ်။ ဘာလို့လဲဆိုရင် အဲ့ဒီခေတ်မှာ သတင်းသမားတိုင်းက အရက်သမားတွေဖြစ်နေလို့ပါ။ သူ့ဖခင်က သူကောင်းမယ်ထင်တဲ့ ချီကာဂိုက ကြော်ငြာအေဂျင်စီ Lord & Thomas ကို သွားလုပ်ဖို့ လမ်းညွှန်ခဲ့ပါတယ်။ ဒါကြောင့် လက်စကာဟာ Lord & Thomas မှာ ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။

သူချီကာဂိုကို ရောက်တဲ့အချိန်မှာ အသက် ၁၉ နှစ်ပဲရှိပါသေးတယ်။ အေဂျင်စီမှာ ရုံးအကူအဖြစ်နဲ့သူ့ကိုလုပ်ခိုင်းပါတယ်။ သူရဲ့စိတ်ကူးကတော့ ဒီမှာလုပ်နေရင်း တဖြည်းဖြည်းနဲ့ သတင်းသမားဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ထားတာပါ။ “ကျွန်တော်သိသလောက် အဲလ်ဘက်လက်စကာ ပြောရင် ဘယ်သူပဲဖြစ်ဖြစ် မငြင်းဆန်နိုင်ပါဘူး“ လို့ ကလောက်ဒီဟော့ကင်းက ပြောဖူးပါတယ်။ ဒါကြောင့်ပဲ လက်စကာဟာလစ်လပ်နေတဲ့ အရောင်းသမားနေရာမှာ သူ့ကိုခဏခန့်ဖို့ အထက်ကလူတွေကို သိမ်းသွင်းခဲ့ရာက အေဂျင်စီမှာ ရာထူးအဆင့်ဆင့် အမြန်တိုးခဲ့ပါတယ်။

Lord & Thomas ကို ဝယ်လိုက်တဲ့အချိန်မှာ အသက် ၂၀ ကျော်ပဲရှိပါသေးတယ်။ တကယ့်အဆင့်မီတဲ့ ကြော်ငြာအေဂျင်စီတစ်ခုကို ပထမဆုံးစထောင်ခဲ့ပါတယ်။ Lord & Thomas မှာ ခေါင်းဆောင်အနေနဲ့လုပ်ခဲ့တဲ့ ကာလတစ်လျှောက် လက်စကာရဲ့အတွေးအမြင်က ကြော်ငြာအေဂျင်စီတွေ ကလိုင်းယန့်တွေအတွက် လုပ်ခဲ့တဲ့ဟန်ချက်ညီတဲ့ အပြောင်းအလဲပဲဖြစ်ပါတယ်။ မီဒီယာအေဂျင်စီဖြစ်ဖို့ရည်ရွယ်ခဲ့ပေမယ့် သူ့အေဂျင်စီက ကြော်ငြာရှင်တွေအတွက် Creative ဝန်ဆောင်မှုတွေကိုလည်းပေးခဲ့ပါတယ်။

Lord & Thomas က မကြာခင်ပဲ Creative လောကမှာ နာမည်ကြီးလာခဲ့ပါတယ်။ ကျွမ်းကျင်တဲ့သူတွေကို ပိုက်ဆံများများပေးပြီး ခေါ်ထားတာက ပေါ့သေးသေးတော့ မဟုတ်ပါဘူး။ သူ့ဘဝတစ်လျှောက် ကျွမ်းကျင်ပိုင်နိုင်တဲ့ ကြော်ငြာလုပ်ငန်းမှာ တဖက်ကမ်းခပ် နားလည်တာတွေကြောင့်သာ ကျော်ကြားလာတာပါ။ နောက်ပိုင်းမှာ ငှားလိုက်တဲ့နာမည်ကြီးနှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ဂျွန်ကန်နဒီကို အလွန်သဘောကျခဲ့ပါတယ်။ ကန်နဒီဟာ အရင်က ကနေဒါရဲတစ်ယောက်ပါ။ အမျိုးတစ်ယောက်ဆီမှာ ပြင်ပကော်ပီရိုက်တာအဖြစ် ပင်ပင်ပန်းပန်းလုပ်ခဲ့ရပါတယ်။

နာမည်ကြီး ကြော်ငြာအေဂျင်စီအောက်ထပ်က ဘားမှာထိုင်နေတုန်း၊ Creative ပင်ကိုယ်ဗီဇရှိတဲ့အတိုင်း စာရွက်ပေါ်မှာ ဒီလိုမျိုးချရေးလိုက်ပါတယ်။ “အောက်ထပ်အခန်းထဲမှာ ကျွန်တော်ရှိတယ်။ ကြော်ငြာအကြောင်းကို ပြောပြပေးမယ်။ ခင်ဗျား မသိဘူးဆိုတာလည်း ကျွန်တော်သိပါတယ်။ ခင်းဗျားဘာသိချင်လဲဆိုတာ ကျွန်တော့်အတွက်အရေးကြီးသလို ခင်များအတွက်လည်း အရေးကြီးပါတယ်။ ကြော်ငြာအကြောင်းသိချင်ရင် ဘဲလ်ဘွိုင်းကောင်လေးက ကျွန်တော့်ဆီအရောက်လိုက်ပို့ပါလိမ့်မယ်” ဂျွန်အီးကန်နဒီ ဆိုပြီး လက်မှတ်ထိုးထားပါတယ်။

လက်စကာက ကန်နေဒီကို သဘောကျသွားပြီး ငှားခဲ့ပါတယ်။ လက်စကာက ကြော်ငြာလုပ်ငန်းကို သတင်းတစ်ခုလိုမျိုး အတွေးကောင်းတစ်ခုလို့ ယုံကြည်ပါတယ်။ ဒါပေမယ့် ကန်နေဒီကတော့ ကြော်ငြာခြင်းဆိုတာ ပုံနှိပ်လုပ်ငန်းရဲ့ အရောင်းစွမ်းရည်လို့ ရိုးရိုးလေးပဲ တွေးပါတယ်။ ဒီအတွေးအမြင်က နှစ်တော်တော်ကြာ Lord & Thomas ကလုပ်တဲ့အလုပ်တွေကို ကူညီပုံဖော်ပေးခဲ့ပါတယ်။ လက်စကာတင် လွှမ်းမိုးခံခဲ့ရတာ မဟုတ်ပါဘူး။ ရိုဆာရီးဗ်၊ ကလောက်ဒီဟော့ကင်း၊ Y&R ရဲ့ ပူးတွဲတည်ထောင်သူ ဂျွန်အောရောင် နှင့် ဒေးဗစ်အိုဂစ်ဗီးလ်စတဲ့ ကြော်ငြာလောကပညာရှင်မျိုးဆက်တွေပါ ဒီအမြင်ကိုယုံကြည်စေခဲ့ပါတယ်။

Read More >>> ဘီလျံနာတွေ အများဆုံးနေထိုင်တဲ့ ကမ္ဘာ့နိုင်ငံပေါင်း (၁၅)ခု

ပုံနှိပ်လုပ်ငန်းရဲ့ အရောင်းစွမ်းရည်ဆိုတဲ့အမြင်ဟာ ကန်နေဒီရဲ့အမြင်ဖြစ်ပေမယ်လို့ အဲ့ဒီအမြင်ကို လက်တွေ့လုပ်ဆောင်ခဲ့တဲ့သူက ကလောက်ဒီဟော့ပ်ကင်းပါ။ ဟော့ပ်ကင်းက ကြော်ငြာလုပ်ငန်းမှာ အရောင်းဆိုတဲ့ လုပ်ဆောင်ချက်တစ်ခုရှိတယ်လို့ ယုံကြည်တယ်။ ဟော့ပ်ကင်းက သိချင်စိတ်ပြင်းပြတဲ့ အရည်အချင်းရှိတဲ့ ကြိုးစားတဲ့ သူတစ်ယောက်ပါ။ ထပ်ခါထပ်ခါ စမ်းသပ်ပြီးရလာတဲ့ အခြေခံစည်းမျဉ်းစည်းကမ်းတွေရှိပါတယ်။ ဒါတွေကအောင်မြင်အောင်လုပ်ဆောင်နိုင်တယ်လို့ ယုံကြည်ပါတယ်။ ဟော့ပ်ကင်းက ဒီစည်းမျဉ်းတွေကို နားလည်အောင်လုပ်ဖို့ပြောထားပြီး၊ သူ့ရဲ့နာမည်ကျော် Scientific Advertising စာအုပ်မှာလည်း ထည့်ရေးထားပါတယ်။

ဘေးလ်ဘန့်ရှ်လိုမျိုး ကြော်ငြာလုပ်ငန်းကို နောက်ပိုင်းလုပ်ကိုင်သူတွေက ကြော်ငြာလုပ်ငန်းဟာ သိပ္ပံဘာသာရပ်ဆိုတာကို လက်မခံပါဘူး။ ဒါကြောင့် ဟော့ပ်ကင်ပြောထားတဲ့ စည်းမျဉ်းစည်းကမ်းအများစုက ရိုးရိုးရှင်ရှင်းနဲ့ တမူထူးခြားနေပါတယ်။ တချို့အရာတွေမှာမှားပေမယ့် တချို့အရာတွေကိုတော့ တိကျမှန်ကန်စွာပြောနိုင်ခဲ့ပါတယ်။ ဥပမာ - အေဂျင်စီကလူတွေက ကုန်စ္စည်းနှင့် စားသုံးသူတွေကို ကောင်းကောင်းနားလည်အောင် လုပ်သင့်တယ်လို့ ပြောခဲ့တာမျိုးဖြစ်ပါတယ်။

ကမ်ပိန်းတစ်ခု မစခင်မှာကော လုပ်ပြီးတဲ့နောက်မှာကော သုတေသနရဲ့အသုံးဝင်မှုကို သူကကောင်းကောင်း နားလည်ပါတယ်။ အထူးသဖြင့် ကြော်ငြာလုပ်ငန်းရဲ့ အကျိုးသက်ရောက်မှုနဲ့ ယနေ့ခေတ် တိုက်ရိုက်ကြော်ငြာလုပ်ငန်းရဲ့ ကျော်ကြားမှုကိုတိုင်းတာဖို့ နည်းလမ်းတစ်ခုအနေနဲ့ ကူပွန်အသုံးပြုတာမျိုးတွေကို သဘောကျပါတယ်။နောက်ဆုံးမှာ ဟော့ပ်ကင်းက ကုန်အမှတ်တံဆိပ်တစ်ခုစီအတွက် ကာကွယ်တဲ့အဆိုကို ရှာဖွေခဲ့ပါတယ်။ ကုန်အမှတ်တံဆိပ်တစ်ခုကို သူရဲ့ပြိုင်ဘက်တွေနဲ့ မတူအောင်ဈေးကွက်ခင်းကျင်းတဲ့နည်းလမ်းတွေဖြစ်ပါတယ်။

Schlitz အတွက် ဟော့ပ်ကင်းရဲ့ နာမည်ကြီးတဲ့အဆိုက “ဘီယာပုလင်းတွေကို ရေနွေးငွေ့နဲ့ ဆေးကြောတယ်” ဆိုတာပါပဲ။ ဘီယာပုလင်းတွေကို ရေနွေးငွေ့နဲ့ ပေါင်းထားတယ်ဆိုတဲ့အချက်က အရေးမကြီးပေမယ့် စားသုံးသူတွေရဲ့စိတ်ထဲကို Schlitz ကုမ္ပဏီရဲ့ သန့်စင်မှု၊ သန့်ရှင်းမှုနဲ့ လုံခြုံစိတ်ချရမှုတို့ကို သိသွားစေပါတယ်။ ဟော့ပ်ကင်းက တဖြည်းဖြည်းနဲ့ ကြော်ငြာလောကမှာ ဝင်ငွေအများဆုံးရတဲ့၊ အမြင့်ဆုံးပေးရတဲ့ ပညာရှင်ဖြစ်လာပါတယ်။

Lord & Thomas အေဂျင်စီက လက်စကာနဲ့ ဟော့ပ်ကင်းတို့အနားယူပြီးနောက်မှာလည်း ရေရှည်တည်တံ့ခဲ့ပါတယ်။ နောက်ပိုင်း Foote, Cone & Belding အဖြစ် ဆက်လက်လုပ်ကိုင်ခဲ့ပြီး ယခုမှာတော့ အင်တာပက်ပလစ်အုပ်စုရဲ့ အခွဲအဖြစ်ရပ်တည်နေပါတယ်။ လက်စကာက သတင်းပို့တဲ့သူတစ်ယောက် ဖြစ်ချင်ခဲ့ပေမယ့် ချမ်းသာပြည့်စုံစွာ နေထိုင်ခဲ့ရပါတယ်။ အငြိမ်းစားယူတဲ့အချိန်မှာ သူ့ရဲ့ချမ်းသာမှုတော်တော်များများကို လူမှုရေးအသင်းအဖွဲ့တွေကို လှူဒါန်းခဲ့ပါတယ်။ သူနဲ့ သူ့အမျိုးသမီးရဲ့ အမည်ကိုအစွဲပြုပြီး အဲလဘတ်နဲ့ မေရီလက်စကာဖောင်ဒေးရှင်းကိုလည်း တည်ထောင်ခဲ့ပါတယ်။ ၁၉၄၅ ခုနှစ်ကစပြီး ဆေးခန်းနဲ့ အခြေခံဆေးပညာသုတေသနတွေအတွက် ရန်ပုံငွေနဲ့ လုပ်ငန်းသစ်ဖော်ဆောင်သူတွေကို ဆုချီးမြှင့်ဖို့ ထောက်ပံ့ကူညီပေးခဲ့ပါတယ်။

Source; Advertising Notes

Myanmar Advertising Directory

Read times
Rate this item
(1 Vote)