-->
×

Warning

JUser: :_load: Unable to load user with ID: 29


လှပတဲ့အနာဂတ်ရှိနေတဲ့ Esports အားကစားနဲ့ Esports Advertising အကြောင်း(၂)

လှပတဲ့အနာဂတ်ရှိနေတဲ့ Esports အားကစားနဲ့ Esports Advertising အကြောင်း(၂) Google

သုံးသပ်ကြည့်မယ်ဆိုရင် အာရှရဲ့ ကြီးမားတဲ့ ခေတ်ရေစီးကြောင်း အကြီးစား နှစ်ခုဆက်စပ်နေတဲ့ နေရာမှာ esports ထိုင်နေတာ တွေ့ရတယ်။ 

ပြောင်းလဲဖြစ်ပေါ်မှု တစ်ခုက connected TV (CTV) ဖြစ်ပါတယ်။ အင်တာနက် ချိတ်ဆက်ပြီး TV ကြည့်တာကို လူတွေ ပိုနှစ်သက်ကြတယ်။ ကေဘယ်တီဗီ၊ လေလှိုင်းတီဗီ၊ ဂြိုဟ်တုတီဗီ စတာတွေကို ကျောခိုင်းစ ပြုလာကြတယ်။ အထူးသဖြင့် အားကစားပွဲတွေကို အင်တာနက်မှာ တက်ကြည့်ကြတာမို့ CTV က အဆင်ပြေတယ်။ အင်တာနက် တက်ပြီး ကစားရတဲ့ Esports ကို အင်တာနက်ချိတ်ဆက် တီဗီနဲ့ ကြည့်မှ အဆင်ပြေမယ်။ နောက်တစ်မျိုးက ဖုန်းနဲ့ ကြည့်ကြတာ ဖြစ်ပါတယ်။

အားကစားပွဲကို အင်တာနက်မှာ live လွှင့်ပေးနေတာကို ရောက်တဲ့အရပ် ရောက်တဲ့နေရာမှာ ဖုန်းစခရင်နဲ့ ကြည့်ကြတယ်။ အဲဒီအတွက်လည်း Esports က အလျဉ်းသင့်ပါတယ်။ အဲဒီလို အင်တာနက်မှာ တက်ကြည့်တဲ့ ပရိသတ်ဆီကို ကြော်ငြာပြဖို့အတွက် Alibaba က အမြော်အမြင် ရှိရှိဖြင့် Esports အားကစားမှာ ရင်းနှီးမြှုပ်နှံတာ ဖြစ်ပါလိမ့်မယ်။ ဒုတိယ ခေတ်ရေစီးကြောင်းက esports ပြိုင်ပွဲတွေကို ကြည့်ရှုကြတဲ့ ပရိသတ်မှာ ဂိမ်းဝါသနာအိုးတွေ၊ ဂိမ်းမာတွေအပြင် သာမန်ပရိသတ်တွေကပါ ကြည့်ရှုအားပေးလာကြတာ ဖြစ်ပါတယ်။ စိတ်အားထက်သန်စွာဖြင့် ကြည့်ရှုကြတယ်။ အားကစား မဟုတ်တဲ့ အထင်သေးစရာတစ်ခုအဖြစ် မယူဆကြတော့ဘူး။ အမေရိကန်မှာ ပရော်ဖက်ရှင်မယ် အားကစားသမားတွေကို ပေးတဲ့ P1 visa ဖြင့် esports ပါဝင်ကစားတဲ့သူတွေကို ပြည်ဝင်ခွင့် ပေးနေပါပြီ။

ဒီတော့ ဘောလုံးပွဲလိုမျိုး ကြည့်ရှုအားပေးကြတဲ့ ပြိုင်ပွဲတစ်ခုအဖြစ်သို့ Esports ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဈေးကွက်သမားတွေအတွက် Esports က ဘယ်လို အခွင့်အလမ်းတွေ ပေးနေသလဲ? အဲဒီ မေးခွန်းအတွက် Esports ပရိသတ်ကို လေ့လာကြတယ်။ Nielsen မှ ၂၀၁၈ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ စစ်တမ်းတစ်ခုမှာ Esports ပရိသတ်ဟာ တရုတ်နိုင်ငံမှာ အသက် ၂၅ နှစ်မှ ၃၄ နှစ်အတွင်း ရှိသူတွေက ၄၅ ရာခိုင်နှုန်း ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဂိမ်မာတွေအတွက် live streaming platform တွေထဲမှာ နံပါတ်(၁) ဦးဆောင်နေရာမှာ ရောက်နေတဲ့ Twitch ကနေ Dota2 ၊ Apex Legends ၊ Fortnite စတဲ့ ဂိမ်းတိုက်ပွဲတွေကို ကြည့်ကြတဲ့ ပရိသတ်ဟာ အိန္ဒိယနိုင်ငံမှာ ၁၈ မှ ၃၄ နှစ် အသက်အပိုင်းအခြားမှာ ရှိသူတွေ ဖြစ်ပါတယ်။

ဒီတော့ millennial လို့ ခေါ်တဲ့ ၂၀၁၉ ခုနှစ်မှာ အသက် ၂၃ မှ ၃၈ နှစ် ရှိကြသူတွေ နဲ့ သူတို့ထက် အသက်ငယ်တဲ့ မျိုးဆက်သစ်တွေအတွက် ပစ်မှတ်ထားမယ့် ကြော်ငြာတွေအတွက် Esports ဟာ အခွင့်အလမ်းကောင်း ဖြစ်ပါတယ်။ လိင်အရ ကျားနဲ့ မ ဦးရေကို ဆန်းစစ်ကြည့်တဲ့အခါ အမျိုးသားဦးရေနဲ့ အမျိုးသမီး ဦးရေ အတူတူနီးပါး ဖြစ်နေတာကို အာရှနိုင်ငံ Esports ပရိသတ်တွေကြားမှာ တွေ့ကြရတယ်။ Esports ကို အင်တာနက်မှ ထုတ်လွှင့်တဲ့ streaming platform တွေမှာ ကြည့်ရှုကြတာကြောင့် ကြော်ငြာရှင်တွေ အနေဖြင့် နေရာဒေသအရ ပစ်မှတ်ရွေးချယ်ဖို့ လွယ်ကူတယ်။ ဘယ်ကိရိယာနဲ့ ဘယ်နှဦး ကြည့်ရှုသလဲဆိုတာလည်း သိဖို့ မခဲယဉ်းဘူး။ အဲဒီလို တိတိကျကျ သိရတဲ့ အားသာချက်တွေ Esports ကြော်ငြာအမျိုးအစားမှာ ရှိနေတယ်။ Esports ဟာ အသိအမှတ်ပြု အားကစားတစ်မျိုးဖြစ်လာပါပြီ။ ပြိုင်ပွဲတွေကို ထုတ်လွှင့်ပြသတဲ့ live streaming platforms တွေကလည်း နည်းပညာပိုင်းမှာ တိုးတက်နေတယ်။ အဲဒါကြောင့် Esports Advertising မှာ လှပတဲ့ အနာဂတ် ရှိနေပါတယ်။

Read More>>> ဂိုထောင်ငယ်လေးတွေမှာဖြစ်သလိုစတင်ခဲ့ပေမယ့် လျှမ်းလျှမ်းတောက်ကျော်ကြားနေတဲ့ကုမ္မဏီများ

Myanmar Advertising Directory

Read times
Rate this item
(1 Vote)