-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကြော်ငြာခြင်းရဲ့အကျိုးကျေးဇူးနဲ့ အေဂျင်စီတွေရဲ့အရေးပါပုံ

ကြော်ငြာခြင်းရဲ့အကျိုးကျေးဇူးနဲ့ အေဂျင်စီတွေရဲ့အရေးပါပုံ Google

တိုက်ရိုက်သုံးစွဲသူ ဒါမှမဟုတ် စားသုံးများထံသို့ လုပ်ငန်းရှင်များရဲ့ ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများ၊ အကြံဥာဏ်များ အလွယ်တကူရောက်ရှိသွားရန် အလွန်အရေးကြီးပါတယ်။

ဒီအချိန်မှာ ကြော်ငြာခြင်းအခန်းကဏ္ဍမှာလည်း အဓိကအစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်လာပါပြီ။ ကြော်ငြာခြင်း(Advertising) ဆိုတာ စားသုံးသူ၊ ကြည့်ရှူ့သူ၊ နားထောင်သူ များကို ဆွဲဆောင်စည်းရုံးပြီး မိမိလိုချင်တဲ့ဘက်ကိုသွေးဆောင်နိုင်တဲ့ ဆက်သွယ်ရေးနည်းဗျူဟာ တစ်ခုဖြစ်ပါတယ်။ အရည်အသွေးတူတဲ့ ကုန်ပစ္စည်းနှစ်ခုဈေးကွက်ထဲတွင် ယှဉ်ပြိုင်ရောင်းချမယ်ဆိုရင်တောင် ကြော်ငြာထားတဲ့ Brand တစ်ခုကို လူသိပြီးသားဖြစ်တဲ့အတွက် ဝယ်သူများကိုဘယ်ပစ္စည်းက ပိုမိုဆွဲဆောင်မှု ရှိစေမလဲ။

Social media များတွင် မိမိကုန်ပစ္စည်းများအကြောင်းကို video များပြုလုပ်ခြင်း၊ သွယ်ဝိုက်သောနည်းလမ်းဖြင့် ဆောင်းပါး၊ စာတိုများရေးသား ခြင်းဖြင့်လည်း Brand Awareness ရရှိအောင်ပြုလုပ်လာကြပါတယ်။ ဒါ့ပြင် မိမိကုန်ပစ္စည်းကို သုံးစွဲမယ့်ဝယ်သူများထံသို့ Target ထားနိုင်ပြီး အထိရောက်ဆုံးကြော်ငြာနိုင်မယ့် မီဒီယာရွေးချယ်တတ်ဖို့လည်းလိုပါတယ်။

ယခုနောက်ပိုင်းတွင် Digital Marketing များခေတ်စားလာသည့်အတွက် online တွင်ကြော်ငြာခြင်းက လူငယ်နှင့်လူလတ်ပိုင်း ပရိတ်သတ်များကို ပိုမိုဆွဲဆောင်လာတာကိုလည်း တွေ့ရပါသည်။ ယခုနောက်ပိုင်းပိုင်းတွင် လုပ်ငန်းရှင်များသည် မိမိတို့ကုန်ပစ္စည်းများအတွက် ကြော်ငြာစရိတ်များပိုမိုသုံးစွဲလာကြပါတယ်။

ကြော်ငြာခြင်းဖြင့်ရနိုင်မယ့် အကျိုးကျေးဇူးတွေကတော့...

(၁) သင့်ကုန်ပစ္စည်းများ သုံးစွဲသူလက်ထဲသို့ အလျှင်အမြန်ရောက်ရှိသွားနိုင်ပြီး ဈေးကွက်ခိုင်မာမှု အလွယ်တကူရရှိနိုင်ခြင်း။
(၂) ရောင်းအားတက်လာပြီး ပြိုက်ဘက်ကုမ္ပဏီများကို ယှဉ်ပြိုင်နိုင်စွမ်းရှိလာခြင်း။
(၃) သုံးစွဲသူ customer များလာသောကြောင့် အရည်အသွေးကောင်းကြောင်းကို ပိုမိုသိရှိလာခြင်း။
(၄) အခြားဆက်စပ်ကုန်ပစ္စည်းများကို အလွယ်တကူသိရှိလာနိုင်ခြင်း။
(၅) အလုပ်အကိုင်အခွင့်အလမ်း ပိုမိုများပြားလာခြင်း။ ဥပမာ-ကြော်ငြာအေဂျင်စီများ၊ အခြားတွဲဖက်လုပ်ကိုင်ရတဲ့အခန်းကဏ္ဍများ အစရှိသည်တို့ကိုရရှိမှာဖြစ်ပါတယ်

သင်တို့ရဲ့ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေအတွက် ကြော်ငြာအေဂျင်စီတွေနဲ့ ဆက်သွယ်ချင်တယ်ဆိုရင်တော့ https://bit.ly/2XdkfQj မှာ တစ်စုတစ်စည်းထဲ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Read More>>>အဓိပ္ပါယ်များစွားနဲ့ဖန်တီးခဲ့ကြတဲ့ နာမည်ကြီးကားကုမ္ပဏီတွေရဲ့ Logo များ

Myanmar Advertising Directory

 

Read times
Rate this item
(1 Vote)