-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီးနေတဲ့ ဂျပန်မှ ပုဇွန်ကြော်လေး

အကယ်၍သင်သာ ဂျပန်နိုင်ငံကိုရောက်လို့ စားသောက်ဆိုင်တွေကို သွားခဲ့မယ်ဆိုရင် အဆိုပါ စားသောက်ဆိုင်မှာ ပထမဆုံး သင်မြင်ရမှာ က ဆိုင်ရဲ့ နံရံတွေမှာကပ်ထားတဲ့ ပလက်စတစ် အစားအစာ မော်ဒယ်လေးတွေရဲ့ ပုံလေးတွေကို တွေ့ရမှာပါ။

 

အစားအစာလေးတွေမှာ လက်တွေ့ဆန်ပြီး လှပတောက်ပြောင်ပါတယ်။ထိုအစမ်းပြအစားအသောက်လေးတွေဟာ တကယ်လို့သင်က ဂျပန်စာ မဖတ်တတ်ရင် ၊ မပြောတတ်ရင် တောင်မှ ပုံကြည့်ပြီး အစားအစာ မှာယူနိုင်မှာ ဖြစ်ပြီး ၊ မှာယူစရာ စာရင်းမှာ လည်းလွယ်ကူစွာ မှာယူလို့ရတာမျိုးဖြစ်တာမို့ အလှတင်မက ပဲ အရသာရှိတဲ့ ဟင်းလျှာကိုပါဆိုင်မှ ချက်ပြုတ်ပေးပါတယ်။

 

ယခုရက်ပိုင်းတွေမှာ ပလက်စတစ်အစားအစာ လေးတွေဟာလည်းပဲ သူ့နေရာနဲ့ သူအင်မတန်မှ ထင်ရှားလာပါတယ်။အရောင်းစက်များတွင်လည်း ပြသဖို့ နေရာရလာသလို အစားအစာ ချက်ပြတ်တဲ့ သင်တန်းတွေမှာ လည်းပဲ ပလက်စတစ်အစားအစာတွေကို တွင်ကျယ်စွာအသုံးပြုတေကြတာကိုတွေ့ရပါတယ်။

 

တချို့စားသောက်ဆိုင်များကဆို သူ့တို့ဆိုင်ရဲ့ဆိုရှယ်မီဒီယာပေါ်မှာ ပလက်စတစ် အစားအစာ လေးများကိုသုံးကာ Twitter နဲ့ Instagram စတဲ့ နေရာတွေမှာတင်ကြပါတယ်။ထိုအထဲမှာ ebiflife နာမည်ရှိတဲ့ ပုဇွန်ကြော်လေးလဲပါပါတယ်။ Ebiflife ရဲ့ ဂျပန်နိုင်ငံအဓိပ္ပါယ် ebifuraifu ဆိုပြီး အဓိပ္ပါယ် raifu က ( Life ( ဘ၀ )) လို့အဓိပ္ပါယ်ရပြီး ebifurai က ( ebi fry ) ( fried prawn / ပုဇွန်ကြော် ) လို့ အဓိပ္ပါယ်ရပါတယ်။

 

ဂျပန်နိုင်ငံမှာ အရမ်းနာမည်ကြီး တဲ့ အစားအစာ တစ်ခုဖြစ်ပြီး ၎င်း အစားအစား က အခြားဆိုင်မှ ပုဇွန်ကြော်များနှင့်မတူ ထူးခြားပြီး အရသာကောင်းမွန်ပါတယ်။ ထိုသို့နာမည်ကြီးလာပြီးမှ ဂျပန်နိုင်ငံရဲ့ နေအိမ်များ တွင်ပါ အိမ်အလှ ဆင်ရေး အဖြစ်တပ်ဆင်ထားတယ်လို့ သိရပါတယ်။

 

ဆိုရှယ်မီဒီယာမှ လူအများဟာ ပုဇွန်ကြော်လေးကိုချစ်ကြပြီး ကွန်မန့်တွေအနေနဲ့ '' အော် .. ပင်လယ်ထဲမှာ သဘာ၀အတိုင်း မွေးလာတဲ့ အကောင်လေးက ပင်လယ်ထဲကို ပြန်သွားချင်တယ်တဲ့ '' '' အစက ကျွန်တော် ဟမ်းစတားထင်တာပါ ၊ နောက်မှ ပုဇွန်ကြော်လေးမှန်းသိရပါတယ် '' , '' အမလေး အတော်လေးကို ကျွန်တော့ရဲ့နေ့တွေကိုတောက်ပစေတာပါပဲ '' '' တကယ့်ကို ကောင်းမွန်တဲ့ အကြံဉာဏ်ပါပဲ ပုဇွန်ကြော်ကို ချစ်စရာ တိရစ္ဆာန်လေးသဖွယ်ပြုလုပ်ထားတာ '' , '' ကျွန်တော်အဲ့ ပုဇွန်လေးနဲ့ နေဖို့စိတ်ကူးရှိတယ်သို့ပေမယ့် ကျွန်တော့မှာ ပုဇွန်နဲ့ မတည့်တဲ့ အလက်ဂျစ်ရှိနေတယ် '' ထို ပုဇွန်ကြော်လေး Twiiter အကောင့် စစဖွင့်ချင်း အပတ်မှာ follow လုပ်သူ ဦးရေ ၄၀၀၀၀ ကျော်ရှိတယ် သိရပါတယ်။

 

အခုဆိုရင် ebi fry ကို မသိတဲ့ သူမရှိကျပါဘူး၊ လူတိုင်းဟာ အမြဲ Updated ဖြစ်အောင်ကြည့်ရှုကြတယ်လို့ သိရပါတယ်။ အခုဆိုရင် Instagram နဲ့ Twitter မှာ follow လုပ်ထားသူ အခိုင်အမာရှိနေပြီသိရပြီး ပုဇွန်ကြော်ပုံဝတ်ဆင်တဲ့ သူတွေတောင်ရှိကာ အိပ်တဲ့ အဝတ်အိပ်အဖြစ်ပါပုဇွန်ကြော်လေးဒီဇိုင်းထွက်လာပြီသိရပါတယ်။

 

ပိုက်ဖြင့် ပြု လုပ်ထားသော ဦးထုတ် ဖြင့် လှပနေသော ပုဇွန်ကြော်လေး

 

 

ပုဇွန်ကြော်လေးရေထဲက ဘောပေါ်မှာ ထိုင်နေရင်း ရေခဲမုန့်စားနေတဲ့ပုံ

 

 

နွေရာသီတစ်ခုလုံးကို ပုဇွန်ကြော်လေးအနေဖြင့် အိမ်နားမှာ နေရင်း ဂစ်တာလေးတစ်လုံးနဲ့ပျော်ပါးနေပုံ

 

 

အကင်ကင်စားနေသော ပုဇွန်ကြော်လေး

 

 

အိမ်သန့်ရှင်းရေးလုပ်နေသော ပုဇွန်ကြော်လေး

 

 

လူတွေတက်တဲ့ လှေကားကို ပုဇွန်လေးမှ အေးဆေးလေး လှေကား ငယ်ဖြင့်တက်ပြပုံ

 

 

နွေရာသီရဲ့ ပူပြင်းမှုကို မြက်ဖျာလေးခင်းအနားယူတဲ့ ပုဇွန်ကြော်လေး

 

 

Myanmar Advertising Guide 

Ref : Sora News 24

Read times
Rate this item
(0 votes)