-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကုန်ပစ္စည်းအောင်မြင်ဖို့ထက် လူတွေကိုအသိပညာပေးနိုင်တဲ့ကြော်ငြာ

ကုန်ပစ္စည်းအောင်မြင်ဖို့ထက် လူတွေကိုအသိပညာပေးနိုင်တဲ့ကြော်ငြာ Google

ကြော်ငြာအများစုဟာ မိမိတို့ကုန်ပစ္စည်းကို လူအများအသုံးပြုလာအောင်နဲ့ လူကြိုက်များလာအောင်သာ ကြော်ငြာလေ့ရှိကြပါတယ်။

ဒါပေမယ့် အခုဖော်ပြပေးမယ့်ကြော်ငြာတွေကတော့ မိမိတို့ ကုန်ပစ္စည်းထက်လူတွေကို အသိပညာပေးပြီး လွှမ်းမိုးနိုင်တဲ့ကြော်ငြာတွေပဲ ဖြစ်ပါတယ်။

(၁) ဗုံးတလုံးလို ပြုလုပ်ထားတဲ့ ပလတ်စတစ်ရေဘူးခွံတစ်ခုကို ပြသထားတဲ့ ဒီကြော်ငြာဟာဆိုရင် ပလတ်စတစ်တွေကို မဆင်မခြင်စွန့်ပစ်ခြင်းဟာ အချိန်မရွေးပေါက်ကွဲနိုင်တဲ့ ဗုံးတလုံးလိုပဲ အန္တရာယ်ရှိကြောင်းရည်ရွယ်တာပဲ ဖြစ်ပါတယ်။

(၂) ဆေးရောင်တွေ ခြယ်သထားတဲ့ ခြသေ့င်္တကောင်နဲ့ ဒရမ်တစ်လုံးကို ယှဉ်တွဲပြသထားတဲ့ ဒီကြော်ငြာဟာဆိုရင်တော့ လူတွေရဲ့ စိတ်အပန်းဖြေမှုအတွက် တိရိစ္ဆာန်တွေကို ရုံသွင်း ပြသခိုင်းစေမှုကို ဆန့်ကျင်သင့်ကြောင်း အသိပညာပေးဖော်ပြထားတာပဲ ဖြစ်ပါတယ်။

Read More>>> အခြားသူတွေနဲ့မတူကွဲပြားတဲ့ပုံစံနဲ့ကြော်ငြာချင်ပါသလား...?

(၃) Greenpeace အဖွဲ့အစည်းအနေနဲ့ ဖော်ပြထားတဲ့ အခုကြော်ငြာမှာဆိုရင်တော့ သင်ဟာစက်ရုပ်တရုပ်မဟုတ်ဘဲ လူသားဆန်မှုကိုဖော်ပြဖို့ ၎င်းတို့အဖွဲ့အစည်းကို တတ်နိုင်သလောက် လှူဒါန်းသင့်ကြောင်းကို ကြော်ငြာထားတာပဲ ဖြစ်ပါတယ်။

(၄) လူသားတွေ စွန့်ပစ်လိုက်တဲ့ ပလတ်စတစ်ပစ္စည်းတွေကြောင့် ရေနေသတ္တဝါတွေသေဆုံးမှုဟာ တစထက်တစများပြားလာနေတာကို လိပ်တကောင်ရဲ့လည်ပင်းမှာ ပလတ်စတစ်ပိုက်နဲ့ တွဲလောင်းချည်နှောင်ထားပုံနဲ့ သရုပ်ပြကြော်ငြာထားတာပဲ ဖြစ်ပါတယ်။

(၅) သစ်တော ပြုန်းတီးမှုနဲ့အတူ တောရိုင်းတိရစ္ဆာန်တွေ ကျက်စားနေထိုင်ရာ နယ်မြေပျောက်ဆုံးလာမှုကို ခုတ်ဖြတ်ထားတဲ့ သစ်ပင်အပိုင်းအစပုံအပြင် သေချာကြည့်မယ်ဆိုရင် မျောက်ဝံတကောင်ရဲ့ မျက်နှာကိုပါ တွေ့မြင်ရမယ့် သစ်တောပြုန်းတီးမှုဆန့်ကျင်ရေး ကြော်ငြာပဲဖြစ်ပါတယ်။

Photographers (ဓာတ်ပုံဆရာများ(၇၀)ခုကိုရှာရန်နှိပ်ပါ။)

(၆) ရင်သားကင်ဆာဖြစ်ပွားမှုကြောင့် သေဆုံးမှုနှုန်းဟာ ယာဉ်မတော်တဆမှုကြောင့် သေဆုံးမှုနှုန်းထက် ပိုများနေကြောင်းကိုကားမှာပါဝင်တဲ့ အရေးပေါ်လေအိတ်နှစ်ခုနဲ့ ပြသထားတဲ့ အသိပညာပေးကြော်ငြာတစ်ခု ဖြစ်ပါတယ်။

Credit; ဧရာဝတီ

 

Read times
Rate this item
(0 votes)