-->
×

Warning

JUser: :_load: Unable to load user with ID: 29


Facebook Advertising

Facebook Advertising google

Facebook ဆိုတာကတော့ လူတိုင်းနဲ့ အကျွမ်းတဝင်ရှိပြီးသား Social Media Platform တစ်ခုပါ။

မကြာသေးပေမဲ့ Smart Phone တွေ၊ Internet တွေတွင်တွင်ကျယ်ကျယ်ဖြစ်လာတဲ့နောက်ပိုင်းမှာတော့ Facebook အသုံးပြုသူဉီးရေဟာလည်း များပြားလာပါတယ်။ Facebook လို့ခေါ်တဲ့ Social Media Platform ဟာလူတစ်ယောက်ကို မီလျံနာဖြစ်သွားအောင်ဖန်တီးပေးနိုင်သလို စီးပွားပျက်အသက်ဆုံးရှုံးအောင်လည်းဖန်တီးနိုင်တဲ့ မှော်လက်နက်ကြီးတစ်ခုပါ။ သာဓကပေါင်းများစွာလည်း ရှိခဲ့ပါတယ်။

 

 အဓိကကတော့ အသုံးပြုသူတစ်ဉီးတစ်ယောက်ချင်းစီရဲ့ ခံယူချက်နဲ့ အသုံးပြုပုံပေါ်မူတည်ပြီး အကောင်းအဆိုးတွေဖြစ်ပေါ်လာခြင်းပါ။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ Facebook ကို Over Evaluated ဖြစ်ပြီး Facebook ကို ကမ္ဘာတစ်ခုလိုထင်နေတဲ့ လူတစ်ချို့ရှိနေတာမြင်ရတော့ စိတ်မကောင်းဖြစ်မိတာအမှန်ပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် Network တွေကောင်းမွန်လာတာနဲ့အမျှ Internet နဲ့ Facebook အသုံးပြုသူဉီးရေများပြားလာတာလည်း ကောင်းတဲ့ လက္ခဏာတစ်ရပ်ပါ။

 

Online Marketing အပေါ်ယုံကြည်ချက်ရှိတဲ့ စီးပွားရေးလုပ်ငန်းများကတော့ လက်ရှိဖွံ့ဖြိုးစအခြေအနေကို အခွင့်ကောင်းယူပြီး သူ့ထက်ငါအပြိုင်အဆိုင် Facebook Advertising တွေလုပ်နေကြပါပြီ။ Facebook Advertising ဆိုတာဘာလဲဆိုတဲ့ မေးခွန်းကို နားလည်လွယ်အောင်ဖြေရမယ်ဆိုရင်တော့ Facebook ပေါ်ကနေကိုယ့်ရဲ့ ကုန်ပစ္စည်း ဒါမှမဟုတ် ကိုယ့်ရဲ့ Service ကို ကြော်ငြာခြင်းမျိုးပါ။

 

သတင်းစာတွေ၊ ဂျာနယ်တွေ၊ Billboard တွေမှာကြော်ငြာတာဟာ လက်တွေ့မှာထိရောက်မှုရှိနေသေးပေမယ့်လည်း လျင်လျင်မြန်မြန်ထိုးဖောက်နိုင်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုပမာနမှာတော့ Facebook Advertising ကိုမမီပါဘူး။ Facebook အသုံးပြုသူအများစုဟာ လူငယ်တွေဖြစ်တာကြောင့် Branding လုပ်တဲ့အပိုင်းနဲ့ Information Sharing လုပ်တဲ့အပိုင်းမှာ အလွန်ထိရောက်မှုရှိပါတယ်။ ဒါကြောင့်မို့လည်း Business တစ်ခုအတွက် Facebook Advertising ဟာ မရှိမဖြစ်လိုအပ်တဲ့ Marketing Tool တစ်ခုဖြစ်နေခြင်း ဖြစ်ပါတယ်။"

 

 

Source;Digital Laboratory Myanmar

Read times
Rate this item
(2 votes)