-->
×

Warning

JUser: :_load: Unable to load user with ID: 29


Social Media မှာသင့်ရဲ့ Brand အောင်မြင်မှုရရှိအောင် ဘယ်လိုကြော်ငြာမလဲ...

Social Media မှာသင့်ရဲ့ Brand အောင်မြင်မှုရရှိအောင် ဘယ်လိုကြော်ငြာမလဲ... google


ယနေ့ခေတ် Marketing Strategy တွေမှာ Social Media Marketing က မပါရင်မဖြစ်တော့ပါဘူး။

အခုဝေမျှပေးမယ့် အကြောင်းအရာကတော့ Social Media မှာ သင့်ရဲ့ Brand ကို ချပြတဲ့နေရာမှာ Promotion ဘယ်လိုလုပ်သင့်တယ်ဆိုတဲ့ အကြောင်းကိုဝေမျှပေးမှာပါ။သင့်ရဲ့ Brand ကို potential customers တွေဆီိချပြဖို့ အဆင်သင့်ဖြစ်ပြီဆိုရင်တော့ သင့် Brand ရဲ့အောင်မြင်မှုကို အရှိန်မြှင့်ဖို့ Social Media မှာ Promotion တွေလုပ်ဖို့လိုလာပါပြီ။ သင့်ရဲ့ ဝယ်သူအသိုင်းအဝိုင်းကိုချဲ့ထွင်ပေးလိုက်ရုံသာမကပဲ သင့်ရဲ့ အောင်မြင်မှုအတွက် အထောက်အကူဖြစ်စေမှာပါ။ ဒီအကြံပြုချက် ၄ ခုကို လိုက်နာလုပ်ဆောင်ကြည့်လိုက်ပါ။


၁။ ပြင်ဆင်၊ အစီအစဉ်ဆွဲ၊ ဆောင်ရွက်၊ ထပ်လုပ်

သင့်ရဲ့ Brand ကိုအောင်မြင်အောင်ဘယ်လို မြှင့်တင်မလဲဆိုတာ အရင်ဆုံး အစီအစဉ်ဆွဲပါ။ သင့်ရဲ့ အတူမရှိတဲ့ Brand၊ တခြား Brand တွေမှာ မရနိုင်တဲ့အရာတွေ၊ သင့်ရဲ့ Customer တွေကို အကြိုက်တွေ့သွားစေမယ့် အရာတွေကို အခြေခံစဉ်းစားပြီးတော့ အစီအစဉ်ချပါ။ သင့်ရဲ့ Promotion ကို အစီအစဉ်ဆွဲပြီးတာနဲ့ ချက်ချင်း ချပြပြီး အဆင်ပြေပါစေလို့ ထိုင်ဆုတောင်းနေတာထက် အစမ်းသဘောမျိုးကို အရင်ပြုလုပ်ပြီး အဆင်ပြေနိုင်တယ်ဆိုမှ ဆက်လုပ်သင့်ပါတယ်။


၂။သင့်ရဲ့ Brand ဟာ တခြားသူတွေနဲ့ ကွဲထွက်နေဖို့လိုပါတယ်။

ဘာတွေခေတ်စားနေတယ်ဆိုတာကို ကြည့်ပြီး ဘယ်လိုကြော်ငြာမယ်ဆိုတာကို ကြိုစဉ်းစားထားပါ။ သင့်ရဲ့ Brandမှာ ပါတဲ့ အကြောင်းအရာတွေကို ပြန်လည်ဝေမျှပါ။သင့်လုပ်ငန်းနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ၊ အကျိုးရှိစေမယ့်အရာတွေကို Social Media မှာ ပြန်လည်ဝေမျှပါ။ ဥာဏ်စမ်းမေးခွန်းမေးခြင်း၊ ဂိမ်းအစီအစဉ်တွေပြုလုပ်ပေးခြင်း၊ Poll တွေပြုလုပ်ပေးခြင်းတွေကို အသုံးပြုပြီးတော့ Customer တွေကို သင့်ရဲ့ Page ကို အမြဲထိတွေ့နေပါစေ။


၃။ အရည်အသွေး၊ အရေအတွက် နဲ့ မေးခွန်းတစ်ခု

Promotion လုပ်ဖို့အတွက် အရည်အသွေးပြည့်မှီတဲ့ ပစ္စည်းတွေကိုပဲ သုံးဖြစ်အောင်ဂရုစိုက်ပါ။ လောလောလတ်လတ် ခေတ်စားနေတဲ့ အကြောင်းအရာတွေကို အသုံးချတတ်ပါစေ။ ဒါပေမဲ့ သင့် Promotion အတွက် Share ထားတာတွေကိုတော့ အရမ်းကြီးမများပါစေနဲ့။ တစ်ချိန်ထဲမှာ ပြည့်ကြပ်သွားပြီးတော့ နောက်ထပ်အကြောင်းအရာတွေနဲ့ ဝေးကွာမသွားမိစေဖို့ သတိပြူပါ။ ဘယ် Social Media ပေါ်မှာ ကြော်ငြာတာက သင့် Product အတွက် ပိုပြီးအဆင်ပြေနိုင်မယ်မလဲဆိုတဲ့ မေးခွန်းကိုဖြေကြည့်ပြီးတော့ အဲဒီ တစ်ခုကိုပဲ ပိုအားစိုက်လုပ်ပါ။ တစ်ချိန်ထဲမှာ နေရာတိုင်းကို ဂရုစိုက်ဖို့ဆိုတာ အဆင်မပြေနိုင်ပါဘူး။ အဆင်အပြေဆုံးတစ်ခုမှာ အာရုံစိုက်လုပ်ပြီးမှ တခြားအပိုင်းတွေကို တဖြည်းဖြည်းညှိယူသွားပါ။


၎။သင့်ရဲ့ Brand နဲ့ သင့်ရဲ့အသိုင်းအဝိုင်း

သင့်ရဲ့ Profile နဲ့ သင့်ရဲ့ လုပ်ဆောင်ချက်တွေကလည်း သင့် Brand ပေါ်မှာ ထင်ဟပ်နေပါစေ။ သင့် Page က Post တွေမှာ သင့် Brand ကိုစိတ်ဝင်စားမယ့်သူတွေ အကြိုက်တွေ့စေမယ့် ခေါင်းစဉ်မျိုးကို သေချာစဉ်းစားပြီး နာမည်ပေးပါ။ စာလုံးပုံစံ စာလုံးအရောင်တွေကို ထူးခြားအောင်ပြုလုပ်ပြီးလည်း ဆွဲဆောင်နိုင်ပါသေးတယ်။ သင် Share ထားတာတွေက စိတ်ဝင်စားစရာကောင်းပြီး အကျိုးရှိစေမယ့် အရာတွေဖြစ်နေမယ်ဆိုရင် သင့် Brand ကို စိတ်ဝင်စားသူတွေများလာမှာပါ။ သူတို့ကို သင်နဲ့နီးကပ်သလိုခံစားရနေပါစေ။ သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေအကြောင်းကိုလည်း ဖွင့်ချပြပြီး သင်နဲ့ သင့်လုပ်ဖော်ကိုင်ဖက်တွေကို ဆက်သွယ်နိုင်အောင် ဖန်တီးပေးပါ။


Source; Myanmar Online Entrepreneur - MOE

Read times
Rate this item
(1 Vote)