-->
×

Warning

JUser: :_load: Unable to load user with ID: 29


Digital Marketing ကပေးတဲ့ အကျိုးကျေးဇူးများ

Digital Marketing ကပေးတဲ့ အကျိုးကျေးဇူးများ google

Digital ဆိုတာ Electronic technology ကိုအသုံးချပြီး အရာရာကို ချိတ်ဆက်ပေးတဲ့ System ပါ။

ယနေ့ခေတ် Social Media တွေကို အသုံးပြုပြီး ကြော်ငြာခြင်းဟာလည်း Digital Marketing ပါပဲ။ မိနစ်ပိုင်း၊ စက္ကန့်ပိုင်းအတွင်းမှာ သင်လွှင့်တင်လိုက်တဲ့ ကြော်ငြာတစ်ခုခုကို ကမ္ဘာရဲ့ ဘယ်နေရာကမဆို ချက်ချင်းသိရှိ နိုင်တာမျိုးပါ။ အခု Digital Marketing ကပေးတဲ့ အကျိုးကျေးဇူး (၃) ခုကို ဖော်ပြပေးချင်ပါတယ်။


၁။ See

သင်ရောင်းချလိုတဲ့ product ရဲ့ ကြော်ငြာဟာ အဲဒီ Product ကိုလိုအပ်နေတဲ့ အသိုင်းအ၀ိုင်းဆီ အချိန်တိုအတွင်း ရောက်သွားနိုင်ပြီး အလွယ်တကူမြင် တွေ့နိုင်ပါတယ်။ ဒါဟာ See ပါပဲ ။ Facebook ကို ငွေကြေးပေးချေပြီး Sponsored နဲ့ Post တင်ခြင်းဟာ တော်တော့်ကို ထိရောက်ပါတယ်။ Acc ပိုင်ရှင်တွေရဲ့ personal Data တွေနဲ့ စိစစ်ပြီး ကိုယ် Taget ထား ကြော်ငြာချင်တဲ့လူတွေရဲ့ အကောင့်တွေဆီ ကိုယ့်ကြော်ငြာရောက်သွားနိုင်တဲ့ Option မျိုး FB က ဖန်တီးထားပါတယ်။

 

၂။ Call

ဒုတိယအချက် Call ဆိုတာကတော့ ရှင်းပါတယ်။ သင့်ကို ဘယ်သူမှန်းမသိဘဲ ဘယ်လိုခေါ်ရပါမလဲ။ see ဖြစ်မှ Call ဖြစ်မှပါ။ သင့်ကြော်ငြာကိုကြည့်ပြီး အသေးစိတ် အချက်အလက်တွေကို ထပ်မံစုံစမ်းဖို့ သင့်ဆီဆက်သွယ်ပြီ ဆိုရင်တော့ အောင်မြင်တဲ့ အရောင်းတစ်ခုဖြစ်ဖို့နီးစပ်လာပါပြီ။ ကြော်ငြာတစ်ခုရဲ့ ရယ်ရွယ်ချက်က ရောင်းချဖို့ မဟုတ်ပါဘူး။ စိတ်ဝင်စားဖို့ပါ။ သင့်ကြော်ငြာကနေ စိတ်ဝင်စားမှုကို ရိုးရိုးရှင်းရှင်းနဲ့ ရယူပြီး သင့်ဆီ ခေါ်ယူစုံစမ်းမေးမြန်းမယ့် Call တွေကို အကောင်းဆုံးနဲ့ စိတ်ရှည်လက်ရှည်ဖြေကြားဖို့ စောင့်နေလိုက်ပါ။

 

၃။Buy

See နဲ့ Call ကိုဖြတ်ပြီးရင်တော့ သင့်ရဲ့ဈေးနှုန်းနဲ့ဝန်ဆောင်မှု ဟာ Customer နဲ့ အဆင်ပြေပြီဆို Buy ကိုရောက်ပါပြီ။


ပထမဆုံး သင့်ကြော်ငြာကိုတွေ့မယ် ( See )၊ စိတ်ဝင်စားတယ်ဆို အသေးစိတ်အချက်အလက်တွေ ထပ်မံ စုံစမ်းဖို့ဆက်သွယ်မယ် ( Call )၊ အဆင်ပြေတယ် စိတ်တိုင်းကျတယ်ဆို ၀ယ်ယူမယ် ( buy )
ဒါပါပဲ။ See နဲ့ Call မရှိပဲနဲ့တော့ Buy ဆိုတာ ဖြစ်မလာပါဘူး။ ဒါဟာ အတိုဆုံးနဲ့အရိုးရှင်းဆုံး Digital Marketing ကပေးတဲ့ အကျိုးကျေးဇူးတွေပါပဲ။

 


Source; Myanmar Digital Power

Myanmar Advertising Directory

Read times
Rate this item
(2 votes)