-->
×

Warning

JUser: :_load: Unable to load user with ID: 29


Email marketing အတွက် ဆောင်ရန်ရှောင်ရန် အချက်များ

Email marketing အတွက် ဆောင်ရန်ရှောင်ရန် အချက်များ google

ယခုဖော်ပြပေးမဲ့ အကြောင်းအရာကတော့ Digital Marketing နယ်ပယ်ထဲမှာ ပါဝင်တဲ့ Online Marketing တစ်ခုဖြစ်တဲ့ Email Marketing အကြောင်းပဲဖြစ်ပါတယ်။

Email Marketing ကိုလူတိုင်းသိကြပြီး ROI marketing channel တွေထဲမှာ အသုံးပြုမှုများတဲ့ Marketing နည်းလမ်း တစ်ခုလဲဖြစ်ပါတယ်။ သင့်ရဲ့လုပ်ငန်း အောင်မြင်အောင် ပြုလုပ်ဖို့လိုအပ်တဲ့ နည်းလမ်းတစ်ခု လဲဖြစ်ပါတယ်။ ဒါကြောင့်ဘယ်လို Email Strategy တွေဟာ သင့်အတွက် ပိုမိုထိရောက်လဲ ဆိုတာနဲ့ Email marketing အတွက် ဆောင်ရန်ရှောင်ရန် အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

Email တစ်ဆောင်ဟာ တိုတိုနှင့်ပြေပြစ်ပြီး လိုရင်းရောက်တဲ့ Email မျိုးဖြစ်ရပါမယ်။ သင်ပို့လိုက်တဲ့ Email ကိုလက်ခံရရှိသူဟာကြည့်လိုက်တာနဲ့ လွယ်လွယ်ကူကူ ဖတ်ရတာလွယ်တာမျိုး ဖြစ်အောင်ရေးသား တတ်ရပါမယ်။ သင့်ရဲ့ Email ကိုမြင်တာနဲ့ ဖတ်ရှုချင်စိတ်ရှိအောင် ရေးသားတတ်ရပါမယ်။

 

၅၀% သော ဖုန်းအသုံးပြုသူတွေဟာ သူတို့ရဲ့ Email တွေ ကိုဖုန်းပေါ်မှာပဲ ဖတ်ရှုကြပါတယ်။ ဒါကြောင့်သင့်ရဲ့ Email ဟာ ဖုန်းအသုံးပြုသူတွေရဲ့ အမြင်မှာ အဆင်ပြေတာမျိုးဖြစ်ရပါမယ်။ သင်ပေးပို့တဲ့ Email မှာပါတဲ့ Links တွေဟာ အရမ်းကြီး ရှုပ်ထွေးများပြားနေတာမျိုးဖြစ်နေရင် Click လုပ်ရတာခက်ခဲတဲ့အပြင် Email လက်ခံရရှိသူရဲ့စိတ်ကိုရှုပ်ထွေးစေပြီး အဆင်မပြေဖြစ်တတ်ပါတယ်။ Image တွေပို့ရာမှာလဲသတိထားသင့်ပါတယ်။

 

Email ပေးပို့တဲ့အခါမှာ သင့်ရဲ့လုပ်ငန်းနာမည်ကို ပေးပို့သူနေရာမှာ အမြဲသေချာတူညီစွာ ရေးသားသင့်ပြီး တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲတာ အလွယ်ရေးသားတာမျိုးတွေ မလုပ်သင့်ပါဘူး။ အကယ်၍ Email လက်ခံရတဲ့သူဟာ သင့်ရဲ့လုပ်ငန်းနဲ့ဆိုင်တဲ့ Email ကို သူတို့ရဲ့ Inbox မှာမြင်တွေ့နေရတာ သင့်ရဲ့လုပ်ငန်းအပေါ် အထင်အမြင် သေးနိုင်ပါတယ်။ သင့်ရဲ့ Customer နဲ့ယုံကြည်မှုရှိတဲ့ ဆက်နွှယ်မှုရရှိစေရန် သင့်ရဲ့လုပ်ငန်းလိပ်စာ နဲ့ Information ကို သေချာရေးသားပြီး အမြဲဖော်ပြသင့်ပါတယ်။

 

Quality Over Quantity ဆိုတာဟာ Email Marketing မှာလက်ကိုင်ထားရမယ့် ဆိုရိုးပါ။ သင့်ရဲ့ပေးပို့ရမယ့် Email List မှာ လူအများအပြားဆီကို ပို့တာထက် သင်ရဲ့လုပ်ငန်းနဲ့သင့်လျော်မဲ့ Customer တွေဆီပေး ပို့တာဟာ ပိုထိရောက်ပါတယ်။

 

Source; SEOMyanmar

Myanmar Advertising Directory

Read times
Rate this item
(0 votes)