-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့်လုပ်ငန်းအတွက် Website တစ်ခုမှ ပေးစွမ်းနိုင်တဲ့ အားသာချက်များ

သင့်လုပ်ငန်းအတွက် Website တစ်ခုမှ ပေးစွမ်းနိုင်တဲ့ အားသာချက်များ google

အင်တာနက်မှတစ်ဆင့် Website တစ်ခုဆီကို ဘယ်လို အကြောင်းတွေကြောင့် ရောက်ရှိနေတတ်ပါသလဲ။

အခြေခံအားဖြင့်ကတော့ Informations တွေအတွက်ပါ။ စီးပွားရေးလောကမှာ ကျင်လည်နေသူတွေအတွက် အချက်အလက်တွေက အရမ်းအရေးကြီးပါတယ်။ သင့်ရဲ့ Customers တွေအတွက် Value တစ်ခုအနေနဲ့ Website လိုအပ်ပါတယ်။ သင်နဲ့ Customers တွေအပေါ် ဘယ်လောက် အလေးထားသလဲကို Website မှတစ်ဆင့် ထုတ်ဖော်ပြသနိုင်ပါတယ်။ အောက်မှာ စီးပွားရေးလုပ်ငန်းတိုင်းအတွက် Website တစ်ခု၏ အခြေခံ အားသာချက် ၁၂ ချက်ကို ဖော်ပြပေးထားပါတယ်။


၁။ အကုန်အကျသက်သာခြင်း

သင်ရဲ့ လုပ်ငန်းကို သတင်းစာ၊ ဂျာနယ်၊ ရေဒီယို နဲ့ တခြားနည်းလမ်း တစ်ခုခုကနေ ကြော်ငြာလေ့ရှိပါသလား။ ကြော်ငြာမှုတိုင်းက အကျိုးမယုတ်ပါဘူး။ သို့ပေမယ့် ဒါက စရိတ်ထောင်းပါတယ်။ ပြီးတော့ တိုတောင်းလှတဲ့ အချိန်ကာလ တစ်ခုအတွက်ပဲ အဆင်ပြေပါလိမ့်မယ်။ Website တစ်ခုရှိနေခြင်းကတော့ ရေရှည်ဖြစ်တဲ့အတွက် မိတ်ဆွေအတွက် အကုန်အကျအများကြီး သက်သာစေပါတယ်။


၂။ ကြော်ငြာနိုင်ခြင်း

သင့်လုပ်ငန်းကို Website ကနေမှ တစ်ဆင့် ကြော်ငြာတဲ့အခါ၊ Marketing ပြုလုပ်တဲ့အခါ Public နဲ့ ပိုမို ရင်းနှီးကျွမ်းဝင်လာပါတယ်။ Website ရှိပြီးသား ကုမ္ပဏီတစ်ခုရဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို အင်တာနက်မှတစ်ဆင့် နည်းလမ်းပေါင်းများစွာနဲ့ ကြော်ငြာနိုင်ပါတယ်။ Website တစ်ခုအတွက် အရေးကြီးဆုံးကတော့ SEO ပါ။ SEO ကောင်းမွန်တဲ့ Website တစ်ခုဟာ သင့်ရဲ့ လုပ်ငန်းကို အရောင်းတိုးမြှင့်ပေးနိုင်ပြီး အကျိုးအမြတ်ကောင်းကောင်း ထွက်စေပါတယ်။ ဒါကသင့်ရဲ့ လုပ်ငန်းအတွက် အဓိက အားသာချက်ဆိုရင်လည်း မမှားပါဘူး။


၃။ ဖောက်သည်များ စိတ်ကျေနပ်ခြင်း

သင့် Website ဟာ Customers တွေအတွက် အများကြီး လွယ်ကူ အဆင်ပြေစေပါတယ်။ သင့်ရဲ့ ရုံးခန်းကို တကူးတက လာရောက်ပြီး ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို ရွေးချယ်ရတာထက် Website မှာတင် ဆုံးဖြတ်ဝယ်ယူနိုင်တာကို သူတို့ အမှန်တကယ် နှစ်ခြိုက်ကြပါတယ်။ သိချင်တာတွေအတွက် ဖုန်းဆက်နေစရာ မလိုအပ်ပါဘူး။ သူတို့ လိုချင်တဲ့ အရာကို သင့် Website ပေါ်မှာတင် သာသာယာယာလေး စိတ်ကျေနပ်မှုရှိစွာ ဝယ်ယူနိုင်ပါပြီ။

Read More...Website Design ပြုလုပ်ရာမှာ ဂရုစိုက်သင့်တဲ့ အမှားများ

၎။ Customers ဦးရေတိုးပွားလာခြင်း

သင့်လုပ်ငန်းအပါအဝင် စီးပွားရေးလုပ်ငန်း အတော်များများမှာ ရင်းနှီးပြီးသား နီးစပ်ရာ ဖောက်သည်တွေ ရှိကြပါတယ်။ သင့်မှာ Website ရှိမယ်ဆိုရင် ဒီလောက်နဲ့ တင်းတိမ်နေစရာ မလိုအပ်တော့ပါဘူး။ မကျွမ်းဝင်သေးတဲ့ ဖောက်သည် အသစ်တွေပါ အများကြီး ရလာနိုင်ပါတယ်။ Website တစ်ခုဟာ Customers ဦးရေ တိုးပွားလာအောင် ဆွဲခေါ်နိုင်ပါတယ်။ ပြည်တွင်းတင် မကသေးပါဘူး။ ပြည်ပ ကမ္ဘာတစ်ဝှမ်းက ဖောက်သည်တွေကိုပါ သင့်ရဲ့ Website မှတဆင့် ထိတွေ့နိုင်ပါတယ်။ Website တစ်ခုရှိခြင်းအားဖြင့် သင့်လုပ်ငန်းကို ကမ္ဘာအနှံ့ ကျယ်ကျယ်ပြန့်ပြန့် ချဲ့ထွင်နိုင်ပါတယ်။


၅။ အဆင်ပြေလွယ်ကူခြင်း

သင့်ရဲ့ဖောက်သည်တွေကို ၂၄နာရီလုံး ဝန်ဆောင်မှု အပြည့်အဝ ပေးချင်ပါသလား။ Website တစ်ခုရှိရင် ဒါကို သင်လုပ်ပေးနိုင်ပါပြီ။ Customers တွေအနေနဲ့ သင့် Website ကို နေ့ညမရွေး ဝင်ရောက်ကြည့်ရှူနိုင်ပါတယ်။ ဒါကြောင့် Website ကောင်းတစ်ခုဟာ သင့်အတွက် နားရက်မယူတဲ့ Marketing သမားတစ်ယောက်လိုမျိုးလည်း အကျိုးပြုပေးပါတယ်။ သင့်ရဲ့လုပ်ငန်းနဲ့ ပတ်သက်ပြီး ဝန်ဆောင်မှုတွေအကြောင်း ပြည့်ပြည့်စုံစုံ သိရှိနိုင်တဲ့အတွက် ဝယ်ယူသူတွေအတွက်လည်း အများကြီး အဆင်ပြေလွယ်ကူပါတယ်။


၆။ အချက်အလက်များ ရယူသိရှိနိုင်ခြင်း

Website တစ်ခုရှိနေမယ်ဆိုရင် သင့်အနေနဲ့ လုပ်ငန်းတိုးတက်လာမှုကို မျက်ခြေမပြတ် စောင့်ကြည့်နေနိုင်ပါတယ်။ သင့်ရဲ့ Website ကို လူဘယ်နှစ်ယောက်အထိ ဝင်ရောက်ကြည့်ရှူပြီး Message နဲ့ Email တွေ ပို့သလဲ။ တစ်ပတ်ပြီး တစ်ပတ် Traffic ဘယ်လောက်များများ တက်လာသလဲ။ ဖောက်သည်အများစုကတော့ ဘယ်လို Product မျိုးကို ပိုပြီး အကြိုက်တွေ့သလဲ။ ဘယ်လို ဝန်ဆောင်မှုမျိုးကတော့ သူတို့နဲ့ ပိုပြီး သင့်တော်မလဲ။ ဒါကို အမြဲတမ်း ရယူသိရှိနိုင်ပြီး လုပ်ငန်းအတွက် အားသာချက်အဖြစ် ပြောင်းလဲအသုံးချနိုင်ပါတယ်။


၇။ သစ်လွင်နေခြင်း

Customers တွေနဲ့ အမြဲတမ်း ထိတွေ့နိုင်စေဖို့ သင့်အနေနဲ့ Website မှတဆင့် Content တွေကို စဉ်ဆက်မပြတ် ရေးသားနေနိုင်ပါတယ်။ နွေးထွေးတဲ့ Content တွေနဲ့ Website တစ်ခုဟာ ဆွဲဆောင်မှုရှိစွာနဲ့ ဖောက်သည်တွေအတွက် အမြဲတမ်း သစ်လွင်နေပါတယ်။


၈။ Links

သင့်လုပ်ငန်းကို Marketing ပြုလုပ်နိုင်ဖို့ Links တွေက အရေးပါပါတယ်။ တကယ်လို့ သူများ sites တွေမှာ သင့် Website ဆီ ရောက်ရှိနိုင်တဲ့ Links တွေထည့်ပေးထားမယ်ဆိုရင် Traffic ပိုမို တက်မယ့်အပြင် လုပ်ငန်းလည်း လူသိများလာပါမယ်။ မိတ်ဆွေရဲ့ Website မှာ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေနဲ့ ပတ်သတ်ပြီး အချက်အလက်တွေ ပြည့်စုံတဲ့ Content တွေ ကောင်းကောင်းရှိမယ်ဆိုရင် သူများတွေရဲ့ Website မှာပါ ကြော်ငြာနိုင်ပါတယ်။ ဒီလို ကြော်ငြာခြင်းဖြင့် သင့်လုပ်ငန်းက Customers တွေအကြား ပိုပြီး တန်ဖိုးမြင့်လာပါတယ်။


၉။ ပိုမိုကောင်းမွန်သော ဆက်ဆံရေး

Website တစ်ခုဟာ သင်နဲ့ Customers တွေအကြားမှာ ခိုင်မာတဲ့ ယုံကြည်မှုကို တည်ဆောက်ပေးပြီး ရေရှည်တည်မြဲတဲ့ ဆက်ဆံရေးတစ်ခုကို ရရှိစေပါတယ်။ သင့်အနေနဲ့ ဖောက်သည်တွေဆီကို Email မှတဆင့် Message တွေ တိုက်ရိုက်ပေးပို့နိုင်ပါတယ်။ Website မှ တဆင့် တိုက်ရိုက် ဝယ်ယူသူတွေအနေနဲ့လည်း သင့်လုပ်ငန်းအပေါ် Feedback တွေပေးခဲ့နိုင်ပါတယ်။ ဒီနည်းလမ်းအားဖြင့် သင်နဲ့ Customers တွေအကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို ရေရှည် ထိန်းသိမ်းထားနိုင်ပါတယ်။ ဖောက်သည်တွေအတွက် အထူးအစီအစဉ်တွေကို Website မှာတင် ဖော်ပြရုံမကဘဲ Email နဲ့ပါ ပေးပို့ပေးခြင်းဖြင့် သင့်ရဲ့အလေးထားမှုကို ပြသနိုင်ပါတယ်။

 Read More...ကုန်အမှတ်တံဆိပ် အကြောင်းသိကောင်းစရာ


၁၀။ ရောင်းအားကောင်းလာခြင်း

သင့်လုပ်ငန်းအတွက် Website ရှိခြင်းအားဖြင့် ပိုမို များပြားတဲ့ Customers တွေဆီကနေ မထင်မှတ်ထားတဲ့ ရောင်းအားတွေ ရရှိလာနိုင်ပါတယ်။ ဒီနည်းအားဖြင့် Website တစ်ခုဟာ စီးပွားရေးလုပ်ငန်း တစ်ခုကိုလက်တွေ့ကျကျ ကူညီနိုင်ပါတယ်။ မိတ်ဆွေရဲ့လုပ်ငန်းနဲ့ ပတ်သတ်ပြီး Content တွေကို အမြဲ Update လုပ်နေခြင်းဖြင့် Traffic ပိုမိုတက်ကာ ရောင်းအားကောင်းလာမှာ ဖြစ်ပါတယ်။ လုပ်ငန်းနဲ့ ပတ်သတ်ပြီး Informations ပြည့်စုံလေလေ Customers တွေ အကြိုက်တွေ့လေပါပဲ။


၁၁။ အခွင့်အလမ်းများ

သင်ရဲ့ Website ဟာ သင်ပိုင်ဆိုင်တဲ့ လုပ်ငန်းအတွက် Image တစ်ခုပါ ခင်ဗျာ။ Website ရှိနေခြင်းက သင့်အပေါ်မှာ ထားရှိအပ်တဲ့ ယုံကြည်မှုကို အပြည့်အဝရရှိနိုင်အောင် အာမခံထားခြင်းပါပဲ။ သင့်လုပ်ငန်းဟာ ယုံကြည်မှုနဲ့ ထိုက်တန်ကြောင်း Customers တွေကို တိုက်ရိုက်ပြောပြနိုင်ဖို့ Website က ကူညီပေးပါတယ်။ Website တစ်ခုဟာ သင့်ရဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေအတွက် ကောင်းမွန်တဲ့ Feedback တွေကို ရရှိစေပါတယ်။ သင့်လုပ်ငန်းက ဘာလဲဆိုတာနဲ့ အနာဂတ်မှာ ဘယ်လိုမျိုးတွေ ဆောင်ရွက်မယ်ဆိုတာကိုပါ အလားအလာရှိတဲ့ ရင်းနှီးမြှုပ်နှံသူတွေအတွက် Website မှတဆင့် ဖော်ပြနိုင်ပါတယ်။


၁၂။ ရေရှည်ဖောက်သည်များ

ဖောက်သည် နဲ့ ဝယ်ယူသူ ဆိုတဲ့ အသုံးအနှုန်းနှစ်ခုရဲ့ ကွာခြားချက်ကို သင်နားလည်လောက်ပါတယ်။ ဝယ်ယူသူတွေဆိုတာ ဆိုင်ကို လမ်းကြုံလို့ ဝင်လာ၊ ဝယ်ယူပြီး ပြန်ထွက်သွားရုံ ပုဂ္ဂိုလ်တွေပါ။ ဖောက်သည်ဆိုတာကတော့ သင့်ရဲ့ လုပ်ငန်းနဲ့ ပုံမှန်ထိတွေ့နေသူတွေပါ။ သင့်လုပ်ငန်း ရေရှည်ရပ်တည်နိုင်ဖို့ ဖောက်သည်တွေ အများကြီးလိုအပ်ပါတယ်။ Website တစ်ခုရှိခြင်းအားဖြင့် ဖောက်သည်တွေနဲ့ အမြဲတမ်း ထိတွေ့နေနိုင်ပြီး သာမန်ဝယ်ယူတွေကိုပါ ဖောက်သည်အဖြစ် ပြောင်းလဲနိုင်ပါတယ်။ ရေရှည်ဖောက်သည်တွေ များများရလာလေလေ သင့်လုပ်ငန်း ပိုမို တွင်ကျယ်လာလေပါပဲ။

Source; DigitalAge

Myanmar Advertising Directory

Read times
Rate this item
(1 Vote)