-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဝက်ဆိုဒ် Speed နှေးခြင်းက Social Media Marketing ကို ထိခိုက်စေနိုင်

ဝက်ဆိုဒ် Speed နှေးခြင်းက Social Media Marketing ကို ထိခိုက်စေနိုင် google

Digital ခေတ်ကြီးထဲမှာ လုပ်ငန်းလုပ်ကိုင်နေပြီ ဆိုရင်တော့ Website တစ်ခုတော့အနည်းဆုံး တည်ဆောက်ပြီး အလုပ်လုပ်ကြပါတယ်။

လုပ်ငန်းအတွက် ပိုမိုထိရောက်တဲ့ ရလဒ်တွေရဖို့ဆိုရင် Social Media Marketing နဲ့ပါ တွဲဖက်ပြီး Business Run ကြပါတယ်။ သင့်ရဲ့ လုပ်ငန်းနဲ့ ပတ်သက်တဲ့ Content တွေကို Social Media ပေါ်မှာ တင်ထားပြီး User တွေ Click လုပ်လိုက်တဲ့ အချိန်မှ Website ထဲကို ရောက်သွားအောင် ပြုလုပ်ထားပါ။ Website ကိုသွားနေတဲ့ Speed က ကြာနေမယ်ဆိုရင်တော့ User တွေ သင့်လုပ်ငန်းကို ကျော်သွားပါလိမ့်မယ်။ ဒါကြောင့် Website Speed က သင့် Social Media Marketing ကို ထိခိုက်လာနိုင်စေမဲ့ အကြောင်းပြချက်တွေကို ဖော်ပြပေးပါမယ်။

 

၁။ ၈၅% သော Landing Page တွေဟာ Google’s Recommendations ထက် ၅ စက္ကန့်ပိုကြာနေခြင်း

၂။ Mobile Device တွေမှာ Website တစ်ခု Loading Time က ပျှမ်းမျှအားဖြင့် ၁၅ စက္ကန့် ဖြစ်နေခြင်း

၃။ လေ့လာတွေ့ရှိချက်အရ သင့်ရဲ့ Website ကိုလာရောက်ကြည့်ရှုတဲ့ Visitor တွေရဲ့ တစ်ဝက်ဟာ Loading Time Speed ၃ စက္ကန့်ထက်ပိုကြာနေရင် သင့် Website ကိုကျော်သွားခြင်း

၎။ ၇၅%သော Online Shopper တွေရဲ့ ပြောကြားချက်အရ Customer တွေဟာ သူတို့လိုချင်တဲ့ Product ကို ကြည့်ရှုဖို့ အတွက် ၄ စက္ကန့်ထက်ကြာနေရင် သင့် Website နဲ့ Social Media Marketing ကို ကျော်သွားခြင်း

Read More...Push vs Pull Strategy က ဘယ်လုပ်ငန်းတွေနဲ့ သင့်တော်လဲ ?

 

အထက်ပါ အချက်တွေကို ခြုံငုံသုံးသပ်ကြည့်လိုက်တော့ User အများစုဟာ Website Loading Speed နှေးတာကို မကြိုက်ကြပါဘူး။ သင့် Social Media Marketing နဲ့ ချိတ်ဆက်ထားတဲ့ Link ကို Click လိုက်တဲ့ အချိန်မှာ User တစ်ယောက်ဟာသင့်ရဲ့ Website ထဲကိုဝင်လိုက်တာနဲ့ ချက်ချင်း Website Layout ပေါ်လာရင်တော့ စိတ်ကျေနပ်မှုဖြစ်ပြီး သင့်ရဲ့ Website မှာ သူလိုချင်တဲ့ အကြောင်းအရာတစ်ခုခုကို ကြည့်ရှုသွားမှာဖြစ်ပါတယ်။ သင့် Website Time Load Speed ဟာနှေးနေမယ် ဆိုရင်တော့ စိတ်မရှည်တဲ့ User ဆိုရင်အခြား လုပ်ငန်းရဲ့ Website ဆီကိုထွက်သွားမှာဖြစ်ပါ။

ဒါကြောင့် Website Speed ဟာသင့်ရဲ့ Social Media Marketing အပေါ်မှာ အနည်းနဲ့ အများ သက်ရောက်မှု ရှိတဲ့ အတွက်ကြောင့် ဒီအချက်တွေကို သတိထားသင့်ပါတယ်။

 

Source; SEOMyanmar

Myanmar Advertising Directory

Read times
Rate this item
(1 Vote)